Friday 30 January 2015

တက္ကသိုလ်ကျောင်းသားဘဝမှ မူးယစ်ဆေးကြောင့် ထောင်နန်းစံဘဝရောက်ရမှု များစွာ ဖြစ်ပေါ် နေ၊ အချို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှာ မူးယစ်ဆေးဝါးရောင်းသည့် အဖွဲ့များနှင့် ချော်လဲ ရောထိုင်ပြုလုပ်နေဟု လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား

တက္ကသိုလ် ကျောင်းသားဘဝမှ မူးယစ်ဆေးကြောင့် ထောင်နန်းစံဘဝရောက်ရမှုများစွာဖြစ်ပေါ်နေပြီး အချို့မြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ မူးယစ်ဆေးဝါးရောင်းသည့် အဖွဲ့ များနှင့် ချော်လဲ ရောထိုင်ပြုလုပ်နေ ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များက ပြောသည်။

ဇန်နဝါရီ ၂၉ရက်တွင် ကျင်းပ သည့်ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစောသိန်းအောင်က ယနေ့လက် ရှိအခြေအနေတွင် ဒေသန္တရရပ် ကွက်၊ ကျေးရွာကျေးလက်များ၌ ပိုမို ဆိုးရွားလာသည့် မူးယစ်ဆေးဝါးသုံးစွဲ မှုကို အပြီးသတ်တားဆီးနှိမ်နင်းရေး အတွက် ဒေသန္တရရပ်ကွက်၊ ကျေး လက်မူးယစ်ဆေးဝါးသုံးစွဲမှုကာကွယ် တားဆီးရေးအဖွဲ့များကို နိုင်ငံတော်မှ ဦးဆောင်ဖွဲ့စည်းပေးရန် ပြည်ထောင်စု အစိုးရသို့တိုက်တွန်းကြောင်း အဆိုကို လွှတ်တော် အတွင်းတင်သွင်းဆွေးနွေးစဉ် လွှတ်တော်ကိုယ်စားလှယ် များက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

အဆိုအား ထောက်ခံခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဆေးဝါက ''ကျွန်မရဲ့ ဘားအံ မဲဆန္ဒ နယ်ထဲမှာရှိတဲ့ တက္ကသိုလ် ကျောင်းသားလူငယ်ထုထဲမှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေက အင်မတန်မှကို များပြားနေတာတွေ့ရပါတယ်။ မိဘတွေအနေနဲ့ကတော့ ငွေကုန်ကြေးကျ ခံပြီးတော့ ပညာသင်ကြားစေ ပေမယ့် တက္ကသိုလ်ကျောင်းသားတွေဟာ ကျောင်း သားဘဝကနေ မူးယစ်ဆေး ကြောင့် ထောင်နန်းစံရတဲ့ ဘဝတွေ ရောက်ကုန် တာ တော်တော်များများ ဖြစ်နေကြပါပြီ''ဟု ဆိုသည်။

မူးယစ်ဆေးကြောင့် ကျေးလက် နေလူငယ်အချို့မှာလည်း ခေတ်သစ် အင်္ဂုလိမာလများဖြစ်နေကြောင်း ဒေါ်နန်းဆေးဝါက လွှတ်တော်အ တွင်းပြောကြားခဲ့သည်။

''ဒီလွှတ်တော်မတိုင်ခင်လေးမှာပဲဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်တစ်ခုကတော့ မူးယစ်ဆေးဝါးလိုအပ်နေချိန်မှာ အမေ ကို တောင်းပါတယ်။ အဲဒီအချိန်မှာ အမေက ပိုက်ဆံမပေးတဲ့အတွက်ကြောင့် ဓားနဲ့လိုက်ခုတ်ပါတယ်။ အဲဒါကြောင့် ရွာထဲကလူတွေ ကအမေဖြစ်သူကို ဝှက်ထားတော့ အဲဒီသူကဝှက်ထားရကောင်း လား ဆိုပြီး ကိုယ့်အိမ်ကို မီးပြန်ပြီးတော့ ရှို့ပါတယ်။ အိမ်ထဲမှာရှိတဲ့သူ့မိသား စုဝင်တစ်ဦးကတော့ အသက်ဆုံးရှုံး သွားပါ တယ်။ ဒါက တကယ့်အဖြစ် အပျက်တွေပါ''ဟု ဒေါ်နန်းဆေးဝါက မူးယစ်ဆေးဝါးကြောင့် လက်တွေ့ဘဝ တွင်ဖြစ်ပေါ်နေမှုများအား လွှတ်တော် အတွင်းပြောကြားခဲ့သည်။

အဆိုပါ အကြောင်းများကြောင့် ဒေသန္တရ ရပ်ကွက်၊ ကျေးလက်မူးယစ်ဆေးဝါး သုံးစွဲမှု ကာကွယ်တားဆီး ရေးအဖွဲ့ကို နိုင်ငံတော်မှဦးဆောင် ဖွဲ့စည်းပေးရန် ပြည်ထောင်စုအစိုး ရသို့ တိုက်တွန်းကြောင်းအဆိုကို တင်သွင်းဆွေးနွေးခဲ့ကြသည်။

