Monday 16 March 2015

စားသုံးဆီများ၏အရည်အသွေးနှင့် စံချိန်စံညွှန်းကို သေချာစွာကိုင်တွယ် စစ်ဆေးရန်လိုအပ်ဟု ဆီလုပ်ငန်းရှင်အချို့ဆို


စားသုံးဆီများ၏ အရည်အသွေးနှင့် စံချိန်စံညွှန်း ကို သေချာစွာ ကိုင်တွယ်စစ်ဆေးခြင်း မရှိပါက စားသုံးသူများနှင့်မှန်ကန် စွာ ရောင်းချသူများပါ ထိခိုက်နစ်နာ မှုများရှိနိုင်ကြောင်း ပြည်တွင်းဆီ လုပ်ငန်းရှင်အချို့က ဆိုသည်။

လက်ရှိ ပြည်တွင်းရောင်းချနေသည့် စားသုံးဆီအရည်အသွေးဆိုင် ရာ (Edible Oil System) ကို ထိရောက်စွာ စစ်ဆေးမှုများမပြုလုပ် နိုင်သည့်အတွက် ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့်ဆီများကို ဓာတု ဗေဒပစ္စည်းတွေသုံးပြီး အနံ့ထည့် တာတွေ၊ ရောနှောဆီတွေကို ဈေး ကွက်အတွင်း ရောင်းချမှုများ ဖြစ် ပေါ်လာနိုင်ကြောင်း ယင်းတို့ပြော ကြားချက်အရ သိရသည်။
မြောက်ဥက္ကလာပမြို့နယ်ရှိ ဆီရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင် သူတစ်ဦးက ''ဆီနဲ့ပတ်သက်တဲ့ စံချိန်စံညွှန်းတွေကို သေချာမစိစစ် နိုင်ဘူးဆိုရင် စားသုံးသူတွေတင် မဟုတ်ဘူး ရိုးရိုးသားသားရောင်းတဲ့ လုပ်ငန်းရှင်တွေမှာပါ ထိခိုက်နိုင်တယ်။ အချို့ပဲဆီဆိုရင် သူတို့မှာအရောတွေ ပါတဲ့ အတွက် ဈေးသက်သာတယ်။ ပစ္စည်းအမှန်ရောင်းတဲ့သူက ဘယ် လိုမှ သူတို့ဈေးကို လျှော့မရောင်းနိုင် ဘူး။ တစ်ခါတလေဝယ်သူတွေက ဈေးကြီးမှ စစ်တယ်ထင်တတ်တာကို အခွင့်ကောင်းယူပြီးတော့ အဲဒီဆီ ကိုပဲ ဈေးတင်ရောင်းတာမျိုးတွေ လုပ်နေတော့ ဝယ်တဲ့သူတွေကအတု ကို ဈေးကြီးပေးဝယ်နေတဲ့အဖြစ်မျိုး ရောက်နေတယ်'' ဟုဆိုသည်။
လက်ရှိ စားသုံးသူ အကာအ ကွယ်ပေးရေးဆိုင်ရာ ဥပဒေကိုပြဋ္ဌာန်း ထားသော်လည်း နည်းဥပဒေမထွက် ပေါ်သေးဘဲ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း ဆီလုပ်ငန်းရှင်များထံမှ သိရသည်။
ဧရာဝတီ မြေပဲဆီလုပ်ငန်းမှ ဦးခင်စိုးက ''လက်ရှိစားဆီနဲ့ ပတ်သက်ပြီး နိုင်ငံပေါင်း ၁၆၀ လောက် က လက်ခံထားတဲ့ စံချိန်စံညွှန်းကို ဒီမှာအသုံးပြုနေတယ်။ဒါပေမဲ့ထိထိ ရောက်ရောက်မရှိဘူး။ စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာနည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့ စည်း မျဉ်းစည်းကမ်းတွေ အမြန်ဆုံးသတ် မှတ်နိုင်ဖို့လိုနေတယ်''ဟု ဆိုသည်။
လက်ရှိ စားသုံးရန်မသင့်သော စားသောက်ကုန်များ ရောင်းချမှုများ ကို အရေးယူမှုများဆောင်ရွက်နိုင် ရန်အတွက် စားသုံးသူအငြင်း ပွားမှု ဖြေရှင်းရေးအဖွဲ့များကို ဖွဲ့စည်းထားပြီး သတင်းပေးတိုင်ကြားမှု အ ပေါ်မူတည်ကာ စစ်ဆေးအရေးယူ သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ကူး သန်းရောင်းဝယ်ရေးနှင့် စားသုံးသူ ရေးရာ ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦး က ''စားဆီကတော့ စားသုံးဖို့သင့်၊ မသင့်ဆိုတာ မြင်ရုံနဲ့မပြောနိုင်ဘူး။FDA မှာ စစ်ဆေးပြီးကြေညာပေးမှ သာသိနိုင်မယ်။ စားသုံးဖို့မသင့်တာ တွေကို မရောင်းချဖို့အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ လက်ရှိ ဥပဒေထွက်သွားပြီးပြီဆို တော့ အရေးယူလို့တော့ရနေပြီ။ အဲဒီအတွက် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့တွေ ဖွဲ့စည်းထား ပါတယ်။ နည်းဥပဒေလည်း မကြာခင် ထုတ်ပြန်နိုင်အောင် စီစဉ်နေပါ တယ်။ တိတိကျကျမဟုတ်ဘဲအရေး ယူလို့မရတဲ့အတွက် စားသုံးသူတွေ ဘက်ကလဲ သတင်းပေးတိုင်ကြား ပေး ဖို့လိုပါတယ်''ဟုဆိုသည်။
AK
Democracytoday

No comments:

Post a Comment