Thursday 23 October 2014

ပစ်ခတ်မှု ဖြစ်ပြီးနောက် ကနေဒါ ပါလီမန် ပိတ်ချထား

Photo: ပစ်ခတ်မှု ဖြစ်ပြီးနောက် ကနေဒါ ပါလီမန် ပိတ်ချထား
Thursday, October 23, 2014

ကနေဒါနိုင်ငံ Ottawa မြို့ ပါလီမန်မှာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့အတွက် လွှတ်တော် အဆောက်အဦးကို ပိတ်ချထားရပါတယ်။

စစ်ဗိမ္မာန်အစောင့် စစ်သားကို သေနတ်သမား တစ်ဦးက ပစ်ခတ်ခဲ့ပြီးနောက် ပါလီမန်ရှိရာဘက်ကို ပြေးလာပြီး အဲဒီမှာ အော်တို သေနတ်တွေနဲ့ ထပ်မံ ပစ်ခတ်မှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။  ရဲတွေက ပြန်လည် ပစ်ခတ်ခဲ့တဲ့ အတွက် သေနတ် သမား သေဆုံးသွားပြီ ဖြစ်ပါတယ်။

သေနတ်သမား ကတော့ အသက် ၃၂ နှစ်အရွယ် ကနေဒါ နိုင်ငံဖွား Michael Zehaf-Bibeau ဖြစ်တယ်လို့ ကနေဒါ သတင်းတစ်ခုက အတည်ပြုပါတယ်။

အဲဒီ သေနတ် သမားနဲ့အတူ နောက်လူတွေ ရှိနိုင်တဲ့အတွက် အနီးအနားက အဆောက်အဦးတွေအထိ ရဲတွေက ရှာဖွေမှု လုပ်နေပါတယ်။ ကနေဒါနိုင်ငံရဲ့ ပါလီမန်ဟာ လူတိုင်း သွားလာနိုင်အောင် လုပ်ထားတာဖြစ်ပြီး အမေရိကန်လို တင်းကြပ်မှု မရှိဘူးလို့ Canadian Press သတင်းသမား Jennifer Ditchbum က ပြောပါတယ်။

ကနေဒါနိုင်ငံ ပါလီမန်ကို လူတိုင်းက အလွယ်တကူ ဝင်ရောက်နိုင်ပြီး အဲဒီလို အခြေအနေကို ကနေဒါ နိုင်ငံသားတွေက ကြိုက်နှစ်သက်ကြတယ်လို့ ဆိုပါတယ်။

လွှတ်တော်အမတ်မဟုတ်တဲ့လူတွေ၊ သတင်းသမား မဟုတ်တဲ့ လူတွေလည်း လွှတ်တော်ကို လည်ပတ်နိုင်ပြီး အဲဒီလို လည်ပတ်ဖို့အတွက် လုံခြုံရေးတော့ ဖြတ်ကျော်ရတယ်လို့ ပြောပါတယ်။

ပါလီမန်ကို ရဲတွေက စောင့်ရှောက်တာမဟုတ်ပဲ ပါလီမန် လုံခြုံရေးတွေက စောင့်ရှောက်တာ ဖြစ်သလို လွှတ်တော်အမတ်ကိုလည်း စောင့်ရှောက်တဲ့ အဖွဲ့တွေရှိတဲ့အတွက် အခုဆိုရင် လုံခြုံရေးအဖွဲ့ ပေါင်းစုံက အတူတူ ပူးပေါင်းနေကြတယ်လို့လည်း ပြောပါတယ်။

ပစ်ခတ်မှု ဖြစ်နေချိန်အတွင်း ကနေဒါ လွှတ်တော်အမတ်တွေ အစည်းအဝေးလုပ်နေချိန် ဖြစ်ပါတယ်။ အခုအခါမှာတော့ ကနေဒါ ဝန်ကြီးကို လုံခြုံရာနေရာ ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်။

ဒီလို ပစ်ခတ်မှု ဘာကြောင့် ဖြစ်ရသလဲ ဆိုတာကို ကနေဒါရဲတွေက ငြင်းဆိုနေပြီး ပါလီမန်အနီးတဝိုက် နေထိုင်သူတွေကိုလည်း နေအိမ်အတွင်းမှာနေပြီး မျက်စိရှင်ရှင် သတိနဲ့ နေကြဖို့ ရဲတွေက ပြောပါတယ်။

