Thursday 23 October 2014

ထိုင်းရှေ့နေကောင်စီက မြန်မာလုပ်သားနှစ်ဦးဘက်မှ စုံစမ်းဖော်ထုတ်မည်

Photo: ထိုင်းရှေ့နေကောင်စီက မြန်မာလုပ်သားနှစ်ဦးဘက်မှ စုံစမ်းဖော်ထုတ်မည်
Thursday, October 23, 2014

ထိုင်းနိုင်ငံရှေ့နေ များကောင်စီက မြန်မာလုပ်သား နှစ်ဦး၏ အမှုကို ၎င်းတို့အဖွဲ့မှ စစ်ဆေးမှုအထူးကျွမ်းကျင် ၁၂ ဦး ဖြင့်စုံစမ်းဖော်ထုတ်သွားမည်ဖြစ် ကြောင်း အဆိုပါကောင်စီက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

အောက်တိုဘာ ၂၂ ရက်တွင်ထိုင်းနိုင်ငံရှေ့နေများကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြန် မာလုပ်သားနှစ်ဦး၏ အမှုကို စစ်ဆေးရန်အတွက် လူဦးရေ ၁၇ ဦး ဖြင့် ဖွဲ့စည်းထားပြီး ကောင်စီ၏ စရိတ်ဖြင့် စုံစမ်းဖော်ထုတ်ပေးသွားမည်ဟု မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ထံ လာရောက်ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘အခင်းဖြစ်ပွားတဲ့နေ့ ကတည်းက အမှုကို မသင်္ကာဖြစ်ခဲ့တာပါ။ ဘယ်လိုနည်းနဲ့ ကူညီပေးရမယ်ဆိုတာ စဉ်းစားနေတာပါ။ သံအမတ် ကြီးက ကူညီခွင့်ပေးလို့လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် တို့အဖွဲ့က ဒီအမှုကို စစ်ဆေးဖို့ လူဦးရေ ၁၇ ဦးနဲ့ ဖွဲ့စည်းထားပါ တယ်။ အဲဒီထဲကမှ ဒီအမှုကို စစ် ဆေးဖို့အတွက် ကျွမ်းကျင်တဲ့ရှေ့ နေ ၁၂ ဦးနဲ့ စစ်ဆေးသွားမှာပါ။ ကုန်ကျစရိတ်တွေလည်း ပေးစရာ မလိုပါဘူး’’ဟု ထိုင်းနိုင်ငံရှေ့နေ များကောင်စီ ဥက္ကဋ္ဌက သံအမတ် ကြီး ဦးဝင်းမောင်အား ပြောသည်။

ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီသည် အောက်တိုဘာ ၂၁ရက်က ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦးနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာလုပ်သား နှစ်ဦးအား စစ် ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ ကြောင်း အဆိုပါကောင်စီဥက္ကဋ္ဌ က ပြောသည်။

‘‘ကျွန်တော်တို့အဖွဲ့အစည်း က အစိုးရနဲ့လည်း အမှီအခိုကင်း သလို ရဲတပ်ဖွဲ့နဲ့လည်း အမှီအခို ကင်းပါတယ်’’ဟု ထိုင်းနိုင်ငံရှေ့ နေများကောင်စီ ဥက္ကဋ္ဌက ဆက် လက်ပြောကြားသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးအား အာမခံရရှိရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး အာမခံရရှိရန် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၀ သန်းနှင့် ထိုင်းနိုင်ငံ သူဌေးလေးဦးက အာမခံပေးရမည်ဖြစ်ကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ ဦးကျော်သောင်းက ပြောသည်။

ထိုင်းနိုင်ငံရှေ့များကောင် စီနှင့် ထိုင်းနိုင်ငံလူ့အခွင့်ရေးရာ ကောင်စီတို့သည် ဖမ်းဆီးခံမြန်မာ လုပ်သားနှစ်ဦးတို့၏ မိဘများနှင့် တွေ့ဆုံခဲ့ပြီး အတတ်နိုင်ဆုံးကူညီ မှုများ ဆောင်ရွက်ပေးသွားမည် ဟု ကတိပေးသွားခဲ့သည်။ ဖမ်းဆီး ခံ မြန်မာလုပ်သားနှစ်ဦး၏ မိဘ များ ထိုင်းနိုင်ငံလေဆိပ်သို့ ရောက်ရှိလာချိန်တွင် ထိုင်းနိုင်ငံအခြေ စိုက် မီဒီယာများနှင့် ပြည်ပမီဒီယာ များမှ သတင်းထောက် ၁၀၀ ၀န်း ကျင်လာရောက် သတင်းယူခဲ့ကြ သည်။ အဆိုပါ သတင်းထောက် များသည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့ သတင်းယူရန် စောင့်ဆိုင်းနေသည်ကို တွေ့မြင်ရသည်။

