Monday 16 March 2015

မြန်မာနိုင်ငံတွင်မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးဆယ်မျိုး ဈေးကွက်တွင်းတွေ့ရှိ

မြန်မာနိုင်ငံ တွင် မှတ်ပုံတင်ထားခြင်းမရှိသော ဈေးကွက်အတွင်းရှိ ဆေးဝါး ၁ဝ မျိုး ကို အစားအသောက်နှင့်ဆေးဝါး ကွက်ကဲရေးဦးစီးဌာနမှ စိစစ်တွေ့ရှိ ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်သတင်းများအရ သိ ရသည်။

အဆိုပါဆေးဝါးများမှာ ဆေး ဘူးတွင် တရုတ်စာများဖြင့်ဖော်ပြ ထားသော ဆေးနာမည် T
estosterone Propionate Injec- tion(25mg/ml),
Vitamin B1 Injection (50mg/2ml),
Vitamin B12 Injection (0.5mg/ml),
Oxytetracycline Tablet (Hua Sha တံဆိပ်) နှင့်
Xinxian gshi Chan gle P'cal Co.,Ltd မှ Vita- min C Injection (0.25g/2ml),
Yusongyuan P'cals Co., Ltd မှ Vitamin B6 Injection,
Tinjin P'cal Group Xz(China)Co., Ltd မှ Analgin Vitamin (0.5g /2ml),
Shanxi Tianyuan P'cal Co., Ltd မှ Banlangen Zhu- sheye Injection,
Shanxi Hengruida P'cal Co.,Ltd မှ Phen- olphthalein Tablet,
Yuson- gyuan P'cals Co., Ltd မှ Vitamin C Vitamin(0.25g/2ml) တို့ ဖြစ် ကြောင်း ဖော်ပြထားသည်။
''ဈေးကွက်တွေထဲမှာရှိနေတာ ကတော့ တချို့တွေကတော့ ဘာ ဆေးမှန်းမသိဘူး။ တရုတ်စာသား တွေပဲဆိုတော့။ ဆရာမတို့လက်ခံ တာကဆေးဆိုရင် အင်္ဂလိပ်ဆေး တွေပဲ လက်ခံတာ၊ ဆရာဝန်ညွှန်ကြား ချက်နဲ့ပဲ သုံးသင့်တယ်။ ဆေးတွေ ကိုမလိုလားအပ်ဘဲနဲ့၊ ဘာမှန်းမသိ ဘဲနဲ့ သုံးမယ်ဆိုရင်ရောဂါမပျောက်တဲ့ အပြင်အန္တရာယ်တွေဖြစ်နိုင်တယ်''ဟု အစားအသောက်နှင့် ဆေးဝါးကွပ် ကဲရေးဦးစီးဌာန (FDA)မှ ဒေါက် တာသိင်္ဂီဇင်(ဆေးဝါးဌာန၊ ညွှန်ကြား ရေးမှူး)ကပြောသည်။
ယင်းတို့သည်ပြည်သူများသာ မက ဆေးဝါးလုပ်ငန်းကို လုပ်ကိုင်နေ ကြသည့် ဖြန့်ဖြူးရောင်းချသူများပါ မိမိတို့နိုင်ငံတွင်ရှိသည့် တည်ဆဲ ဥပဒေကို လိုက်နာသင့်ကြောင်း သိရ သည်။
''မှတ်ပုံတင်မရှိဘူးဆိုတော့အတု လားအစစ်လားဆိုတာမသိဘူး။ ဘေး အန္တရာယ် ကင်းရှင်းမှုလဲ မရှိနိုင်ဘူး။ ဆေးတွေတရားဝင်မှတ်ပုံတင်သွင်း ပြီးလုပ်တယ်ဆိုရင် ဒီဆေးတွေရဲ့ ကောင်းကျိုးဆိုးကျိုးတွေကိုတာဝန်ခံ ပေးမယ့်သူရှိတယ်။ အခုဆေးတွေက ကျတော့ ဘယ်သူမှတာဝန်ခံပေးမယ့် သူမရှိဘူး။ အဲဒါကြောင့်အများပြည် သူတွေသိရှိအောင်လို့အသိပေးကြေ ညာခြင်းဖြစ်ပါတယ်''ဟုဒေါက်တာ သိင်္ဂီဇင်က ဆက်လက်ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသောဆေးဝါးများ ကို အများပြည်သူများသုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲကြပ်မတ်လျက်ရှိ ရာ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထား ခြင်းမရှိသည့် တရားမဝင်ဆေးဝါး ၁ဝ မျိုးကို တွေ့ရှိခဲ့ကြောင်း မတ် ၁၅ ရက် ထုတ်နိုင်ငံပိုင်သတင်းစာတွင် ဖော် ပြထားသည်။
အများပြည်သူများအနေဖြင့် မြန် မာနိုင်ငံတွင်မှတ်ပုံတင်ထားခြင်းမရှိ သောဆေးဝါးများကို ဝယ်ယူသုံးစွဲခြင်း မပြုကြရန်နှင့် မြန်မာနိုင်ငံတွင်မှတ် ပုံတင်ရရှိထားသော ဆေးဝါးများကို သာ ဆရာဝန်ညွှန်ကြားချက်ဖြင့် ဝယ် ယူသုံးစွဲကြရန် အသိပေးကြေညာ ထားသည့်အပြင် ပြည်သူ့ကျန်းမာရေး အတွက် စောင့်ရှောက်မှုဆောင်ရွက် ပေးသူများနေဖြင့် မိမိတို့သုံးစွဲနေသည့် ဆေးဝါးများနှင့်ပတ်သက်၍ သံသယ ဖြစ်ဖွယ်တစ်စုံတစ်ရာရှိပါက သတင်း ပေးပို့အကြောင်းကြားနိုင်ပါကြောင်း အသိပေးနှိုးဆော်ထားသည်။
ဆေးဝါးတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီ၊ ဆေးဝါးရောင်းချသည့် ဆေး ဆိုင်များသည် မြန်မာနိုင်ငံတွင်မှတ်ပုံ တင်ထားခြင်းမရှိသော ဆေးဝါးများ၊ ဆေးအတုများကို တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းလုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း မှ အမျိုးသားဆေးဝါးဥပဒေပုဒ်မ(၁၈) အရ တရားစွဲဆိုအရေးယူမည်ဖြစ် ကြောင်း အသိပေးပြောကြားသည်။
''လက်ရှိမှာလဲ အမျိုးသားဆေး ဝါးဥပဒေအရအရေးယူတာတွေရှိပါ တယ်''ဟုယင်းကဆိုသည်။
KTM
Yangon Media Group

No comments:

Post a Comment