ကနေဒါ နိုင်ငံမှာ အကြမ်းဖက်မှု ဖြစ်နိုင်တယ်ဆိုပြီး အကြမ်းဖက်တပ်လှန့်မှုအဆင့်ကို အလယ်အလတ်အဆင့် တိုးမြင့်ပြီး မကြာခင်မှာပဲ အခုလို ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

အင်္ဂါနေ့တုန်းကလည်း Quebec ပြည်နယ်မှာ မွတ်စလင်ဘာသာကို ပြောင်းလဲခံယူခဲ့သူ တစ်ဦးက ရဲနှစ်ကို တမင်တကာ ကားနဲ့တိုက်ခဲ့ရာက ပစ်သတ်ခံခဲ့ရပါတယ်။

အဲဒီလို လုပ်ရပ်ကြောင့် ရဲတစ်ဦး သေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သြစတြေးလျ ပါလီမန်ဟာလည်း လူတိုင်းဝင်ရောက်နိုင်ပေမယ့် အရင်လတွေကစပြီး အကြမ်းဖက်တပ်လှန့်မှု အဆင့်မြှင့်ပြီးနောက်ပိုင်း လက်နက်ကိုင် စစ်သားတွေ၊ ရဲတွေ လွှတ်တော်တွင်းနဲ့ ပြင်ပမှာ လုံခြုံရေးယူထားလိုက်ပြီ ဖြစ်ပါတယ်။

ABC Radio Australia

ပါလီမန်အတွင်းက ရဲတွေက သေနတ်သမားကို ပစ်သတ်ခဲ့ (Credit: AFP)
ပါလီမန်အတွင်းက ရဲတွေက သေနတ်သမားကို ပစ်သတ်ခဲ့ (Credit: AFP)
ကနေဒါနိုင်ငံ ​Ottawa ​မြို့ ​ပါလီမန်မှာ ​ပစ်ခတ်မှုတွေ ​ဖြစ်ခဲ့တဲ့အတွက် ​လွှတ်တော် အဆောက်အဦးကို ​ပိတ်ချထားရပါတယ်။
စစ်ဗိမ္မာန်အစောင့် ​စစ်သားကို ​သေနတ်သမား တစ်ဦးက ​ပစ်ခတ်ခဲ့ပြီးနောက် ​ပါလီမန်ရှိရာဘက်ကို ​ပြေးလာပြီး ​အဲဒီမှာ ​အော်တို ​သေနတ်တွေနဲ့ ​ထပ်မံ ​ပစ်ခတ်မှုတွေ ​လုပ်ခဲ့တာ ​ဖြစ်ပါတယ်။  ​ရဲတွေက ​ပြန်လည် ​ပစ်ခတ်ခဲ့တဲ့ အတွက် ​သေနတ် ​သမား ​သေဆုံးသွားပြီ ​ဖြစ်ပါတယ်။

သေနတ်သမား ကတော့ ​အသက် ​၃၂ ​နှစ်အရွယ် ​ကနေဒါ ​နိုင်ငံဖွား ​Michael ​Zehaf-Bibeau ​ဖြစ်တယ်လို့ ​ကနေဒါ ​သတင်းတစ်ခုက ​အတည်ပြုပါတယ်။

အဲဒီ ​သေနတ် ​သမားနဲ့အတူ ​နောက်လူတွေ ​ရှိနိုင်တဲ့အတွက် ​အနီးအနားက ​အဆောက်အဦးတွေအထိ ​ရဲတွေက ​ရှာဖွေမှု ​လုပ်နေပါတယ်။ ​ကနေဒါနိုင်ငံရဲ့ ​ပါလီမန်ဟာ ​လူတိုင်း ​သွားလာနိုင်အောင် ​လုပ်ထားတာဖြစ်ပြီး ​အမေရိကန်လို ​တင်းကြပ်မှု ​မရှိဘူးလို့ ​Canadian ​Press ​သတင်းသမား ​Jennifer ​Ditchbum ​က ​ပြောပါတယ်။

