Thursday 4 June 2015

ဘင်္ဂါလီများသည် အိုင်အက်စ်တပ်ဖွဲ့၏ လူသစ်စုဆောင်းရေး ပစ်မှတ်များ ဖြစ်လာနိုင်ဟု ကျွမ်းကျင်သူများ သတိပေး

ဘင်္ဂါလီများသည် (မူရင်း အသုံး အနှုန်းတွင် ရိုဟင်ဂျာဟုဖော်ပြ ထား) အစွန်းရောက်အကြမ်းဖက် သမားများ ရှာဖွေစုဆောင်းနေ သည့် အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွတပ်ဖွဲ့ ၏ ပစ်မှတ်ဖြစ်လာနိုင်ကြောင်း အ ကြမ်းဖက်မှုများကို စောင့်ကြည့် လေ့လာနေသော ကျွမ်းကျင် ပညာရှင်များက သတိပေးပြော ကြားလိုက်သည်ဟု Newsweek မဂ္ဂဇင်းက ဖော်ပြသည်။
မြန်မာနိုင်ငံ အနောက်ပိုင်း နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများကို စွန့်ခွာပြီး ဘင်္ဂလားပင်လယ်အော် နှင့် အက်ဒမန် ပင်လယ်တို့ကို လှေ များဖြင့် ကျော်ဖြတ်ကာ အရှေ့ တောင်အာရှ နိုင်ငံအချို့သို့ ခိုလှုံ ဝင်ရောက်ရန် ကြိုးစားနေသည့် ဘင်္ဂါလီများသည် ယခုအခါ ဒေသ တွင်းနိုင်ငံ အစိုးရများအတွက် ခေါင်းခဲစရာ ဖြစ်လာသည်။

