Monday 1 June 2015

ခေတ်သစ်မာရ်နတ်၏ သမီးများ အပိုင်း(၁)

ကိုးကန့်ဒေသလို့ လူသိများနေတဲ့ မြန်မာပြည်အရှေ့မြောက်ဖျားက အေးချမ်းပြီးသာယာလှပတဲ့ လောက်ကိုင်ဒေသကို လက်ရှိဒုက္ခတွေနဲ့ အရောင်ဆိုးဖန်တီးပေးနေတဲ့ ဖုန်ကြားရှင်နဲ့ပတ်သက်ပြီး ကိုးကန့်ဒေသမှာ အချိန်အတန်ကြာကြာ တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် ၀န်ထမ်းဟောင်းတစ်ဦးအနေဖြင့် ဖုန်ကြားရှင်နဲ့ သူ့မိသားစုရဲ့ သရုပ်သကန်ကို အဟုတ် အမှန်အတိုင်း အများပြည်သူကိုသိစေခြင်လို့ ထုတ်ဖော်၍ တင်ပြသွားပါမယ်။

တရုတ်ပြည်၊ ယူနန်ပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြန်မာ့ပိုင်နက်နယ်မြေတစ်ခုဖြစ်တဲ့ လောက် ကိုင် ဒေသမှာ ၁၇ ရာစုကစပြီး တရုတ်ပြည်၊ နန်ကင်းဇာတိဖြစ်တဲ့ ယန်းမိသားစုတွေ ၀င်ရောက် အခြေချ နေထိုင်ခဲ့ကြပြီး သိန်္နီစော်ဘွားရဲ့ လက်အောက်ခံအဖြစ်နဲ့ နေထိုင်ခဲ့ကြတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး မရမီကာလမှာဘဲ ကိုးကန့်ဒေသကို သီးခြား စော်ဘွားအုပ်ချုပ်တဲ့နယ်မြေအဖြစ် အင်္ဂလိပ် တို့က သတ်မှတ် ပေးခဲ့ရာ ၁၉၄၉ ခုနှစ်မှာ ကိုးကန့်ဒေသရဲ့စော်ဘွားဟာ အက်ဒွပ်ယန်းဖြစ်တယ်။

ကိုးကန့်နယ်အတွင်းမှာ ရောက်ရှိနေတဲ့ စီချွမ်မျိုးနွယ်ဝင် တရုတ်မိသားစုကနေ ၁၉၃၁ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဖုန်ကြားရှင်ဟာ အက်ဒွပ်ယန်းရဲ့ ကိုးကန့်ကာကွယ်ရေး တပ်မှာ ၁၈ နှစ်သားအရွယ်ကစပြီး တပ်သား အဆင့် နဲ့ စတင် ၀င်ရောက်ခဲ့သူ ဖြစ်တယ်။