ယင်းအဆိုအပေါ် ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဗိုလ် မှူးချုပ်ကျော်ဇံမြင့်က မူးယစ်ဆေးဝါး တား ဆီး ကာကွယ်ရေးလုပ်ငန်းများကို တိုင်းရင်းသားပြည်သူများပါဝင် ဆောင်ရွက်နိုင်ရန် ဥပဒေတစ်ရပ်ပြ ဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ရပ်ကွက် သို့မဟုတ်ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုအဖွဲ့အစည်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ရန်တာဝန်ပေးအပ်ပြီးဖြစ်ကြောင်းနှင့် ရပ်ကွက် သို့ မဟုတ် ကျေး ရွာအုပ်စုများတွင်လည်း မူးယစ်ဆေးဝါးများနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အန္တရာယ် တားဆီး ကာကွယ် ရေးအဖွဲ့အစည်းများကို ဖွဲ့စည်းတာ ဝန်ပေးအပ်ထားပြီးဖြစ်ခြင်းတို့ကြောင့် ရပ်ကွက် ကျေးလက်မူးယစ်ဆေးဝါး သုံးစွဲမှုကိုကာကွယ်တားဆီးရေးအဖွဲ့ကိုဖွဲ့စည်းဖို့ ထပ်မံမလိုအပ်ပါသဖြင့် ယင်းအဆိုအား မှတ်တမ်းတင် ထားရှိသင့်ပါကြောင်းသာ လွှတ်တော် အတွင်း ပြောကြားခဲ့သည်။ 

ယင်းသို့ဒုတိယဝန်ကြီး၏ပြောကြားချက်အပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးစောသိန်းအောင် က'' ပြည်ထောင်စုဝန်ကြီးရဲ့ဖြေကြား ချက်ကိုပြန်လည်ကြားရတဲ့အခါ ကျွန်တော်တို့ကျေးလက်ဒေသတွေမှာ မူးယစ်ဆေးဝါးတားဆီးရေးကို ကျေးလက်က အုပ်ချုပ်ရေးမှူးကို တာဝန်ပေးထားတယ်ဆိုတာ အခုမှပဲသိရ ပါတယ်။ ပြီးခဲ့တဲ့ မေးခွန်းတွေ မေးတုန်းက ဘာမှကျွန်တော် တို့မသိခဲ့ပါဘူး။ ဒီလိုသာဆိုရင် ကျွန်တော့် အနေ နဲ့ အကြံပြုချင်တာက ကျေးရွာအုပ်ချုပ်ရေးမှူးဟာ သူ့ကျေးရွာမှာ ငါးယောက်၊ ခုနစ်ယောက်နဲ့အဲ ဒီအဖွဲ့ကို ဖွဲ့ဖို့ မလုံလောက်ပါဘူး။ မူးယစ်ဆေးဝါးရောင်း ဝယ်နေတဲ့အဖွဲ့ တွေက လက်နက်ကိုင် အဖွဲ့ အစည်း တချို့နဲ့လဲ သက်ဆိုင်နေ ကြပါတယ်။ ဒါကြောင့်မို့လူနည်းနည်းလေးနဲ့မ ဟုတ်ဘဲ ကျေးရွာမှာရှိတဲ့ လူအများ စုနဲ့ဌာနအများစုနဲ့ပူးပေါင်းပြီး ဆောင်ရွက်မယ်ဆိုရင် ပိုပြီးတော့ ထိရောက် အောင်မြင်မှာ ဖြစ်ပါ တယ်။ အချို့ဒေသတွေမှာဆိုရင် အုပ်ချုပ်ရေးမှူးတွေဟာ မူးယစ်ဆေးဝါးရောင်းဝယ် လုပ်ကိုင်နေတဲ့အဖွဲ့ တွေနဲ့ ချော်လဲရော ထိုင်တာမျိုးလဲရှိပါတယ်။ လက်နက် အချို့ကိုင်ဆောင်ထားတဲ့အတွက် မသိချင်ယောင် ဆောင်နေတာတွေလဲ ရှိပါတယ်။ လူအများစုအားနဲ့မူးယစ်ဆေး ဝါးကိုတားဆီးရမှာဖြစ်လို့ လွှတ်တော်ရဲ့ ဆုံးဖြတ်မှုကိုပဲ ခံယူချင်ပါတယ်'' ဟု လွှတ်တော်အတွင်း ပြောသည်။

အဆိုအပေါ် လွှတ်တော်၏အဆုံးအဖြတ်ကိုခံယူရာ ဆန္ဒမဲပေးခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၃၆ဝဦး တွင် ၃၄၃ဦးမှ အဆိုကို ထောက်ခံခဲ့ သဖြင့် ဒေသန္တရ ရပ်ကွက်၊ ကျေးရွာကျေးလက်များ၌ ပိုမိုဆိုးရွား လာသည့် မူးယစ်ဆေးဝါးသုံးစွဲမှုကို အပြီးသတ်တားဆီးနှိမ်နင်းရေးအတွက် ဒေသန္တရ ရပ်ကွက်၊ ကျေးလက် မူးယစ်ဆေးဝါးသုံးစွဲမှု ကာကွယ်တားဆီးရေးအဖွဲ့များကို နိုင်ငံတော်မှ ဦးဆောင်ဖွဲ့စည်းပေးရန် ပြည် ထောင်စု အစိုးရသို့ တိုက် တွန်းကြောင်း အဆိုအား လွှတ်တော်က အတည်ပြုခဲ့သည်။

YM
Democracytoday‬

No comments:

Post a Comment