လှေစီးဒုက္ခသည်များဟု နိုင်ငံတကာက ရည်ညွှန်းခေါ်ဝေါ် ကြသည့် ဘင်္ဂါလီများ၏ အဓိက ဦးတည်ရာသည် မလေးရှားနှင့် အင်ဒိုနီးရှားတို့ ဖြစ်ကြပြီး အဆို ပါ နှစ်နိုင်ငံတွင် အိုင်အက်စ်၏ ကွန်ရက်များက ခြေကုပ်ယူ လှုပ် ရှားနေပြီ ဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာလာသည့် ဘင်္ဂါလီများ သည် အိုင်အက်စ်အတွက် လူ သစ်စုဆောင်းပေးရန် လုပ်ဆောင် နေသူများအတွက် လွယ်ကူသော ပစ်မှတ်များ ဖြစ်လာနိုင် သည်။ ပြီးခဲ့သည့် နှစ်အနည်းငယ် အတွင်း ဘင်္ဂါလီ တစ်သိန်းမျှထိ မြန်မာနိုင်ငံကို စွန့်ခွာထွက်ပြေးခဲ့ သည်ဟုလည်း ယူဆရသည်။
ဆီးရီးယားနှင့် အီရတ်တို့ တွင် နယ်မြေ အမြောက်အမြားကို သိမ်းပိုက်ပြီး ရက်စက်ကြမ်းကြုတ် သည့် နည်းလမ်းများဖြင့် အုပ်ချုပ် နေသည့် အိုင်အက်စ် စစ်သွေးကြွ များအတွက် အင်ဒိုနီးရှားနိုင်ငံ သား ၇၀၀ ခန့်နှင့် မလေးရှားနိုင်ငံ သား ၂၀၀ ခန့်မျှ  ပါဝင်တိုက်ခိုက် လျက် ရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်က စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း ကလည်း အရှေ့တောင်အာရှ သည် အိုင်အက်စ် တပ်ဖွဲ့၏ အင် အားဖြည့်တင်းရေး စီမံကိန်းများ တွင် မျက်စိကျစရာ ရပ်ဝန်း တစ်ခု ဖြစ်လာကြောင်း သတိပေးခဲ့ သည်။
‘‘အရှေ့တောင် အာရှဟာ အိုင်အက်စ်အတွက် လူသစ်စု ဆောင်းရာ အဓိက ဗဟိုချက် ဖြစ် လာပါတယ်။ အိုင်အက်စ်မှာ အင် ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံသား တွေ အများကြီး ပါဝင်နေတယ်။ အဲဒီနိုင်ငံသား တွေက သူတို့ကိုယ် တိုင် သီးခြားယူနစ်တစ်ခုတောင် ဖွဲ့စည်းထားနိုင်တယ်’’ ဟု လီက ဆိုသည်။
စင်ကာပူ ဝန်ကြီးချုပ်က အိုင်အက်စ်၏ တပ်ဖွဲ့ခွဲ တစ်ခုဖြစ် သည့် ကာတီဘာ နျူဆန်တာရာ ကို ရည်ညွှန်းပြောကြားခဲ့ခြင်း ဖြစ် သည်။
ဒေသခံ တိုင်းရင်းသားများ နှင့် ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် နောက် ဘင်္ဂါလီ ထောင်ပေါင်းများ စွာတို့သည် မြန်မာနိုင်ငံကို စွန့်ခွာ ရန် နှစ်စဉ်နှစ်တိုင်း အားထုတ် ကြိုးပမ်းနေကြသည်။
ယင်းအခြေအနေက ဘင်္ဂါလီ များကို စစ်သွေးကြွများအဖြစ် ပြောင်းလဲသွားရန် တွန်းအားတစ် ရပ်လည်း ဖြစ်နိုင်ကြောင်း လူ့အ ခွင့်အရေး စောင့်ကြည့်အဖွဲ့၏ အာရှဆိုင်ရာ ဌာန လက်ထောက် ညွှန်ကြားရေးမှူး ဖီးလ် ရောဘတ် ဆန်က မှတ်ချက်ပြုထားသည်။
ဘင်္ဂါလီများကို မည်သည့် နိုင်ငံကမျှ လက်မခံလိုကြဘဲ ရှိနေ ချိန်တွင် မိသားစု စားဝတ်နေရေး အတွက် ငွေကြေးပြတ်လပ်လာပါ က အိုင်အက်စ်တို့နှင့် ပူးပေါင်း ခြင်းသည် အဆိုပါ လူ့အဖွဲ့အ စည်းအတွက် အလွယ်ကူဆုံး၊ အ လျင်မြန်ဆုံး ဖြေရှင်းမှု ဖြစ်လာ နိုင်သည်။
စင်ကာပူရှိ S.Rajaratnam နိုင်ငံတကာကျောင်းမှ သုတေသီ တစ်ဦးဖြစ်သည့် ဂျက်စ်မင်ဒါဆင်း က အစွန်းရောက် အစ္စလာမ်မစ် ဝါဒီများနှင့် အိုင်အက်စ်ကို ထောက်ခံ အားပေးသူများက ဘင်္ဂါလီများ အနေဖြင့် ဆီးရီးယား သို့ သွားရောက်ကာ အိုင်အက်စ် အဖွဲ့နှင့် ပူးပေါင်းသင့်ကြောင်း အွန်လိုင်းတွင် ဝါဒဖြန့် လှုံ့ဆော် စာများ တောက်လျှောက်ရေးသား လွှင့်တင်နေကြောင်း ဆိုသည်။
ထို့အပြင် အိုင်အက်စ်တို့ အနေဖြင့် တစ်ကမ္ဘာလုံးအဆင့် အစ္စလာမ်မစ် နိုင်ငံတော် နယ် နိမိတ် ဖြန့်ကြက်ရေး ရည်ရွယ်ချက် အရ အရှေ့တောင်အာရှနိုင်ငံ အချို့ကို အကြမ်းဖက် တိုက်ခိုက် လာနိုင်ကြောင်းလည်း ဆင်းက သတိပေးခဲ့သည်။
