Monday 1 June 2015

ပြည်ခိုင်ဖြိုးက ဒီချုပ်ကို အဓိကပြိုင်ဘက် သတ်မှတ်ထားကြောင်း ပါတီအတွင်းရေးမှူးပြော

လာမည့်၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး)အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် အဓိကယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးသိန်းဆွေက ပြောကြားသည်။

တိုင်းဒေသကြီးများရှိ မဲဆန္ဒနယ်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အဓိကထားယှဉ်ပြိုင် ရမည် ဖြစ်ကာ ပြည်နယ်များ၌မူ တိုင်းရင်းသားပါတီများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း အချို့မဲဆန္ဒနယ် များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း ယှဉ်ပြိုင် ရမည့်အနေအထားဖြစ်ကြောင်း သုံးသပ်ထားသည်ဟု ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းဆွေက ဆိုသည်။

မေလ ၂၉ရက်မှစတင်ကာ သုံးရက်ကြာ ပြုလုပ်ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီ ဗဟိုကော်မတီစတုတ္ထ အကြိမ်အစည်းအဝေးနှင့်ပတ် သက်၍ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပါတီအတွင်းရေး မှူးဦးသိန်းဆွေက သတင်းမီဒီယာ များ၏ မေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါ ညီလာခံတွင် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီ၏ ကိုယ်စားလှယ်လောင်း သတ်မှတ်ခြင်း ကို ဆွေး နွေးနေသော်လည်း မည်သူမည် သည့်နေရာက ၀င်ရောက်ယှဉ်ပြိုင်မည်ကိုမူ အတိအကျ မသတ်မှတ်ရသေးကြောင်း ၎င်းကပြောသည်။

သို့သော် ပါတီ၏ကိုယ်စားလှယ်လောင်းများကို သတ်မှတ် ရာတွင် ပါတီနှင့်လူထုက လက်ခံနိုင်ပြီး အနိုင် ရမည့်သူများအား ရွေးချယ်မည်ဖြစ်ကြောင်းဦးသိန်းဆွေကဆက်လက်ပြောသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အဓိကထားယှဉ်ပြိုင်ရမည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်သည်လည်း တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် လာမည့်အထွေ ထွေရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲ အနိုင်ရရေးဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ကပြောကြားထားသည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲကို ယခုနှစ်အောက်တိုဘာလအကုန် နိုဝင်ဘာလဆန်းတွင် ကျင်းပ ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

7Day DAILY 

No comments:

Post a Comment