Friday 30 January 2015

စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦးသေဆုံးမှု အမှုမှန်ပေါ်ပေါက်ရန် စုံစမ်းစစ်ဆေးမှုတွင် တပ်မတော်က အပြည့်အဝကူညီနေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါးကျေးရွာရှိ ခရစ်ယာန်ဘာသာရေး ကျောင်းဝင်းအတွင်း စေတနာ့ ဝန်ထမ်း ကျောင်းဆရာမနှစ်ဦးသေဆုံးမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် တပ်မတော် အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ စုံစမ်းစစ်ဆေးမှုများတွင် အပြည့်အဝဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးလျက်ရှိနေကြောင်း သိရသည်။

ဇန်နဝါရီ ၁၉ရက်တွင် ရှမ်း ပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကြူကုတ်မြို့နယ် ကောင်းခါးကျေးရွာရှိ ကေဘီစီ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ်မှ လုပ်အားပေးဆရာမ နှစ်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး ယင်း တို့နှစ်ဦးသေဆုံသည့် ကျေးရွာတွင် တပ်မတော်စစ်ကြောင်း ရောက်ရှိနေ ချိန်ဖြစ်သဖြင့် လုပ်အားပေးကျောင်း ဆရာမနှစ်ဦးသေဆုံးမှုအပေါ် တပ်မတော်သားများအား တရားခံဟု လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းအချို့မှ စွပ်စွဲပြောဆိုမှုများ ပြုလုပ်ခဲ့ခြင်းအပေါ် ယင်းကဲ့သို့ လုပ်ဆောင်ချက်များဖြင့် အမှုမှန် ပေါ်ပေါက် ရေး လုပ်ဆောင် နေခြင်းဖြစ်ကြောင်း သိရသည်။

ကောင်းခါးကျေးရွာ ဖြစ်စဉ် မှာ အခင်းဖြစ်ပွားခဲ့သည့် နေ့ရက် ဇန်နဝါရီ ၁၉ရက် ညနေ ၆နာရီခွဲ ခန့်တွင် ကောင်းခါးကျေးရွာသို့ ရောက် ရှိ အခြေပြုခဲ့ကြောင်း၊ တပ်မတော် စစ်ကြောင်း ရောက်ရှိတည်းခိုသည့် အဆောက်အအုံနှင့် အခင်းဖြစ်ပွား သည့်နေအိမ်သည် မီတာ ၅၀၀ ခန့် ဝေးကွာကြောင်း၊ စစ်ကြောင်း ရောက်ရှိချိန်တွင် ပြဿနာဖြစ်ပွားမှုနှင့် တိုက်ဆိုင်မှုရှိခဲ့သဖြင့် ယုံမှားသံသယရှိမှုအပေါ် တပ်မတော် အနေဖြင့် လိုအပ်သော စုံစမ်းစစ်ဆေးမှုများတွင်လည်း အပြည့်အဝဝိုင်းဝန်းကူညီ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရ သည်။

''မှုခင်းပိုင်းဆိုင်ရာနဲ့ မျက်မြင်တွေ့ရှိချက်တွေ၊ ပူးပေါင်းစစ်ဆေးရေး အဖွဲ့တွေရဲ့ စစ်ဆေးဖော်ထုတ်ချက် များအရ တရားခံဟာ တပ်မတော်သားတွေမဟုတ်ဘူးလို့ သုံးသပ်ရပါတယ်၊ သိရှိရပါတယ်''ဟု တပ်မတော် မှ အဆင့်မြင့်အရာရှိတစ်ဦး က ပြောသည်။

တပ်မတော်အနေဖြင့် ဖြစ်စဉ် ဖြစ်ပွားချိန်တွင် ကောင်းခါးကျေးရွာ အနီး ရောက်ရှိနေသော တပ်မတော် စစ်ကြောင်းအား နယ်မြေလုံခြုံရေး ဆောင်ရွက်ရန် သီးခြားတာဝန်များ ပေးအပ်ရန် ရှိသော်လည်း ထပ်မံ တာ ဝန်ပေးအပ်ခြင်းမပြုဘဲ အမှုမှန်ပေါ်ပေါက်စေရေးအတွက် စစ်ဆေးဖော်ထုတ်ရာတွင် ပါဝင်ကူညီ ဆောင်ရွက်နိုင်ရန် ကောင်းခါးကျေးရွာ၌ပင် ယခုလက်ရှိအချိန်ထိ ဆက်လက်အခြေပြု နေထိုင်လျက်ရှိသည် ဟု ဆိုသည်။

အဆိုပါ စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး သေဆုံးခြင်း နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု များပြီးဆုံး၍ အမှုမှန်ပေါ်ပေါက်ချိန် တွင် တပ်မတော်အား မဟုတ်မမှန် ရေးသားပြောဆိုမှုများကို တရား ဥပဒေအရ ဖြေရှင်းမည်ဖြစ်ကြောင်း လည်း သိရသည်။

YM
Democracytoday‬

No comments:

Post a Comment