Thursday 26 March 2015

ကိုးကန့်တပ်ဖွဲ့ဝင်များ အလင်းဝင်လိုပါက တပ်မတော်က လှိုက်လှဲစွာ ကြိုဆိုမည်ဟုဆို

ကိုးကန့်တပ်ဖွဲ့အနေဖြင့် ၎င်းတို့၏ မှားယွင်းသောလုပ်ရပ်များအပေါ် အမြင်မှန်ရကာ လက်နက်ချ အလင်းဝင် လိုပါက တပ်မတော်က လှိုက်လှဲစွာကြိုဆိုမည်ဟု အသိပေးထားကြောင်း လောက်ကိုင်ဒေသ ဆိုင်ရာ ကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်မှ တပ်မတော် အရာရှိတစ်ဦးက ပြောသည်။

ကိုးကန့်တပ်ဖွဲ့များ လက်နက်ချအလင်းဝင်ရန် မြန်မာ၊ တရုတ် နှစ်ဘာသာဖြင့် ရေးထားသော စာရွက် များကို မတ်လ ၂၄ ရက်မှစတင်ကာ လောက်ကိုင်ဒေသအတွင်း ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး တပ်မတော်က တရားဝင် သတင်းထုတ်ပြန်ခြင်းမဟုတ်ဘဲ လောက် ကိုင်ဒေသဆိုင်ရာကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်၏ အစီ အစဉ်ဖြင့် လုပ်ဆောင် ခြင်းဖြစ်နိုင်ကြောင်း ဒကစ (လောက်ကိုင်)နှင့် နီးစပ်သည့် တပ်မတော်အရာရှိ တစ်ဦး က ပြောသည်။

ဒကစ (လောက်ကိုင်) သို့ 7Day Daily က ဖုန်းဖြင့် ဆက် သွယ်မေးမြန်းရာ ကိုးကန့်တပ်ဖွဲ့ လက်နက်ချ အလင်းဝင်ရန် အ ကြောင်းကြားထားကြောင်း အတည်ပြုချက်ပေးသည်။

တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ လက်နက်ချအလင်းဝင်နိုင်ပြီး ဆက်သွယ်ရမည့် ဖုန်း နံပါတ်များလည်း ကြေညာထား ကြောင်း ဒကစ (လောက်ကိုင်) မှ တပ်မတော်အရာရှိတစ်ဦးက တရားဝင်ပြောသည်။ လောက် ကိုင် ဒေသတွင် ဖေဖော်ဝါရီ ၉ ရက်မှစတင်ကာ အစိုးရ တပ်မတော်နှင့် ဖုန်ကြားရှင်၏ ကိုးကန့် တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးများသည့်အပြင် အရပ်သားများလည်း သေဆုံးဒဏ်ရာ ရမှုများ ရှိခဲ့သည်။

သမ္မတက ရက်ကိုးဆယ်ကြာ စစ်အုပ်ချုပ်ရေး ကြေညာထားပြီး လက်ရှိအချိန်အထိ တိုက်ပွဲများ ဖြစ်ပွားနေ ဆဲဖြစ်သည်။

7Day DAILY

No comments:

Post a Comment