၁၉၅၉ ခုနှစ် စော်ဘွားတွေအာဏာစွန့်ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အက်ဒွပ်ယန်းရဲ့ညီ ဂျင်မီယန်းက ဦးဆောင်ပြီး ၁၉၆၃ ခုနှစ်မှာ တောခိုသွားခဲ့တယ်။ အဲ့ဒီ တောခိုတပ်မှာ ဖုန်ကြားရှင်နဲ့ လော်စစ်ဟန်တို့ဟာ ဗိုလ်ကြီးအဆင့်တွေနဲ့ပါ သွားခဲ့ကြတယ်။ ၁၉၆၇ ခုနှစ်မှာ ဂျင်မီယန်းတို့အဖွဲ့ အလင်းပြန်ဝင်တော့လဲ ဖုန်ကြားရှင်နဲ့ သူရဲ့ညီ ဖုန်ကြာဖူးတို့ အုပ်စုကတော့ ကိုးကန့်ပြည်သူ့တော်လှန်ရေး တပ်ဆိုပြီး တောထဲမှာ ဆက်ကျန်နေခဲ့ကြတယ်။ ဗကပ က ၁၉၆၈ ခုနှစ် ဇန်န၀ါရီလထဲမှာ အရှေ့မြောက်ဒေသမှာရှိတဲ့ မြန်မာ့ တပ်မတော်ရဲ့ မုန်းကိုးတပ်စခန်းနဲ့ ကုန်းကြမ်းစခန်းတွေကို ၀င်ရောက်တိုက်ခိုက်ကာ ကိုးကန့်ဒေသကိုပါ ထိန်းချုပ် လိုက်ပြီး ဖုန်ကြားရှင်ရဲ့ ကိုးကန့် ကာကွယ်ရေးတပ် တွေကို လည်း ဗကပထဲ ဆွဲသွင်း လိုက်ကြပြီး ဖုန်ကြားရှင်ကိုတော့ ကိုးကန့်ခရိုင် ကာကွယ်ရေးခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့တယ်။ ၁၉၇၁ ခုနှစ် ကွမ်းလုံရက် ၄၀ တိုက်ပွဲမှာတော့ ဖုန်ကြားရှင်ဟာ တပ်မဟာမှူးအဖြစ်ပါဝင်ခဲ့သူဖြစ်တယ်။ ၁၉၈၉ ခုနှစ် မိုင်းယန်း တိုက်ပွဲပြီးတဲ့ နောက်ပိုင်း ဖုန်ကြားရှင်ဟာ ဗကပ ကနေခွဲထွက်ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေး ယူခဲ့တယ်။

သို့သော်လည်း ၁၉၉၆ ခုနှစ်မှာ ဖုန်ကြားရှင်နဲ့ ရန်မိုးလျံတို့ အချင်းချင်း အာဏာလုရာက လက်နက်ကိုင် တိုက်ပွဲတွေဖြစ်လို့ စစ်တပ်က၀င်ထိန်းပေးသလို ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှာ မုန်းကိုးအရေးအခင်း ဖြစ်ပြန် တော့လဲ စစ်တပ်ကပဲ ၀င်ရောက် ဖြေရှင်းပေးခဲ့ပြန်ပါတယ်။ အဲဒီနောက် ၂၀၀၉ ခုနှစ်မှာ မူးယစ်ဆေးဝါးနဲ့ လက်နက်စက်ရုံ ပြဿနာများကြောင့် ဖုန်ကြားရှင် အဖွဲ့ဟာ အစိုးရနဲ့ပဋိပက်္ခဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို သတ်ပစ်လိုက်တဲ့အတွက် တပ်မတော်ရဲ့လိုက်လံချေမှုန်းခြင်းခံရပြီး ဖုန်ကြားရှင်ဟာ တရုတ်ပြည်ထဲက တစ်ဆင့် ထွက်ပြေးတိမ်းရှောင် သွားခဲ့ရာက ၅ နှစ်ကြာပြီးမှ ယခုလို တဖန်ပြန်ပေါ် လာတာ ဖြစ်ပါတယ်။

