Thursday 26 March 2015

သစ်ခိုးထုတ်သူများကို ရှင်းလင်းစဉ် ကေအိုင်အေနှင့် တိုက်ပွဲကိုးကြိမ်ဖြစ် ပွားဟု တပ်မတော်ထုတ်ပြန်


တစ်ဖက်နိုင်ငံသို့ သစ်ခိုး ထုတ်နေသော အဖွဲ့များကို တပ်မတော်စစ်ကြောင်းများက နယ် မြေရှင်းလင်းရေး ဆောင်ရွက်ရာမှကေအိုင်အေနှင့်သုံးရက်အတွင်း ထိတွေ့တိုက်ပွဲ ကိုးကြိမ်ဖြစ်ပွားခဲ့ပြီးသစ်တင်ယာဉ် ၂၇ စီးသိမ်းဆည်းရမိခဲ့ကြောင်း မြန်မာ့တပ်မတော်  က မတ်လ ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။

တပ်မတော်လေ့ကျင့်ရေး ဂျက်လေယာဉ်များ လေ့ကျင့်ပျံ သန်းစဉ် မန်စီမြို့နယ် ပလောင် ဒိန်ဆာရွာနှင့် မဂျီဂွမ်ရွာကြားတွင် တရားမ၀င်သစ်များ တင်ဆောင်လာသည့် ယာဉ်တန်းကို တွေ့ရှိခဲ့ကြောင်း သတင်း ပေးပို့ ချက်အရ နယ်မြေရှင်းလင်းမှုများ ဆောင် ရွက်ခဲ့ရာ ကေအိုင်အေနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း  ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

  နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော စစ်ကြောင်း များကို ကေအိုင်အေက လောင် ချာ၊ လက်နက် ငယ်များဖြင့် စတင်  တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး  တပ်မတော်က  လေကြောင်းပစ်ကူတစ်ကြိမ်ဆောင်ရွက် ခဲ့ရကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ထုတ်ပြန်ချက်တွင် သစ်ခိုး ထုတ်အဖွဲ့များကို အကာအကွယ်  ပေးနေသော ကေအိုင်အေနှင့် မတ်လ ၂၁ မှ ၂၃ ရက်အထိ ထိ တွေ့တိုက်ပွဲကိုးကြိမ်  ဖြစ်ပွားခဲ့ ပြီး သစ်တင်ယာဉ် ၂၇ စီး သိမ်း ဆည်းရမိခဲ့ကြောင်း ဖော်ပြထား သည်။

 ဒေသတွင်း အရပ်ဘက်အ ဖွဲ့အစည်းများကမူ တစ်ဖက်နိုင်ငံ သို့  ခိုးထုတ်သည့်သစ်များမှာ အစိုးရထိန်းချုပ် နယ်မြေ ဘက်မှ ၀င်ရောက်လာခြင်းဖြစ်ကြောင်း ထောက်ပြသည်။

ရန်ကုန်မြို့သို့ ရောက်ရှိနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိ နှိုင်းရေးအဖွဲ့ (NCCT) ခေါင်း ဆောင်တချို့က တိုက်ပွဲများဖြစ် ပွားခဲ့ခြင်းနှင့် ပတ်သက်၍ အသေး စိတ်မသိရှိရသေးသော်လည်း သစ်ကိစ္စနှင့် စပ်လျဉ်း၍ ဖြစ်ပွား ခဲ့သည်ဟု သိရ ကြောင်း ဆိုသည်။

ကေအိုင်အိုပြောရေးဆိုခွင့် ရှိသူ ဦးလနန်က အစိုးရတပ်က ကေအိုင်အေ တပ်မဟာ(၃) လက်အောက် စခန်းကို လေကြောင်းပစ်ကူအပါအ၀င် လက်နက်ကြီးများဖြင့်  တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲပြန်လည် ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍  ရန်ကုန်မြို့သို့ ရောက်ရှိနေသော  ကိုယ်စားလှယ်အဖွဲ့မှ တစ်ဆင့် အစိုးရ ဘက် သို့ အကြောင်းကြားထားခဲ့ကြောင်း 7Day Dailyအား  ပြောကြား သည်။

တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ ရခြင်းနှင့်ပတ်သက်၍ အစိုးရနှင့် ကေအိုင်အိုတို့ မတ်လကုန်တွင် သီးခြား အလွတ် သဘော ဆွေး နွေးဖွယ်ရှိကြောင်း သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment