Thursday 26 March 2015

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမြေနေရာတွင် ၀င်ရောက်ကျူးကျော်နေထိုင်မှုအား အင်အားသုံးဖယ်ရှား



ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ်၊ ကြက်ချောင်းကျေးရွာမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အတွက်လျာထား တဲ့ မြေဧက ၂၀၀ ထဲမှာ ၀င်ရောက် ဆောက်လုပ်ထားတဲ့ တဲအိမ်တွေကို မြို့နယ်စည်ပင် ၀န်ထမ်း ၅၀၀ လောက်က ဖြိုချခဲ့ပါတယ်။အဲဒီမြေနေရာမှာ နေထိုင်လာတဲ့နှစ်ကြာပြီဖြစ်တဲ့အတွက် မပြောင်းပေးနိုင်ဘူးလို့ ငြင်းဆန်ခဲ့တဲ့တာကြောင့် အခုလို ဖျက်ဆီးခံရတာဖြစ်တယ်လို့ တဲအိမ် ဖျက်ဆီးခံရသူ ဦးကောက်ကွေး က ပြောပါတယ်။


"ဟိုတုန်းကလည်း ဒေသခံတွေဖြစ်တယ်လေ၊ အဲ့ဒါကို ကျနော်တို့ကလဲစိုက်ပျိုးမြေအဖြစ်နဲ့ တင်ထားပြီး သွားပြီ၊ တင်ထားပြီးသားကို သူတို့ပိုင်ပါတယ်၊ သူတို့နေရာဆို ပြီးတော့ ကျနော်တို့ကို ကျူးကျော်သူအဖြစ်နဲ့ လူပေါင်း ၅၀၀ ကျော်ခန့်လာပြီးတော့ ဖျက်ဆီးတာပါခင်ဗျာ၊ အထွေထွေအုပ်ချုပ်ရေးတွေရော၊ ဒေသခံ အုပ်ချုပ်ရေးတွေရော၊ ကျနော်တို့ကို ပို့တဲ့စာလုံးဝမရှိပါဘူးခင်ဗျ၊ ကျနော်တို့ကြတော့ ကျူးကျော်တယ် တဲ့၊ ဒေသခံတွေနော်၊ ရုပ်ရှင်ကောင်စီကရော မကျူးကျော်ဘူးလားဆိုတော့ နိုင်ငံတော် သမ္မတကြီး က နှုတ်မိန့်နဲ့ ပေးထားလို့ပါလို့ပြောတယ်"

အဲဒီမြေနေရာမှာ အရင်က ယာလုပ်ငန်းလုပ်ကိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က ကြက်ဆူပင် စီမံကိန်းအတွက် သိမ်းဆည်းခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် ကြက်ဆူစိုက်ခင်းတွေ မရှိတော့တာကြောင့် ဒီနှစ်ဆန်းပိုင်းမှာ ပြန်လည် ၀င်ရောက်နေထိုင်ကြတာဖြစ်ပြီး တရားဝင်နေထိုင်ခွင့်ရဖို့ လျှောက်ထား ဆဲဖြစ်ပါတယ်။

အဲဒီမြေဧက ၂၀၀ ကို နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ပြီးခဲ့တဲ့ နှစ်က ပေးအပ်ခဲ့တာဖြစ်ပါတယ်။

RFA Burmese

No comments:

Post a Comment