Thursday 4 June 2015

ဒုံးကျည်ကျရောက် ပေါက်ကွဲပြီးနောက် ဟားမားစ် စစ်စခန်းများကို အစ္စရေး တုံ့ပြန်တိုက်ခိုက်

အစ္စရေးပိုင်နက်ဘက် ဒုံးကျည်ကျရောက် ပေါက်ကွဲမှုကို တုံ့ပြန်သည့် အနေဖြင့် အစ္စရေး တိုက်လေယာဉ်များက ဟားမားစ်တို့ စစ်ရေးလေ့ကျင့်ရာ နေရာများကို ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ဇွန်လ ၃ ရက်တွင် ဂါဇာဘက်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည်တစ်စင်း အစ္စရေး ပိုင်နက်ဘက် ကျရောက် ပေါက်ကွဲခဲ့ပြီးရာ နောက်တစ်ရက်တွင် အစ္စရေးက လေကြောင်းမှ တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို ထောက်ခံသည့် အစွန်းရောက် အဖွဲ့တစ်ခုက ဂါဇာဘက်မှ အစ္စရေးပိုင်နက်သို့ ဒုံးကျည်ဖြင့် ပစ်ခဲ့ခြင်းမှာ မိမိတို့ လက်ချက်ဖြစ်ကြောင်း ကြေညာသည်။

အဆိုပါ အဖွဲ့အစည်းက “ကျွန်ုပ်တို့ဟာ ဂျူးတွေကို ဂျီဟတ်စစ်ပွဲ ဆက်ပြီး ဆင်နွှဲနေမှာပဲ။ ဘုရားခင်ရဲ့ ရန်သူတွေ အပါအဝင် ဘယ်သူကမှ ကျွန်ုပ်တို့ကို မတားဆီးနိုင်စေရဘူး”ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ယခုတိုက်ခိုက်မှုသည် ၎င်းတို့၏ အဖွဲ့ဝင် တစ်ဦးကို ဟားမားစ်တို့က သတ်ဖြတ်ခဲ့ခြင်းကြောင့် သွယ်ဝိုက်သော နည်းလမ်းဖြင့် လက်စားချေခြင်းဟုလည်း ဆိုသည်။
ဟားမားစ်တို့သည် ဂါဇာကို ထိန်းချုပ်ထားရာ ဂါဇာဘက်မှ ထွက်ပေါ်လာသည့် ရန်လိုသော တိုက်ခိုက်မှု မှန်သမျှသည် ၎င်းတို့၏ လက်ချက်ဖြစ်မည်ဟု အစ္စရေးက ယူဆထားသည်။ ယမန်နှစ်က ဟားမားစ်နှင့် အစ္စရေးတို့ကြား နှစ်လကြာ တိုက်ပွဲဖြစ်ပွားရာ ပါလက်စတိုင်း အရပ်သား ၂၀၀၀ ကျော် သေဆုံးခဲ့သည်။
_Ref: VOA

No comments:

Post a Comment