Thursday 16 July 2015

အော်တိုတယ်လီဖုန်း တပ်ဆင်ခ ထက်ဝက်လျှော့ချ

အော်တိုတယ်လီဖုန်း လိုင်းအသုံးပြုလိုသူများအတွက် တပ်ဆင်ခနှုန်းထားများကို ဇူလိုင် ၁၅ ရက်မှစ၍ ၃၂၅,၀၀၀ ကျပ်သို့ လျှော့ချပေးလိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) က သတင်းထုတ်ပြန်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း (MPT) အနေဖြင့် PSTN အော်တိုတယ်လီဖုန်းလိုင်း တပ်ဆင်ခနှုန်းထားများကို ယခင်က ကျပ် ၆၅၀,၀၀၀ ကောက်ခံခဲ့ပြီး ဇူလိုင် ၁၅ ရက်မှစ၍ ကျပ် ၃၂၅,၀၀၀ သို့ ၅၀ ရာခိုင်နှုန်းလျှော့ချပေးခြင်း ဖြစ်သည်။

တပ်ဆင်ခ ဈေးနှုန်းများကို လျှော့ချပေးလိုက်ခြင်းမှာ အော် တိုတယ်လီဖုန်းလိုင်းများကို အိမ် သုံးများအတွက် သာမကဘဲ စီး ပွားရေး လုပ်ငန်းများအတွက်ပါ ပိုမိုကျယ်ပြန့်သက်သာစွာ သုံးစွဲ နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း MPT က ဆိုသည်။

အထူးသဖြင့် စီးပွားရေးလုပ် ငန်းများအနေဖြင့် လိုင်းခွဲဖုန်းများ သုံးစွဲရန်နှင့် ADSL အင်တာနက် လိုင်းများ သုံးစွဲရန် ပိုမိုလိုအပ်သည့်အတွက် တပ်ဆင်ခနှုန်းထားများ လျှော့ချပေးလိုက်ခြင်းကြောင့် အော်တိုတယ်လီဖုန်းလိုင်း တပ်ဆင်သုံးစွဲမှုများပို၍ များပြားလာမည်ဟု ယုံကြည်ကြောင်း MPT က ဆိုသည်။

MPT ၏ ထုတ်ပြန်မှုစာရင်း များအရ မိုဘိုင်းဖုန်းသုံးစွဲသူဦးရေ မြင့်တက်လာသောကြောင့် နိုင်ငံ တစ်ဝန်းတွင် ၂၀၁၃-၁၄ ဘဏ္ဍာ နှစ်၌ အော်တိုတယ်လီဖုန်းအလုံးရေ ၅၇၀,၀၀၀ ကျော်ရှိခဲ့ရာမှ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ၅၆၀,၀၀၀ကျော်သာရှိတော့သည့်အတွက် ဖုန်းလုံးအရေ တစ်သောင်းခန့်လျော့ကျသွားကြောင်း သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment