Monday 16 March 2015

ကျောင်းနေအရွယ် ဒေသခံလူငယ် (၆) ဦးအား KIA အဖွဲ့မှ လူသစ် အဖြစ် ဖမ်းဆီးခေါ်ဆောင်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် ဒေသခံ မိန်းကလေး (၃)ဦးနှင့် ယောက်ျား လေး (၃) ဦးအား ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။

တနိုင်းမြို့နယ်၊ တဗျီချောင်းလည်စခန်းမှ KIA အဖွဲ့ဝင်များသည် မတ်လ ၁၁ ရက်နေ့၊ ညနေ ၃ နာရီအချိန် ခန့်တွင် တနိုင်းမြို့နယ်၊ လမုန်ကျေးရွာ အနီးသို့ရောက်ရှိလာပြီး ၎င်းကျေးရွာအနီးတွင် ငါးရှာရာမှ ပြန် လာသော မောင်အားဆာဝူ၊ အသက်(၂၅)နှစ်၊ လီဆူ/ခရစ်ယာန်၊ တောင်သူ၊ အမှတ်(၂)ရပ်ကွက်၊ လမုန်ကျေးရွာ၊ တနိုင်းမြို့နယ်၊ အောင်အားဖူ၊ အသက် (၁၆)နှစ်၊ လီဆူ/ခရစ်ယာန်၊ တောင်သူ၊ အမှတ်(၅)ရပ်ကွက်၊ လမုန်ကျေးရွာ၊ တနိုင်းမြို့နယ်၊ မောင်အားခီ၊ အသက်(၁၅)နှစ်၊ လီဆူ/ခရစ်ယာန်၊ တောင်သူ၊ အမှတ်(၅)ရပ်ကွက်၊ လမုန်ကျေးရွာ၊ တနိုင်းမြို့နယ်၊ မညီဆာဝူး(ခ)မအားညီ၊ အသက်(၁၃)နှစ်၊ လီဆူ/ ခရစ်ယာန်၊ သတ္တမတန်း၊ အမှတ်(၂)ရပ်ကွက်၊ လမုန်ကျေးရွာ တနိုင်းမြို့နယ်၊ မဒူးလီဟဲ(ခ)မအားဒူ၊ အသက်(၁၄)နှစ်၊ လီဆူ/ခရစ်ယာန်၊ အဌမတန်း၊ အမှတ်(၄)ရပ်ကွက်၊ လမုန်ကျေးရွာ၊ တနိုင်းမြို့နယ်နှင့် မချာယော်နို(ခ)မအားချာ၊ အသက်(၁၄)နှစ်၊ လီဆူ/ ခရစ်ယာန်၊ အဌမတန်း၊ အမှတ်(၄)ရပ်ကွက်၊ လမုန်ကျေးရွာ၊ တနိုင်းမြို့နယ်နေ သူများအား လူသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ၎င်းတို့၏ မိသားဝင် တစ်ဦးမှ ပြောပြပါသည်။
ယင်းကဲ့သို့ ဖမ်းဆီးခံရသူများထဲတွင် အသက်(၁၃)နှစ်နှင့် (၁၄) နှစ်အ ရွယ်ကျောင်းသူ များပါရှိနေခြင်းကြောင့် ၎င်းတို့၏ မိဘများမှာ စိုးရိမ်သော က ရောက်နေကြကြောင်းနှင့် KIA အဖွဲ့သည် အသက်မပြည့်သူများနှင့် အသက်အရွယ်ကြီးရင့်သူများအား ဖမ်းဆီးခေါ်ဆောင်ပြီး ပိုက် ဆံဖြင့် ပြန်ရွေး ခိုင်းခြင်းများ ပြုလုပ်လျက် ရှိကြောင်း လမုန်ကျေး ရွာဒေသခံ တစ်ဦးမှ လည်း ပြောပြခဲ့ပါသည်။
Credit စိုင်းနောင်မျိုး( တနိုင်း)
Shan News

No comments:

Post a Comment