ဖုန်ကြားရှင်ဟာ ခေတ်အဆက်ဆက်မှာ သူအာဏာရရှိရေး၊ သူ့စီးပွားရေးနဲ့ သူ့အမျိုးအနွယ်များ အကျိုး စီးပွားအတွက်ကို ရှေ့တန်းတင်ဆောင်ရွက်ခဲ့တဲ့သူတစ်ဦးဖြစ်သလို ငွေအရလွယ်တဲ့ ဘိန်းရောင်းဝယ်ရေး လုပ်ငန်းကြီးကို အစဉ်တစ်စိုက် ဦးဆောင်လုပ်ကိုင်ခဲ့သူ ဘိန်းရာဇာတစ်ဦးအဖြစ် ကမ္ဘာနဲ့တစ်ဝန်းမှာ ကျော်ကြား ခဲ့သူဖြစ်ပါတယ်။ ဖုန်ကြားရှင်ဟာ ခေတ်အဆက်ဆက်မှာ မူးယစ်ဆေးဝါးတွေထုတ်လုပ်ပြီး အဲဒီကရရှိတဲ့ ငွေကြေးတွေနဲ့ သူ့အာဏာတည်မြဲရေးအတွက် လူသူလက်နက်များစုဆောင်း တိုးချဲ့ရေး ကိုသာ အလေးထား ဆောင်ရွက်လာခဲ့တဲ့သူတစ်ဦးသာဖြစ်ပြီး သူ့သက်တမ်း တစ်လျှောက်လုံးမှာ တိုင်းပြည် အတွက် ကောင်းကျိုး တစ်ခုမှ မပြုခဲ့တဲ့ တော်လှန်ရေးသမားအရေခြုံထားတဲ့ မူးယစ်ရာဇာ တစ်ဦးသာဖြစ်ပါတယ်။ သူ့အနေနဲ့ အထူးဒေသ(၁) ကိုးကန့်ဒေသရဲ့အကြီးအကဲအဖြစ် အုပ်ချုပ်ခဲ့တဲ့ ၁၉၈၉ ခုနှစ် နောက်ပိုင်းမှာလဲ လောက်ကိုင် ဒေသဖွံ့ဖြိုးရေးအတွက် အစိုးရက လောက်ကိုင် ခယကအဖွဲ့ကို သတ်မှတ်ဖွဲ့စည်း ပေးခဲ့သော်လည်း အဲ့ဒီနယ်ဘက်အုပ်ချုပ်မှု အဖွဲ့အစည်းအနေနဲ့ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေကို ထိထိ ရောက် ရောက် မဆောင်ရွက်နိုင်အောင် ဖုန်ကြားရှင်က တစ်ဘက်လှည့်နဲ့ လိမ်မာပါးနပ်စွာထိန်းချုပ်လုပ်ဆောင်ထားပြီး သူ့ရဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ သူ့ရဲ့ မြို့၊ ရွာ တွေကို တင်းကျပ်စွာ ချုပ်ကိုင်ထားခဲ့တာကို တွေ့ရတယ်။

ဒါကြောင့် ဖုန်ကြားရှင်ဟာ သူ့ဘ၀တစ်လျှောက်လုံးမှာ တိုင်းပြည်နဲ့ဒေသခံပြည်သူလူထုအပေါ် ကောင်းကျိုး မပေးဘဲ သူနဲ့ သူ့မိသားစုကောင်းစားရေး၊ သူအာဏာတည်မြဲရေးအတွက်ကိုသာ ဆောင်ရွက်ခဲ့ပြီး ဒုစရိုက်မှုမျိုးစုံနဲ့ မွေ့လျော်နေခဲ့တဲ့ အတွက် သူဟာ လူသားတစ်ရပ်လုံးအတွက်တော့ ခေတ်သစ်မာရ်နတ် တစ်ဦးလို့ပဲ သတ်မှတ်ရမှာ ဖြစ်တယ်။

ဖုန်ကြားရှင်ဟာ ဒီလိုအာဏာရှင်တစ်ယောက်အဖြစ် ဒေသကို တင်းကျပ်စွာချုပ်ကိုင်ထားသလို တစ်ဘက်က လည်း မူးယစ်ဆေးဝါးရောင်းဝယ်မှုလုပ်ငန်းတွေကရတဲ့ ငွေကြေးတွေနဲ့ကြွယ်ဝချမ်းသာ လာတာကြောင့် စည်းစိမ်ယစ်မူးလာပြီး မိန်းမတွေနဲ့သာပျော်ပါးနေခဲ့တဲ့ သူ့ဗီဇကြောင့် တွေ့ရာနေရာမှာ သူကြိုက်တာကို တွေ့ပြီဆိုရင် အချိန် မဆိုင်းဘဲ စိတ်တိုင်းကျတော်ကောက်ပြီး မယားအဖြစ်တင်မြှောက်လေ့ ရှိသူ ဖြစ်တဲ့အတွက် တရားဝင် မယားကြီးကပင် ၄ ယောက်၊ တရားမ၀င်မယားမြောက်များစွာ (သူကိုယ်တိုင်ပင် မမှတ်မိ)နဲ့၊ အမြှောင်မယား၊ အပျော်မယားများအဖြစ် သူ့အရွယ်နဲ့မှ အားမနာ ရည်းစားဆိုသူပင် ထားလိုက် သေးတာကိုလဲ ကိုးကန့်ရုပ်သံလိုင်းပေါ်မှာတောင် အရှက်မရှိ ဖော်ပြထားခဲ့တာကို တွေ့ခဲ့ရဖူးတယ်။

