Thursday 26 March 2015

ဗီယက်နမ် ဆောက်လုပ်ရေးငြမ်းစင်ပြိုကျ၊ ၁၄ ဦး သေဆုံး




ဗီယက်နမ်နိုင်ငံအလယ်ပိုင်းက ဗန်င်အာန် Vung Ang စီးပွားရေးဇုန်မှာ မတ် ၂၅ ရက်ညက ဆောက်လုပ်ရေးငြမ်းစင်ပြိုကျမှုကြောင့် အလုပ်သမား အနည်းဆုံး ၁၄ ဦး သေဆုံးသွားပြီး ၃၀ ကျော် ဒဏ်ရာရရှိတယ်လို့ အစိုးရပိုင်ရုပ်မြင်သံကြားက ကြေညာပါတယ်။


သေဆုံး၊ ဒဏ်ရာရသူတွေအားလုံး ဗီယက်နမ်နိုင်ငံသားတွေလို့ သတင်းမှာ ဖော်ပြပြီး ဒဏ်ရာရရှိသူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်သူတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

မတ် ၂၆ ရက်နေ့ မနက်ပိုင်းမှာ ဗီယက်နမ်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ငြိမ်းစင်အောက်မှာ အသက်ရှင်လျက် ပိတ်မိသူတွေ ရှိမရှိ အရေးပေါ်ရှာဖွေခဲ့ကြတယ်လို့ ဟာထခ်း Ha Tinh ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။
ဒီဆောက်လုပ်ရေးဝန်းဟာ ထိုင်ဝမ်ဖော်မိုဆာအုပ်စုပိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင် ဖြစ်ပါတယ်။

ဒီစီးပွားရေးဇုန်ဟာ ပြီးခဲ့တဲ့နှစ် တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတို့ တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုကို အကြောင်းပြုပြီး တရုတ်လူမျိုးပိုင် စီးပွားရေးလုပ်ငန်းတွေ အဖျက်ဆီးခံရတဲ့ စီးပွားရေးဇုန်လည်း ဖြစ်ပါတယ်။
DVB

No comments:

Post a Comment