Thursday 16 July 2015

အတွင်းဝန်ရုံးကို အာဇာနည်နေ့တွင် အများပြည်သူ လေ့လာနိုင်ရန်ဖွင့်မည်

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာ ဇာနည်ခေါင်းဆောင်များ လုပ်ကြံခြင်း ခံရသော အတွင်းဝန်ရုံးကို အာဇာနည် နေ့၌ ပြည်သူများလေ့လာနိုင်ရန် ဖွင့် လှစ်ပေးသွားရန် စီစဉ်ထားပြီးဖြစ်သည် ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့မှ ဝန်ကြီးတစ်ဦး၏ပြောကြားချက် အရ သိရသည်။

''အတွင်းဝန်ရုံးကို အာဇာနည်နေ့ မှာ အများပြည်သူ လေ့လာနိုင်အောင် လုပ်ကိုင်ခွင့်ရထားတဲ့ ကုမ္ပဏီနဲ့ ညှိနှိုင်း ထားတယ်။ ထိုနည်းတူ အာဇာနည် ကုန်းကိုလဲ ဖွင့်လှစ်ပေးမှာပါ''ဟု ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန် ကြီးတစ်ဦးက ပြောသည်။

အလားတူ အတွင်းဝန်ရုံးကို တပ်မတော် အစိုးရလက်ထက်တွင် အများပြည်သူ လေ့လာနိုင်ခြင်းကို ခွင့် မပြုခဲ့ပါ။ ဒီမိုကရေစီ အစိုးရလက်ထက် ၌ အတွင်းဝန်ရုံးကို ပြတိုက်အဖြစ် ပြန် လည် ပြုပြင်မွမ်းမံရန် အနောမာကုမ္ပ ဏီမှ လုပ်ပိုင်ခွင့်ရရှိခဲ့သည်။

အဆိုပါကုမ္ပဏီသည် အတွင်းဝန်ရုံးအတွင်း ပါတီပွဲ ကျင်းပခဲ့သည်ဆိုသော သတင်းများလည်း တွက်ပေါ်ခဲ့သည်။

၂ဝ၁၄ ခုနှစ်တွင် လက်ရှိလုပ်ကိုင်ခွင့်ရသော ကုမ္ပဏီမှ တာဝန်ရှိသူများ သည် အာဇာနည်နေ့၌ ကျဆုံးခဲ့ပြီးသော အာဇာနည်ခေါင်းဆောင်များအား ရည်စူးပြီး အတွင်းဝန်ရုံး၌ သံဃာတော်များကို ဆွမ်းကပ်ခြင်းများ ပြုလုပ်ခဲ့ပြီး ပြည်သူများကို လေ့လာခွင့်ပြုခဲ့သည်။ ပြည်သူများကလည်း ဇူလိုင် ၁၉ ရက် နံနက် ၁ဝနာရီ ၃၇မိနစ်တွင် ကားဟွန်းတီးခြင်း၊ ကဗျာရွတ်ခြင်းများ ပြုလုပ်ခဲ့သည်။

Yangon Media Group 

No comments:

Post a Comment