ဒီလောက်တောင်များတဲ့ ဖုန်ကြားရှင်ရဲ့ ဇနီးမယား၊ ရည်စားတွေထဲက တရားဝင်လို့ပြောတဲ့ မယားကြီး ၄ ယောက်ကတော့ ပထမဆုံးမယား ကိုးကန့်မကြီး လီရှောက်ရှီ၊ ဒုတိယမယား နန်းတန်ကျောက်၊ တတိယမယား နန်းအော်နဲ့ (စတုတ်္ထနဲ့ သူ့အချစ်ဆုံးလို့ပြောတဲ့) နန်းအိုင်တို့ပါပဲ။ သူ့ရဲ့ အဲ့ဒီတရားဝင် မယားများကမွေးလိုက်တဲ့ သားသမီးတွေလဲကြည့်ပါဦး -
- ပထမဆုံးမယားကြီး လီရှောက်ရှီ နဲ့က သား ၃ ယောက်၊ သမီး ၅ ယောက်
ပေါင်း ၈ ယောက်။
- ဒုတိယမယား နန်းတန်ကျောက် နဲ့က သား ၁ ယောက်၊ သမီး ၁ ယောက်၊
ပေါင်း ၂ ယောက်။
- တတိယမယား နန်းအော် နဲ့က သား ၂ ယောက်၊ သမီး ၂ ယောက်၊
ပေါင်း ၄ ယောက်။
- စတုတ္ထမယား နန်းအိုင် နဲ့က သမီး ၂ ယောက်မွေးလို့ တရားဝင် သားက ၆ ယောက်၊ သမီး ၁၀ ယောက် ဖြစ်လို့ စုစုပေါင်း ၁၆ ယောက်တောင်ရှိခဲ့ပါတယ်။ ဒါက တရားဝင် သား/သမီးနော်။ တရားမ၀င် တာတွေ ကတော့ ဘယ်လောက်တောင်ရှိမလဲဆိုတာတော့ စဉ်းစားလို့သာ တွေးကြည့်ကြ ပေတော့။

ပထမဆုံးမယားကြီး လီရှောက်ရှီနဲ့မွေးတဲ့ သားသမီး ၈ ယောက်ကတော့ ကြီးစဉ်ငယ်လိုက်ဆိုရင် -
- သားအကြီးဆုံးက ဖုန်တာရွှင် (လက်ရှိကိုးကန့်သောင်းကျန်းသူတို့ရဲ့ စစ်သေနာပတိချုပ် ဆိုတဲ့လူ) ဖြစ်ပြီး သူ့မိန်းမ ကတော့ လှလှဝင်း (ခ) ငြိမ်းကျင်ဆိုသူဖြစ်တယ်။ လှလှဝင်း (ခ) ငြိမ်းကျင်ဆိုတာ ရန်ကုန်မြို့၊ ပန်းလှိုင် ဂေါက်ကွင်းအိမ်ရာက နှင်းဆီခြံမှာနေတဲ့ လှဝင်း(ခ)လီကွယ်ချွင်ရဲ့ ညီမအရင်းဖြစ်တယ်။

- ဒုတိယက ဖုန်ချင်းချွင်၊ သူကတော့ မိုင်းလားအထူးဒေသ-၄ ဥက္ကဋ္ဌ စိုင်းလင်းရဲ့မိန်းမဖြစ်တယ်။

