Monday 1 June 2015

ခိုတောင်လူသတ်မှုတွင် စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦး၏ ရှေ့ နေများက သက်သေခံအထောက် အထားများကို ပြန်လည်သုံးသပ်ရန် စောင့်ဆိုင်းနေရဆဲဟုဆို

ထိုင်းနိုင်ငံမှ ဗြိတိန်ကမ္ဘာ့လှည့် ခရီးသွားစုံတွဲကို သတ်သည်ဟု စွပ် စွဲခြင်းခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦး၏ ရှေ့နေများက ၎င်းတို့သည် တရားရုံးစစ်ဆေးမှုမစတင်မီ မှုခင်း ဆေးပညာဆိုင်ရာ သက်သေခံအ ထောက်အထားများကို လွတ်လပ် စွာပြန်လည်သုံးသပ်ခွင့်မရမည်ကို စိုးရိမ်မိကြောင်း မေ ၃၁ ရက်တွင် ပြောသည်ဟု င်္ဗဏ သတင်းတွင် ဖော်ပြသည်။

မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သူ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့သည် စက်တင်ဘာလတွင် ခိုတောင်ကျွန်း ၌ ဖြစ်ပွားခဲ့သည့် အသက် ၂၄ နှစ် အရွယ် ဒေးဗစ်မီလာကို သတ်မှု၊ အသက် ၂၃ နှစ်အရွယ် ဟန့်နကမီ သာရိုက်အား အဓမ္မကျင့်သတ်ဖြတ် မှုတို့အား ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။ ဧပြီလတွင် ခို တောင်ကျွန်းအနီးရှိ ကော့စမိုင်ကျွန်းမှ တရားရုံးတစ်ခုက သွေးကွက်များ နှင့် ရှပ်အကျÐတို့ကဲ့သို့ အခင်းဖြစ်ပွား ရာ DNA နှင့် သက်မဲ့သက်သေခံများ အပါအဝင် မြန်မာနိုင်ငံသား နှစ်ဦးအပေါ် စွပ်စွဲ ထားသည့်သက် သေခံအထောက်အထားများကို လွတ်လပ်စွာပြန်လည်သုံးသပ်ရန် တရားခံရှေ့နေများ၏ တောင်းဆို မှုကို အတည်ပြုပေးခဲ့သည်။ သို့ သော် တရားခံရှေ့နေအဖွဲ့ခေါင်း ဆောင်က ၎င်းတို့အား တရား ရုံးက ပထမဆုံးရုံးတင်စစ်ဆေးမှုပြုလုပ် မည့် ဇူလိုင် ၈ ရက်မှသာ သက်သေ များကို ချဉ်းကပ်ခွင့်ပေးသင့် မပေး သင့် ဆုံးဖြတ်မည်ဟု ပြောကြား ထားသည်ဟု ဆိုသည်။

''တရားခံရှေ့နေအဖွဲ့အနေဖြင့် မှုခင်းဆေးပညာဆိုင်ရာ သက်သေများ၏ ပြန်လည်စစ်ဆေးမှုမှ ရလဒ် များကို အလျင်အမြန်ရရှိရန်နှင့် ထို အချက်အလက်များကို ရုံးတင်စစ် ဆေးမှုမစတင်မီ ပြန်လည်သုံးသပ် ရန် အချိန်လိုအပ်ကြောင်း၊ ယင်း ကြောင့် လက်ရှိအခြေအနေနှင့်ပတ် သက်၍ အလွန်အမင်းစိုးရိမ်မိ ကြောင်း တရားခံရှေ့နေအဖွဲ့ခေါင်း ဆောင် မစ္စတာနက်ချွန်ချွမ်ပုချက် က မေ ၃၁ ရက်ထုတ်ကြေညာချက် တစ်စောင်တွင် ပြောဆိုထားသည်။

''မှုခင်းဆေးပညာဆိုင်ရာ သက် သေသည် ယခုအမှုအတွက် လွန်စွာ အရေးပါကြောင်း၊ ထိုသက်သေများ ကို ပြန်လည်စိစစ်မှုမလုပ်လျှင် ပြင်း ထန်သော အမှုအတွက် စွဲချက်တင်ခံ ထားရသည့် တရားခံနှစ်ဦး၏ ၎င်း တို့ကိုယ်၎င်းတို့ကာကွယ်နိုင်ခွင့်မှာ များစွာထိခိုက်မည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောသည်။

Ref ; AFP
‪Democracytoday‬

No comments:

Post a Comment