7Day DAILY

ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ရောက်ရှိလာသော လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သား ဝင်းဇော်ထွန်း၏ ဖခင်ကို ထိုင်းဘုရင်ဓာတ်ပုံကိုင်ဆောင်လျက်တွေ့ရစဉ် (ဓာတ်ပုံ − ရိုက်တာ)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ရောက်ရှိလာသော လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာလုပ် သား ဝင်းဇော်ထွန်း၏ ဖခင်ကို ထိုင်းဘုရင်ဓာတ်ပုံကိုင်ဆောင်လျက်တွေ့ရစဉ် (ဓာတ်ပုံ − ရိုက်တာ)
ထိုင်းနိုင်ငံရှေ့နေ များကောင်စီက မြန်မာလုပ်သား နှစ်ဦး၏ အမှုကို ၎င်းတို့အဖွဲ့မှ စစ်ဆေးမှု အထူး ကျွမ်း ကျင် ၁၂ ဦး ဖြင့်စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း အဆိုပါကောင်စီက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

အောက်တိုဘာ ၂၂ ရက်တွင်ထိုင်းနိုင်ငံရှေ့နေများကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြန် မာလုပ်သား နှစ်ဦး၏ အမှုကို စစ်ဆေးရန်အတွက် လူဦးရေ ၁၇ ဦး ဖြင့် ဖွဲ့စည်းထားပြီး ကောင်စီ၏ စရိတ်ဖြင့် စုံစမ်း ဖော်ထုတ်ပေးသွားမည်ဟု မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ထံ လာရောက်ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘အခင်းဖြစ်ပွားတဲ့နေ့ ကတည်းက အမှုကို မသင်္ကာဖြစ်ခဲ့တာပါ။ ဘယ်လိုနည်းနဲ့ ကူညီပေးရမယ်ဆိုတာ စဉ်းစားနေတာပါ။ သံအမတ် ကြီးက ကူညီခွင့်ပေးလို့လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် တို့အဖွဲ့က ဒီအမှုကို စစ်ဆေးဖို့ လူဦးရေ ၁၇ ဦးနဲ့ ဖွဲ့စည်းထားပါ တယ်။ အဲဒီထဲကမှ ဒီအမှုကို စစ် ဆေးဖို့အတွက် ကျွမ်းကျင်တဲ့ရှေ့ နေ ၁၂ ဦးနဲ့ စစ်ဆေးသွားမှာပါ။ ကုန်ကျစရိတ်တွေလည်း ပေးစရာ မလိုပါဘူး’’ဟု ထိုင်းနိုင်ငံရှေ့နေ များကောင်စီ ဥက္ကဋ္ဌက သံအမတ် ကြီး ဦးဝင်းမောင်အား ပြောသည်။

ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီသည် အောက်တိုဘာ ၂၁ရက်က ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦးနှင့် သွားရောက် တွေ့ဆုံခဲ့ပြီး မြန်မာလုပ်သား နှစ်ဦးအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ကောင်စီ ဥက္ကဋ္ဌ က ပြောသည်။

‘‘ကျွန်တော်တို့အဖွဲ့အစည်းက အစိုးရနဲ့လည်း အမှီအခိုကင်း သလို ရဲတပ်ဖွဲ့နဲ့လည်း အမှီအခို ကင်းပါတယ်’’ဟု ထိုင်းနိုင်ငံရှေ့ နေများကောင်စီ ဥက္ကဋ္ဌက ဆက် လက်ပြောကြားသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးအား အာမခံရရှိရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး အာမခံရရှိရန် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၀ သန်းနှင့် ထိုင်းနိုင်ငံ သူဌေးလေးဦးက အာမခံပေးရမည်ဖြစ်ကြောင်း မြန်မာသံရုံး အထူး အဖွဲ့မှ ဦးကျော်သောင်းက ပြောသည်။

ထိုင်းနိုင်ငံရှေ့များကောင် စီနှင့် ထိုင်းနိုင်ငံလူ့အခွင့်ရေးရာ ကောင်စီတို့သည် ဖမ်းဆီးခံမြန်မာ လုပ်သား နှစ်ဦး တို့၏ မိဘများနှင့် တွေ့ဆုံခဲ့ပြီး အတတ်နိုင်ဆုံးကူညီ မှုများ ဆောင်ရွက်ပေးသွားမည် ဟု ကတိပေး သွားခဲ့သည်။ ဖမ်းဆီး ခံ မြန်မာလုပ်သားနှစ်ဦး၏ မိဘများ ထိုင်းနိုင်ငံလေဆိပ်သို့ ရောက်ရှိလာချိန်တွင် ထိုင်းနိုင်ငံ အခြေစိုက် မီဒီယာများနှင့် ပြည်ပမီဒီယာများမှ သတင်းထောက် ၁၀၀ ၀န်း ကျင်လာရောက် သတင်းယူခဲ့ကြသည်။ အဆိုပါ သတင်းထောက်များသည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့ သတင်း ယူရန် စောင့်ဆိုင်းနေသည်ကို တွေ့မြင်ရသည်။

7Day DAILY

No comments:

Post a Comment