Thursday 16 July 2015

အိန္ဒိယတောင်ပိုင်းရှိ လူအုပ်ပြိုမှု သေဆုံးသူ (၂၇) ဦးရှိသွားပြီဖြစ်

အိန္ဒိယနိုင်ငံတောင်ပိုင်း ဂေါဓ၀ါရီ မြစ်ကမ်း နဘေးတွင် ကျင်းပခဲ့သော မဟာပူရ် ကာရာလူ ပွဲတော်၌ အင်္ဂါနေ့တွင် လူအုပ်ပြိုမှု ဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူဦးရေသည် (၂၇) ဦးအထိ ရှိသွားပြီဖြစ်ကြောင်း အန်ဓရာပရဒေ့ရှ် ပြည်နယ်ဝန်ကြီးချုပ် ဆန္ဒရဘာဘူ နိုင်ဒူ၏ ပြောခွင့်ရှိသူက ပြောဆိုခဲ့သည်။

ဒဏ်ရာရရှိသူ (၂၉) ဦးရှိခဲ့ပြီး ၎င်းတို့အနက် နှစ်ဦးသည် အခြေအနေစိုးရိမ်ရကြောင်း ပြောခွင့်ရှိသူ ပရာကာလာ ပရာဗာကာက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောဆိုခဲ့သည်။ မြစ်ဘက်သို့ ဦးတည်သည့် လှေကားဆီသို့ လူပေါင်းများစွာ တစ်ပြိုင်နက် ပြေးသွားခဲ့ခြင်းကြောင့် လူအုပ်ပြိုမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

လူအုပ်ပြိုမှုကြောင့် အသက်ပေါင်း များစွာ ဆုံးရှုံးခဲ့ရသည့်အတွက် ၀မ်းနည်း ကြေကွဲမိကြောင်း ၀န်ကြီးချုပ် နာရန္ဒရာ မိုဒီက တွစ်တာ လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

အန်ဓရာပရာဒေ့ရှ် ပြည်နယ်တွင် မဟာပူရှ်ကာရာကူ ပွဲတော် ကျင်းပနေစဉ်တွင် မဟာရသျှတ္တရပြည်နယ် နာရှစ်ခ်တွင်လည်း လူဦးရေပိုမိုများပြားသော ကမ်ဗာ မီလာပွဲတော်ကို ကျင်းပနေသည်။ လာမည့် နှစ်လကျော်အတွင်း လူသန်းပေါင်းများစွာသည် နာရှစ်ခ်သို့ သွားရောက်မည်ဖြစ်သည်။ လွန်ခဲ့သော (၁၂)နှစ်တွင် နာရှစ်ခ်၌ လူအုပ်ပြိုမှုကြောင့် လူ (၃၉)ဦး သေဆုံးခဲ့သည်။

Source:AFP
Messenger News Journal 

No comments:

Post a Comment