Tuesday 17 November 2015

ဟုမ္မလင်းမြို့အနီးတွင် ငလျင်လှုပ်ခတ်

ဟုမ္မလင်းမြို့ကို ဂူးဂဲလ်မြေပုံ၌ တွေ့ရစဉ် (Google Maps)
ဟုမ္မလင်းမြို့အနီးတွင် နိုဝင်ဘာ ၁၆ ရက် နံနက်က အင် အားရစ်ခ်ျတာစကေး ၄ ဒသမ ၄ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်ပြီး ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သတင်းရရှိသည်။

နိုဝင်ဘာ ၁၆ ရက် နံနက် ၅ နာရီ ၄၅ မိနစ်တွင် ဟုမ္မလင်းမြို့၏ အနောက်တောင်ဘက် ၂၄ မိုင်ခန့် အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခြင်းဖြစ်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင် ဌာနခွဲက သတင်းထုတ်ပြန်သည်။

ငလျင်လှုပ်ချိန်မှာ သုံးစက္ကန့် စီဖြင့် စက္ကန့်ပိုင်းအတွင်း နှစ်ကြိမ် လှုပ်ခတ်သွားကာ သိသိသာသာလှုပ်ရှား သွားခြင်း ဖြစ်သည်ဟု ဟုမ္မလင်းဒေသခံ ဦးဝင်းကိုက ပြောသည်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု မရှိခဲ့ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးကပြောသည်။

ဟုမ္မလင်းမြို့သည် ကဘော် ပြတ်ရွေ့ကြောပေါ်တွင် တည်ရှိပြီးရစ်ခ်ျတာစကေး ၃ နှင့် ၄ အထက် ငလျင် ငယ်များ လှုပ်လေ့ရှိသည်ဟု ဘူမိဗေဒပညာရှင် ဒေါက်တာကျော်ထွန်းကပြောသည်။

7Day Daily 

No comments:

Post a Comment