- တတိယက ဖုန်စင်းစောက်၊ သူကတော့ လက်ရှိ သိပ်္ပံလမ်း၊ ဗိုလ်ချုပ်ရွာ၊ မန္တလေးမှာနေပြီး ကျောက်မျက် လက်ဝတ်ရတနာများ ရောင်း/၀ယ်ရေးလုပ်နေသူဖြစ်ပြီး သူ့ယောက်ျားကတော့ လက်ရှိ ကိုးကန့် သောင်းကျန်းသူ အဖွဲ့မှာ ဒုစစ်သေနာပတိချုပ်ရာထူးနဲ့ဦးဆောင်နေတဲ့ ရန်စီကျွမ်းဆိုသူရဲ့ညီအရင်း ရန်စီ ကွမ်းဖြစ်တယ်။ ရန်စီကွမ်းဟာ မူးယစ် ဆေးဝါးတွေ အလွန်အကျွံသုံးပြီး သေသွားပြီဖြစ်တယ်။

- စတုတ္ထက ဖုန်ရှောက်ရှီ၊ သူကတော့ ထင်အောင်(ခ)လွမ်းဝူဆိုတဲ့ မူးယစ်ဆေးဝါးထုတ်တဲ့နေရာမှာ ကျွမ်းကျင် အဆင့်ရှိတဲ့ ပညာရှင်ရဲ့ မိန်းမဖြစ်တယ်။

- ပဉ္စမကတော့ ဖုန်တယ်ရီ ၊ သူကတော့ အရင်က ကိုးကန့်တပ်ရင်း(၁)တပ်ရင်းမှူးဖြစ်ပြီးတော့ အခု တိုက်ပွဲတွေ မှာလည်း ဦးဆောင်ပြီး ပါနေတဲ့သူဖြစ်တယ်။

- ဆဋ္ဌမက ဖုန်တက်လီ၊ သူကတော့ ဖုန်ကြားရှင်ရဲ့သားတွေထဲမှာ လူလည်လူနပ်ဖြစ်တယ်၊ စစ်မတိုက်ရဲ တဲ့အတွက် သူချမ်းသာတဲ့ငွေကြေးတွေနဲ့ ဖုန်ကြားရှင်ကို အများဆုံးထောက်ပံ့ပေးနေတဲ့သူ ဖြစ်တယ်။

- သတ္တမက ဖုန်ဆူးယုံ၊ သူကတော့ အမေရိကန်မှာ တစ်ယောက်တည်းသွားနေတာနှစ် ၂၀ နှစ်ခန့်ရှိပြီ ဖြစ်တဲ့ အိမ်ထောင်မရှိသူ လူလွတ်အမျိုးသမီးတစ်ယောက်ဖြစ်တယ်။

- အဋ္ဌမက ဖုန်ဆူးယွမ်(ခ)အားဝူမိန်း(ခ) လှလှရီ၊ သူကတော့ ထွန်းမြတ်
လင်း(ခ)ထွန်းလွင်ရဲ့မိန်းမ ဖြစ်တယ်။

ဘုရားတောင်မှ ဘုရားအဖြစ် ပွင့်တော်မူမည့်ကာလတစ်လျှောက် မာရ်နတ်၏ အကြိမ်ကြိမ် နှောင့်ယှက်ခြင်း ခံခဲ့ရတဲ့ အတွက် လူတွေက မာရ်နတ်ဆိုရင် အဖျက်အမှောက်သမားလို့ နားလည်ြ ကပြီးသားပါ။ ခုလဲ လောက်ကိုင်ဒေသ ဟာလည်း အရင်ကနဲ့မတူဘဲ အတော်အတန်ဖွံ့ဖြိုး တိုးတက်နေပြီဖြစ်တဲ့ အခြေအနေ မျိုးကိုရောက်ရှိလို့လာနေချိန်မှာ ဖုန်ကြားရှင် ဆိုတဲ့ ခေတ်သစ်မာရ်နတ်ရဲ့ အဖျက်အမှောက်စီမံကိန်း ကြောင့် လောက်ကိုင်မြို့တစ်ခုလုံး အပြိုပြိုအပျက်ပျက်နဲ့ မြို့ပျက် ကြီးလိုဖြစ်သွားခဲ့ရပြီး လောက်ကိုင်ဒေသ တစ်ခု လုံးမှာလဲ အမြောက်သံ၊ ဗုံးသံတွေနဲ့ ယမ်းခိုးတွေဝေပြီး သွေးညှီနံ့ တွေနဲ့ ဖုံးလွှမ်းသွားရတာကို စိတ် မချမ်းမြေ့ဖွယ်အတိ တွေ့မြင်နေရတယ်။