‘‘ကာတီဘာ နျူဆန်တာရာ တပ်ဖွဲ့ခွဲဟာ မလေးရှား ဘာသာ နဲ့ ရေးသားထားတဲ့ စာစောင် တွေ၊ ဗီဒီယိုတွေကို အသုံးပြုပြီး လူသစ် စုဆောင်းမှု လုပ်ငန်းစဉ် တွေကို အရှိန်အဟုန်မြှင့်တင်လာ နေပါတယ်။ မလေးရှားမှာ အိုင် အက်စ် ထောက်ခံသူ ၁၀၀ ကျော် လောက် ဖမ်းမိတယ်။ အင်ဒိုနီး ရှားမှာတော့ ဒီထက်နည်းတယ်။ မလေးရှားမှာဆိုရင် အိုင်အက်စ် ကို ထောက်ခံသူတွေရဲ့ အကြမ်း ဖက်မယ့် အစီအစဉ်တွေကို ကြား ဖြတ် တားဆီးခဲ့ရတာတွေရှိတယ်။ ဒါတွေကို ကြည့်မယ်ဆိုရင် ကာ တီဘာနျူဆန်တာရာ အဖွဲ့ဟာ အရှေ့တောင် အာရှဒေသကို ခြိမ်း ခြောက်နေကြောင်း ညွှန်ပြနေ တယ်’’ ဟု မကြာသေးမီက ထုတ် ပြန်သည့် အစီရင်ခံစာတစ်စောင် တွင် ဆင်းက ရေးသားထား သည်။
ဘင်္ဂါလီများကို တိုက်ရိုက် ရည်ညွှန်းခြင်း မပြုသော်လည်း စင်ကာပူရှိ နိုင်ငံတကာ မူဝါဒ ရေးရာ ပြင်းထန်မှုနှင့်အကြမ်းဖက် မှု စင်တာမှ အကြီးအကဲဖြစ်သူ ပရော်ဖက်ဆာ ရိုဟန် ဂူနာရတ် နားက ဆင်းရဲကျပ်တည်းသည့် မွတ်စလင်များသည် အိုင်အက်စ် တပ်ဖွဲ့၏ အာရုံကို ဆွဲဆောင် နေကြောင်း ပြောကြားခဲ့သည်။
‘‘အိုင်အက်စ်ရဲ့ လူသစ်စု ဆောင်းရေး လှုပ်ရှားသူတွေဟာ လူ့အသိုက်အဝန်းနဲ့ ကင်းကွာနေ တဲ့ မွတ်စလင်တွေကို ဘယ်လို ဘယ်ပုံနဲ့ အစွန်းရောက်ဝါဒ သွတ် သွင်းရမယ်။ စစ်သွေးကြွလာ အောင်  လုပ်ရမယ် ဆိုတာကို လေး လေးနက်နက် နားလည်ထားပြီး သားပါ’’ ဟု ၎င်းက ဆိုသည်။
၎င်းက ‘‘အိုင်အက်စ်ရဲ့ ဖွဲ့ စည်းပုံက မွတ်စလင် မိသားစု တစ်ခုလုံးကို သိမ်းသွင်းနိုင်တဲ့ထိ လက်တံရှည်တယ်။ အဓိကအား ဖြင့်တော့ အိုင်အက်စ်ဟာ တစ် ဦးချင်း လူစုဖို့ ရည်ရွယ်ခဲ့ပေမယ့် အစ္စလာမ်မစ် နိုင်ငံတော် တည် ဆောက်ရေး ရည်မှန်းချက်ရဲ့ အစိတ်အပိုင်းအရ အခုဆိုရင် မိသားစု တစ်ခုလုံးကို စည်းရုံး သိမ်းသွင်းတာမျိုးထိ လုပ်လာကြ ပါတယ်’’ ဟုလည်း ထောက်ပြခဲ့ သည်။
လူဦးရေ ၅၂ သန်းခန့် နေထိုင် ပြီး တိုင်းရင်းသားမျိုးနွယ် ၁၃၅ မျိုးခန့် စုပေါင်းနေထိုင်သည့် မြန်မာနိုင်ငံတွင် ခိုဝင်ရောက်ရှိ နေသူ ဘင်္ဂါလီ ၁ ဒသမ ၃ သန်းခန့် ကို နိုင်ငံသားအဖြစ် လက်ခံရန် အစိုးရက ငြင်းဆန်ထားသည်။
မြန်မာအစိုးရက ဘင်္ဂါလီ များသည် အိမ်နီးချင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်မှ ကျူးကျော်ဝင် ရောက်လာသူများဟု စွပ်စွဲထား ပြီး ဘင်္ဂလားဒေ့ရှ်ကလည်း ၎င်း တို့ နိုင်ငံသားများ မဟုတ်ဟု ငြင်း ချက်ထုတ်ထားသည်။
ပြီးခဲ့သည့် သီတင်းပတ်က နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းတွင် ဘင်္ဂါလီများကို ထည့် သွင်းတွက်ချက်မှု မပြုဘဲ ချန် လှပ်ထားခဲ့သည်။
(မှတ်ချက်- သန်းခေါင်စာ ရင်း ကောက်ယူရာတွင် ဘင်္ဂါလီ အချို့မှာ လူမျိုး၌ ရိုဟင်ဂျာဟု ဖြည့်စွက်ခြင်းနှင့် လုံခြုံရေး အခြေ အနေကြောင့် သန်းခေါင်စာရင်း တွင် ဘင်္ဂါလီအများစု မပါဝင်နိုင် ခြင်းဟု တာဝန်ရှိသူများက ပြော ကြားထားသည်။)
ဘင်္ဂါလီများသည် နယ်မြေ သစ် ရွှေ့ပြောင်း အခြေချရန် ကြိုးစားရာမှ ပင်လယ်ထဲတွင် လှေ များဖြင့် မျောပါနေသလို အရှေ့ တောင်အာရှနိုင်ငံ အစိုးရများက လူမှောင်ခိုဂိုဏ်းများကို ဖိနှိပ်ဖြို ခွင်းချိန်တွင် လူမှောင်ခိုသမားများ ၏ စွန့်ပစ်ခြင်းကိုလည်း ခံနေရ သည်။
(ဇွန်လ ၂ရက်တွင် News−week ၌ ဖော်ပြသော Isis look to resruit Rohingya Muslims fleeing Myanmar ဆောင်းပါးကို ဇွဲရဲဝင့် ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)
(မှတ်ချက်- ယခုဆောင်းပါး သည် Newsweek ၏ အာဘော်သာ ဖြစ် ပြီး စာဖတ်သူများ ဖတ်ရှုနိုင်ရန် ဘာသာပြန်ဖော်ပြခြင်း ဖြစ်ပါ သည်)

No comments:

Post a Comment