Monday 1 June 2015

တက္ကသိုလ်ဝင်တန်းအောင်စာရင်း ဇွန် ၆ ရက်ထုတ်ပြန်မည်

၂၀၁၄-၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် စာရင်းများကို ဇွန်လ ၆ ရက်(စနေနေ့)တွင် သက်ဆိုင်ရာ စာစစ်ဌာနများနှင့်  အွန်လိုင်းမှတစ်ဆင့်ပြိုင်တူ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း  မြန်မာ နိုင်ငံစာစစ်ဦးစီးဌာနမှ   သတင်းရရှိသည်။

တက္ကသိုလ်ဝင်တန်းအောင် စာရင်းများကို သက်ဆိုင်ရာ တိုင်း ဒေသကြီး/ ပြည်နယ်နှင့် မြို့နယ် အသီးသီးရှိ သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများတွင် ကြေညာပေးမည်ဖြစ်ပြီး မြို့နယ်၊ ခရိုင်နှင့် တိုင်းအလိုက် အောင်စာရင်းများကို  သက်ဆိုင်ရာမြို့နယ်၊  ခရိုင်နှင့်  တိုင်းပညာရေးမှူးရုံးများ၌ စုံစမ်းမေးမြန်းနိုင် ကြောင်း မြန်မာ နိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန် ကြေညာသည်။

တိုင်းဒေသကြီး/ပြည်နယ် အားလုံး၏ အောင်စာရင်းများကို ရန်ကုန်မြို့ အင်းစိန်မြို့နယ် အမှတ်(၁) အခြေခံ ပညာအထက် တန်းကျောင်း၊ ရန်ကင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း၊ ကမာရွတ်မြို့နယ် အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်း၊ လမ်းမတော်မြို့ နယ် အမှတ်(၁) အခြေခံပညာအ ထက်တန်းကျောင်း၊ ဒဂုံမြို့နယ် အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းနှင့် သင်္ဃန်းကျွန်းမြို့ နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ထုတ်ပြန်ကြေညာမည်ဟု လည်း ပါရှိသည်။

ထို့အပြင် အောင်စာရင်းများ ကို ဇွန်လ ၆ ရက်တွင် အွန်လိုင်းမှ တစ်ပြိုင်တည်းကြေညာမည်ဖြစ်ပြီး www.moemyanmar.net တွင် ကြည့်ရှုနိုင်ကြောင်း မြန်မာ နိုင်ငံစာစစ်ဦးစီးဌာနမှသိရသည်။

‘‘အောင်စာရင်းကို အွန်လိုင်းက  ကြည့်ချင်ရင်  ၀က်ဘ်ဆိုက်မှာခုံနံပါတ်နဲ့ စာစစ်ဌာနကို ဖြည့်ပြီးတော့ ၀င်ကြည့် လို့ရမယ်’’ ဟု မြန်မာနိုင်ငံ  စာစစ်ဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကပြော ကြားသည်။

တက္ကသိုလ်ဝင်တန်းစာမေး ပွဲကို မတ်လ ၁၁ မှ ၂၀ ရက်အထိ ကျင်းပခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင်  စာစစ်ဌာနပေါင်း ၁,၃၀၀ ကျော် ဖွင့်လှစ်ခဲ့ကာ  ၀င်ရောက်ဖြေဆိုသူဦးရေ ၅၉၀,၀၀၀ ကျော်ရှိသည်။

7Day DAILY 

No comments:

Post a Comment