ကနေဒါနိုင်ငံ ​ပါလီမန်ကို ​လူတိုင်းက ​အလွယ်တကူ ​ဝင်ရောက်နိုင်ပြီး ​အဲဒီလို ​အခြေအနေကို ​ကနေဒါ ​နိုင်ငံသားတွေက ​ကြိုက်နှစ်သက်ကြတယ်လို့ ​ဆိုပါတယ်။

လွှတ်တော်အမတ်မဟုတ်တဲ့လူတွေ၊ ​သတင်းသမား ​မဟုတ်တဲ့ ​လူတွေလည်း ​လွှတ်တော်ကို ​လည်ပတ်နိုင်ပြီး ​အဲဒီလို ​လည်ပတ်ဖို့အတွက် ​လုံခြုံရေးတော့ ​ဖြတ်ကျော်ရတယ်လို့ ​ပြောပါတယ်။

ပါလီမန်ကို ​ရဲတွေက ​စောင့်ရှောက်တာမဟုတ်ပဲ ​ပါလီမန် ​လုံခြုံရေးတွေက ​စောင့်ရှောက်တာ ​ဖြစ်သလို ​လွှတ်တော်အမတ်ကိုလည်း ​စောင့်ရှောက်တဲ့ ​အဖွဲ့တွေရှိတဲ့အတွက် ​အခုဆိုရင် ​လုံခြုံရေးအဖွဲ့ ​ပေါင်းစုံက ​အတူတူ ​ပူးပေါင်းနေကြတယ်လို့လည်း ​ပြောပါတယ်။

ပစ်ခတ်မှု ​ဖြစ်နေချိန်အတွင်း ​ကနေဒါ ​လွှတ်တော်အမတ်တွေ ​အစည်းအဝေးလုပ်နေချိန် ​ဖြစ်ပါတယ်။ ​အခုအခါမှာတော့ ​ကနေဒါ ​ဝန်ကြီးကို ​လုံခြုံရာနေရာ ​ပို့ဆောင်လိုက်ပြီ ​ဖြစ်ပါတယ်။

ဒီလို ​ပစ်ခတ်မှု ​ဘာကြောင့် ​ဖြစ်ရသလဲ ​ဆိုတာကို ​ကနေဒါရဲတွေက ​ငြင်းဆိုနေပြီး ​ပါလီမန်အနီးတဝိုက် ​နေထိုင်သူတွေကိုလည်း ​နေအိမ်အတွင်းမှာနေပြီး ​မျက်စိရှင်ရှင် ​သတိနဲ့ ​နေကြဖို့ ​ရဲတွေက ​ပြောပါတယ်။

ကနေဒါ ​နိုင်ငံမှာ ​အကြမ်းဖက်မှု ​ဖြစ်နိုင်တယ်ဆိုပြီး ​အကြမ်းဖက်တပ်လှန့်မှုအဆင့်ကို ​အလယ်အလတ် အဆင့် ​တိုးမြင့်ပြီး ​မကြာခင်မှာပဲ ​အခုလို ​ပစ်ခတ်မှု ​ဖြစ်ပွားခဲ့တာပါ။

အင်္ဂါနေ့တုန်းကလည်း ​Quebec ​ပြည်နယ်မှာ ​မွတ်စလင်ဘာသာကို ​ပြောင်းလဲခံယူခဲ့သူ ​တစ်ဦးက ​ရဲနှစ်ကို ​တမင်တကာ ​ကားနဲ့တိုက်ခဲ့ရာက ​ပစ်သတ်ခံခဲ့ရပါတယ်။

အဲဒီလို ​လုပ်ရပ်ကြောင့် ​ရဲတစ်ဦး ​သေဆုံးပြီး ​နောက်တစ်ဦး ​ဒဏ်ရာရရှိခဲ့ပါတယ်။

သြစတြေးလျ ​ပါလီမန်ဟာလည်း ​လူတိုင်းဝင်ရောက်နိုင်ပေမယ့် ​အရင်လတွေကစပြီး ​အကြမ်းဖက် တပ်လှန့်မှု ​အဆင့်မြှင့်ပြီးနောက်ပိုင်း ​လက်နက်ကိုင် ​စစ်သားတွေ၊ ​ရဲတွေ ​လွှတ်တော်တွင်းနဲ့ ​ပြင်ပမှာ ​လုံခြုံရေးယူထားလိုက်ပြီ ​ဖြစ်ပါတယ်။

ABC Radio Australia

No comments:

Post a Comment