Thursday 16 July 2015

အာရှလမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်

အစိုးရတပ်မတော်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့် တပ်တို့၏ လုံခြုံရေးစောင့်ကြပ်မှုဖြင့် ကားများကို ဖြတ်သန်းခွင့်ပေးထားသည့် အာရှလမ်းမကြီးပေါ်တွင် ကုန်တင်ကားနှင့် လိုက်ထရပ် ယာဉ်တစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁၄ ရက်နေ့လယ်က အာရှလမ်းမကြီး ကွင်းကလေးရွာထိပ်တွင် မြ၀တီဘက်မှလာသည့် လိုက်ထရပ်ကားနှင့် ကော့ကရိတ်မြို့ဘက်မှလာသည့် ကုန်တင်ကားတို့ တိုက်မိခြင်းဖြစ်သည်။ လိုက်ထရပ်ကားမှာခေါင်းပိုင်း ပျက်စီးသွားပြီး ကားပေါ်တွင် ယာဉ်မောင်းတစ်ဦးသာပါသောကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်မရခဲ့ကြောင်း လမ်းလုံ ခြုံရေးယူထားသည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) မှ ဗိုလ်မှူးတစ်ဦးကပြောသည်။

‘‘လမ်းက အရမ်းကောင်းတယ်။ ကားအများစုက မောင်း ကြတာ အရှိန်များတယ်။ တွေ့နေရတာပဲ။ အခုယာဉ်တိုက်မှုဆိုရင်လည်း ကုန်တင်ကားက ခါလီဖြစ်နေလို့။ လိုက်ထရပ်ပေါ်မှာလည်း ယာဉ်မောင်းတစ်ယောက်ပဲပါလာလို့တော်သွားတာ။ အ တက်ကားတွေရော အဆင်းကားတွေပါ သတိထားမောင်းစေချင်တယ်’’ဟု ၎င်းကပြောသည်။

 အာရှလမ်းမကြီးပေါ်တွင် ပြီးခဲ့သည့်ဇွန်လအတွင်းက အိမ် စီးကားတစ်စီး တောင်နံရံကိုဝင် တိုက်ပြီး ကားတိမ်းမှောက်ခဲ့သကဲ့ သို့ လမ်းပေါ်မြေပြိုကျမှုကြောင့် လမ်း ပိတ်ဆို့မှုလည်းဖြစ်ခဲ့သည်။ အာရှလမ်းမကြီးအနီးနှင့်နေရာ ချင်းထိစပ်နေသည့် ဒေါနတောင် အတွင်းပိုင်းနေရာများတွင်အစိုးရ တပ်မတော်နှင့် BGF ကတစ်ဖက်၊  ဒီကေဘီအေကတစ်ဖက် တိုက်ပွဲ များဖြစ်ပွားနေဆဲဖြစ်သော်လည်း ကားများကို လုံခြုံရေးစောင့်ကြပ် မှုဖြင့် ဖြတ်သန်းခွင့်ပြုထားသည်။ အာရှလမ်းမကြီးနှင့်လမ်းဟောင်း ဖြစ်သော ဒေါနတောင်ပတ်လမ်း တွင် ကော့ကရိတ်အခြေစိုက် အ စိုးရတပ်မတော် ခမရ ၂၃၁ နှင့် BGF တို့ လုံခြုံရေးယူထားသည်ဟု သတင်းရရှိသည်။

7Day DAILY 

1 comment:

  1. ပြည်သူလူထုကိုသွားလမ်းသာလို့  လာလမ်းဖြောင့် အောင်ဆောင့် ရှောက်ပေးတဲ့ BGF နယ်ခြားစောင့် တပ်ဖွဲ့ ကျန်းမာချမ်းသာကြပါစေ။

    ReplyDelete