Thursday 26 March 2015

ရန်ကုန်မြို့ရှိ ဘတ်စ်ကားများ ဘေးကင်းလုံခြုံမှုမရှိကြောင်း စစ်တမ်းကဖော်ပြ



ရန်ကုန်မြို့ရှိ ဘတ်စ် ကားစီး ခရီးသည်များ၏ ၇၁ ရာခိုင်နှုန်းက  ၎င်းတို့ နေ့စဉ်စီးနင်း အသုံးပြုနေသည့် ဘတ်စ်ကားများသည် ဘေးကင်းလုံခြုံမှုမရှိသကဲ့ သို့ သက်သောင့်သက်သာလည်း မရှိဟု ခံစားနေရကြောင်း မြန်မာနိုင်ငံ မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်နှင့် ပတ်သက်၍ ကောက်ယူသည့် စစ်တမ်းတွင် ခရီးသည်များက ဖြေကြားခဲ့သည်။


 အဆိုပါစစ်တမ်းကို ပြည် တွင်း  ကားအရောင်းအ၀ယ်ဈေး ကွက်  ၀က်ဘ်ဆိုက်တစ်ခုဖြစ် သည့် Motors.com.mm မှ အမျိုးသား ၇၆ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၂၄ ရာခိုင်နှုန်းပါဝင်သည့် ခရီး သည်တင် ဘတ်စ်ကားစီးနင်းသူဦး ရေ ငါးရာကို သုံးလကြာ စစ်တမ်း ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ရန်ကုန်က ပြည်သူအများ စုဟာ ဘတ်စ်ကားတွေကို အဓိက မှီခိုအားထားနေရပါတယ်။ ဘေး ကင်းလုံခြုံမှုအပြည့်အ၀ရှိပြီး သက် သောင့်သက်သာရှိတဲ့ အများပြည် သူသယ်ယူပို့ဆောင်ရေးစနစ်က နိုင်ငံသားတစ်ဦးချင်းရဲ့ အလုပ် လုပ်နိုင်စွမ်းကို တိုးတက်နိုင်စေ တာကြောင့် ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံ အတွက် အားတစ်ခုဖြစ်စေနိုင်ပါ တယ်’’ဟု Motors.com.mm ၏ Country မန်နေဂျာ Ms. Rianne Roggema က အကြံပြုသည်။

လူဦးရေ ခြောက်သန်းကျော် ရှိသည့် ရန်ကုန်မြို့တွင် ဘတ်စ် ကားစီးနင်းသူပေါင်း ၃ဒသမ၇ သန်းခန့်ရှိသည့်အတွက်မြို့ တစ်မြို့ တွင်ရှိသော  လူဦးရေ၏  ၈၀ ရာခိုင်နှုန်း ဘတ်စ်ကားစီးနင်းနေ သောကြောင့် ပြည်သူများဘေး အန္တရာယ်ကင်းစွာ စီးနင်းနိုင်ရေး သည် အရေးကြီးသည့် အခန်း ကဏ္ဍတွင် ပါဝင်နေကြောင်း အဆိုပါစစ်တမ်းတွင် ဖော်ပြထားသည်။


‘‘ပိုမိုကောင်းမွန်တဲ့ အများ ပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်ဖြစ်ဖို့ မထသမှာ တိုက်ရိုက် အာဏာမရှိပါဘူး။ ဒါကိုတော့ ပြည်ထောင်စုအစိုးရအဖွဲ့၊ ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က ဦးစီးပြီး လုပ်နေပါတယ်။ အ များပိုင်ကုမ္ပဏီဖွဲ့စည်းဖို့ အမျိုး သားသယ်ယူပို့ဆောင်ရေး မဟာ စီမံကိန်းပြဋ္ဌာန်းဖို့ အဓိကထား လုပ်ဆောင်နေပါတယ်’’ဟု မထသ (ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

ရန်ကုန်မြို့တွင်း အသုံးပြု နေသော ခရီးသည်တင် ဘတ်စ် ကားများတွင် ၁၉၆၅ မော်ဒယ် Hino BM Bus များ၊ ဟောင်းနွမ်းနေသော ဘတ်စ်ကားများ၊ လုပ်ငန်းသုံးနှင့် ကုန်တင်ကားအဖြစ် ထုတ်လုပ်ထားသော်လည်း လိုအပ်ချက်အရ ခရီးသည်တင်ကားအဖြစ် ပုံစံပြောင်းထားသည့် ဒိုင်နာကားများ   တွေ့ရှိနေရဆဲဖြစ်ကြောင်း  အဆိုပါစစ်တမ်းတွင် ဖော်ပြထားသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနမှ နောက်ဆုံးထုတ်ပြန်ထားသည့် စာရင်းများအရမြန်မာတစ်ပြည်လုံးတွင် ၂၄,၁၉၀ စီးရှိပြီး ရန်ကုန်တိုင်းတွင် ၁၄,၄၅၅ စီးရှိကြောင်း သိရသည်။
7 day

No comments:

Post a Comment