Monday 16 March 2015

နစ်မြုပ်ခဲ့သည့်ခရီးသည်တင် သင်္ဘော၏ကပ္ပတိန်မှာ ပျောက်ဆုံးနေ၊ ယင်းအား သင်္ဘောကို ပေါ့လျော့စွာ မောင်းနှင်မှုဖြင့် အမှုဖွင့်

ရခိုင်ပြည်နယ် မြေပုံမြို့အနီး နစ်မြုပ်ခဲ့သည့် ကမ်း ရိုးတန်းသွားအောင်တံခွန်(၃)ခရီးသည်တင်သင်္ဘော၏ ကပ္ပတိန်မှာ ပျောက်ဆုံးနေပြီး ယင်းအားပေါ့လျော့ စွာမောင်းနှင်မှုကြောင့် လူသေစေ မှုပုဒ်မ-၃၀၄(က)ဖြင့် အမှုဖွင့်လှစ် ထားကြောင်း ရခိုင်ပြည်နယ်ရဲတပ် ဖွဲ့ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြီးဘိုဘိုဦးက ပြောသည်။''သင်္ဘောကပ္ပတိန်ကတော့ ပျောက်နေဆဲဖြစ်ပါတယ်။ ကျန်တဲ့ သင်္ဘောဝန်ထမ်းတွေကိုတော့ စုံစမ်း စစ်ဆေးရေးအဖွဲ့တွေက စတင်စစ် ဆေးနေပါတယ်။ သင်္ဘောကပ္ပတိန် ကိုတော့ မြေပုံမြို့နယ်ရဲစခန်းမှာ (ပ) နံပါတ်၂၂/၂၀၁၅ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၀၄(က)နဲ့အမှုဖွင့်စွဲ ဆိုထားပါတယ်''ဟု ဒုတိယပြည် နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဘိုဘိုဦး က မတ် ၁၅ရက်က ဒီမိုကရေစီတူ ဒေးသတင်းစာသို့ ပြောသည်။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ- ၃၀၄ (က)မှာပေါ့လျော့စွာပြုမူမှုကြောင့် လူသေစေမှုအတွက် ပြဋ္ဌာန်းထား ခြင်းဖြစ်ပြီး ထောင်ဒဏ်ခုနစ်နှစ်အ ထိ ချမှတ်နိုင်သည့်ပုဒ်မဖြစ်ကြောင်း သိရသည်။
သင်္ဘောနစ်မြုပ်မှုကြောင့် အ သက်မသေဘဲ လွတ်မြောက်ခဲ့သူ များ၏အဆိုအရ သင်္ဘောနစ်မြုပ် တော့ မည့်အချိန်တွင် သင်္ဘောတာ ဝန်ရှိသူများက အသက်ကယ်လှေများဖြင့် ကိုယ်လွတ်ရုန်းကာ ထွက် ပြေးခဲ့သည်ဟု ပြောသည်။
''သင်္ဘောထဲရေဝင်တဲ့အချိန်မှာ ခရီးသည်တွေက အောက်ကိုဆင်း ပြီး ရေခပ်ထုတ်ကြတယ်။ သင်္ဘောတာဝန်ရှိသူတွေကကိုယ်လွတ်ရုန်း ပြီး အသက်ကယ်လှေနဲ့ဆင်းကျန်ခဲ့ ကြတယ်။ ဝန်ထမ်းတစ်ယောက်နှစ် ယောက် ပဲကျန်ခဲ့တယ်''ဟု သင်္ဘော နစ်မြုပ်ရာမှ လွတ်မြောက်ခဲ့သူ စစ်တွေမြို့နယ်အောင်ဒိုင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ပြည်တွင်းရေကြောင်းပို့ဆောင် ရေးမှ ရခိုင်ပြည်နယ်ရေကြောင်းပြေး ဆွဲနေသောခရီးသည်တင် အောင် တံခွန်(၃)နှစ်ထပ်သင်္ဘောသည် မတ် ၁၂ရက်ညပိုင်းတွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှစတင်ထွက်ခွာလာခဲ့ပြီး မတ် ၁၃ရက်တွင် ကျောက် ဖြူမြို့ ယင်းမှတစ်ဆင့်စစ်တွေမြို့သို့ ဆက်လက်ထွက်ခွာလာရာ မတ် ၁၃ရက်ည ရနာရီဝန်းကျင်တွင် မြေပုံ မြို့နယ် မြောက်ကျွိန်ကျွန်းအနီးနစ် မြုပ်ခဲ့ခြင်းဖြစ်ကာ (နစ်မြုပ်ရသည့် အကြောင်းရင်းကို စုံစမ်းဆဲ)အဆိုပါ နစ်မြုပ်မှုကြောင့် ခရီးသည် ၄ဝနီး ပါးသေဆုံးခဲ့ရသည်။
YM
Democracytoday

No comments:

Post a Comment