ဖုန်ကြားရှင်ရဲ့တပည့်တွေဟာ ဒေသခံပြည်သူများကို အတင်း ဖမ်းဆီးပြီး စစ်တိုက်ရန် အတင်းအဓမ္မ စုစည်း ခေါ်ဆောင်လျက် ရှိတယ်။ အင်အားစုဆောင်းလို့ရတဲ့ သူတွေ ကိုလည်း သေနတ်နဲ့ယူနီဖောင်းတွေ ထုတ် ပေးပြီး သူတို့နဲ့အတူလိုက်ပြီး စစ်တိုက်ခိုင်းတယ်။ ဒါကိုသိလို့ မလိုက်ချင်ဘူးလို့ ငြင်းပြန်ရင်လည်း အများ ရှေ့မှာပဲ သေနတ်နဲ့ပစ်သတ်ပြပြီး အကြောက်တရားနဲ့ အတင်း အဓမ္မစုစည်း ခေါ်ဆောင်နေတဲ့ အတွက် ဒေသခံပြည်သူအများစုဟာ ကိုယ့်အိမ်ကိုယ့်ရာကိုစွန့်ပြီး ထွက်ပြေး တိမ်းရှောင်နေကြရတယ်။ သူတို့အတင်းခေါ် သွားလို့ပါသွားတဲ့ ဒေသခံတွေကိုလဲ သူတို့ထုတ်လုပ်ထားတဲ့ စိတ်ကြွရူးသွပ် မူးယစ်ဆေးပြားတွေ အတင်းသောက်ခိုင်းပြီး (ရဲဆေးတင်ပေးကာ) တိုက်ခိုက်စေပြန်တယ်။ ဒါကြောင့် ဒေသခံပြည်သူ လူထုရဲ့ဘ၀ဟာ ကျီးလန့်စာစား ဘ၀နဲ့ သောက တွေဝေနေကြရတာကို စိတ်မချမ်း မြေ့ဖွယ် တွေ့မြင်နေရတယ်။ ဒါကြောင့် ဖုန်ကြားရှင်ဟာ ကျွန်တော်တို့ရဲ့ လောက်ကိုင် ဒေသ အတွက် တော့ အမှန်တစ်ကယ်ဒုက်္ခပင်လယ်ဝေစေတဲ့ ခေတ်သစ်နတ်ဆိုးပဲလို့ ပြည်သူအများစုက သတ်မှတ်ထား ကြပြီဖြစ်ပါတယ်။

ခေတ်သစ်မာရ်နတ်ဆိုးကြီးရဲ့ မယားအများအပြားထဲက တရားဝင်ပထမ မယားကြီးဖြစ်တဲ့ လီရှောက်ရှီက မွေးတဲ့ သား/သမီး ၈ ယောက်ထဲက သား ၃ ယောက်ကတော့ အဖေ့ခြေရာကို တစ်ထပ် တည်းနင်းကြတဲ့ သူတွေဖြစ်တဲ့အတွက် အထူးမပြောလိုတော့ပါဘူး။ ဒါကြောင့် ဒီတစ်ခါတော့ ကျန်တဲ့ သမီး ၅ ယောက်နဲ့ ပတ်သက်ပြီး သူတို့ရဲ့အဖေဖြစ်တဲ့ မာရ်နတ်ကြီးအပေါ် အားဖြည့်ကူညီပံ့ပိုးပေးတဲ့ လုပ်ဆောင် နေမှု တွေကို အများသိနိုင်ဖို့ ပြောပြချင်ပါတယ်။

အပိုင်း(၂) အား ဆက်လက်ဖော်ပြပါမည်။

ဝန်ထမ်းဟောင်းတစ်ဦး
နေ့စဉ်သတင်း

No comments:

Post a Comment