Thursday 4 June 2015

ကျန်းမာရေးအတွက် စားသုံးသင့်သည့် အစားအသောက်များ

ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရပြည့်ဝသော အစားအစာများ မှာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ပြီး အောက်ပါ အစားအစာများကို ပုံမှန်စားသုံးပေးသင့်သည်။
အဆီဓာတ်ပါဝင်သော ငါးများမှာ အိုမီဂါ-၃ ဓာတ်ကြွယ်ဝပြီး အိုမီဂါ-၃ နှင့် အိုမီဂါ-၆ အဆီဓာတ်အချိုးညီစွာပါဝင်ရေး အ ထောက်အကူဖြစ်သည်။ ငါးသေတ္တာ၊ တူနာနှင့် ဆယ်လ်မွန်ငါး တို့မှာ ယင်းအတွက်အရေးပါသည်။
Broccoli ဟုခေါ်သော ပန်းဂေါ်ဖီစိမ်းမှာလည်း အကျိုးကျေးဇူး များစွာရှိပြီး မလိုအပ်သည့် အဆီများကိုစုပ်ယူဖယ်ရှားပေးသည်။ ကြက်ဥမှာ သက်သတ်လွတ်သမားများပင်စားသုံးသင့်ပြီး ကျန်းမာ ရေးနှင့်ညီသော အဆီများ၊ ပရိုတိန်းဓာတ်များပါဝင်သည်။ နံနက်စာ အဖြစ်စားသုံးပါက အထူးသင့်လျော်ကောင်းမွန်သည်။

Spinah ဟုခေါ်သော ဒေါက်ခွရွက်များတွင် ကယ်လ်ဆီယမ်နှင့် မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး အသား၊ ငါးများနှင့် ရောနှော၍ လည်းကောင်း၊ ပြုတ်၍၊ ဟင်းချိုလုပ်၍သော်လည်းကောင်း စားသုံး နိုင်သည်။ ဘယ်ရီသီးများမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ကာ သကြားပါဝင်မှုလည်း နည်းပါးသည်။ အာဟာရဓာတ် အညီညွတ်ဆုံး အသီးများအဖြစ် စားသုံးသင့်သည်။

ထို့အပြင် အခွံမာသီးအစေ့အဆန်များမှာ ထမင်းစားချိန်တစ်ခုနှင့် တစ်ခုကြား အဆာပြေစားသုံးရန် သင့်လျော်သည်။ အကျိုးပြု အဆီဓာတ်များနှင့် ပရိုတိန်းဓာတ်ကြွယ်ဝသည်။ အနီးအနားတွင် ထား၍ သရေစာအဖြစ်စားသုံးနိုင်သည်။

ခရမ်းချဉ်သီးများမှာ နေ့လယ်စာ၊ ညစာများတွင် ထည့်သွင်းစားသုံးနိုင်သည်။ ခရမ်းချဉ်သီးတွင်ပါဝင်သော လိုင်ကိုပင်းနှင့် အနီရောင်အင်ဇိုင်းများမှာ ကင်ဆာရောဂါကိုကာကွယ်ကြောင်း လူသိများသည်။ သွေးတိုးရောဂါကို ထိန်းပေးသလို ဗီတာမင်အေနှင့် ကေဓာတ်များလည်း ကြွယ်ဝသည်။

တစ်ခါတစ်ရံ အနီရောင်အသားများကိုလည်း စားသုံးပေးသင့်သည်။ ယင်းအတွက် အာဟာရမျှခြေညီပြီး စိတ်ကျေနပ်ပြည့်ဝမှု လည်း ရစေပါသည်။

အညိုရောင်ချောကလက်များမှာလည်း အခြားကျန်းမာရေးနှင့် မညီညွတ်သော အချိုပွဲများစားသုံးမိခြင်းမှကာကွယ်ရန် အဆင် သင့်ထားရှိသင့်သော အစားအစာဖြစ်သည်။ ကိုကိုး ၆၀ ရာခိုင်နှုန်း ခန့်ပါဝင်၍ နှလုံးနှင့် အသည်းအတွက် ကောင်းမွန်သည်။

အနီရောင်ဝိုင်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်၍ အရက်ထက်စာလျှင် ရွေးချယ်စရာအဖြစ်ထားရှိသောက်သုံးပေးနိုင်သည်။                                                      

—Ref: TOI

No comments:

Post a Comment