Thursday 23 October 2014

အကြမ်းဖက်ရိုက်နှက် ခြောက်လှန့် စစ်ဆေးခံခဲ့ရကြောင်း ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးပြော

Photo: အကြမ်းဖက်ရိုက်နှက် ခြောက်လှန့် စစ်ဆေးခံခဲ့ရကြောင်း ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးပြော
Thursday, October 23, 2014

ဘန်ကောက်- ထိုင်းရဲတပ်ဖွဲ့သည် မြန်မာလုပ်သား နှစ်ဦးအား စစ် ဆေးစဉ်က အကြမ်းဖက် ရိုက်နှက် စစ်ဆေးခဲ့ပြီး နှုတ်အားဖြင့် ကြောက်လန့်အောင် ပြောဆိုမှု မျာြး ပုလုပ်ခဲ့ကြောင်း ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီက ပြော ကြားသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးသည် ဗြိတိန်စုံတွဲကို သတ် ဖြတ်ရာတွင် ၎င်းတို့မပါဝင်ကြောင်း ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီအား ပြောကြားခဲ့ကြောင်း ယင်းကောင်စီက ပြောသည်။ ထိုင်းနိုင်ငံရှေ့နေများကောင်စီသည် အောက်တိုဘာ ၂၁ ရက် တွင်ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးထံ သွားရောက်မေးမြန်းခဲ့ရာ ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးက ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရှေ့နေကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အောက်တိုဘာ ၂၂ ရက်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ လာရောက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအား အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

‘‘မနေ့က ကျွန်တော်တို့အဖွဲ့ တွေ ဖမ်းဆီးခံထားရတဲ့ မြန်မာ ကလေးနှစ်ယောက်ကို သွားတွေ့ ပါတယ်။ ထိုင်းရဲတပ်က သူတို့ကို အကြမ်းဖက်ရိုက်နှက် စစ်ဆေးခဲ့ ပြီး နှုတ်အားဖြင့် ကြောက်လန့် အောင် ပြောဆိုခဲ့တယ်လို့ ကလေးတွေက ပြောပါတယ်။ နောက်ပြီး သူတို့က ပြစ်မှုမကျူးလွန်ဘူးလို့လည်း ပြောပါတယ်။ အဲဒါကြောင့် အမှုအတွက် ဦးတိုက်လျှောက်ထားမလားလို့ မေးတဲ့အခါ ဦးတိုက် လျှောက်ထားချင်ပါတယ်လို့ ပြောပါတယ်။ နောက်ပြီး ပြစ်မှုကျူးလွန်ရာမှာလည်း သူတို့မပါဘူးလို့ ပြောပါတယ်’’ ဟု အောက်တိုဘာ ၂၁ ရက်တွင်ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးထံ သွားရောက်မေးမြန်းခဲ့သူ ထိုင်းနိုင်ငံရှေ့နေများကောင်စီမှ အထူးရှေ့နေတစ်ဦးက ပြောသည်။

ယင်းသို့ သွားရောက်မေးမြန်း ခဲ့ရာတွင် ပြစ်မှုတွင် အခြားမျက်မြင်သက်သေများနှင့် ပတ်သက်၍ မေးမြန်းခဲ့ပါသလားဟု မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ထိုင်းနိုင်ငံရှေ့နေများ ကောင်စီသို့ မေးမြန်းရာ ‘‘သူတို့က ပြစ်မှုကျူးလွန်တဲ့ နေရာမှာကို မရှိလို့ မသိပါဘူးလို့ ဖြေတယ်’’ ဟု ၎င်းက ပြောသည်။

 ထိုင်းနိုင်ငံ  ရှေ့နေများ ကောင်စီသည် ဖမ်းဆီးခံမြန်မာ လုပ်သားနှစ်ဦးထံ သွားရောက် တွေ့ဆုံရာတွင် ခြေချင်းများ ခတ်ထားသည်ကို တွေ့မြင်ခဲ့ရပြီး တရားခံဟု မယူဆရသေးမီတွင် ထိုကဲ့သို့ သံခြေချင်းများ ခတ်ထားခြင်းမျိုး ပြုလုပ်၍ မရသောကြောင့် သံအမတ်ကြီး အနေဖြင့် ပြောဆိုသင့်ကြောင်း ထိုင်းနိုင်ငံ ရှေ့နေများကောင်စီက ပြောကြားရာ သံအမတ်ကြီးက ‘‘ချက်ချင်းစာထုတ်ပြီး လုပ်သွားမယ်’’ ဟု ပြန်လည်ပြောကြားသည်။

အောက်တိုဘာ ၂၂ ရက် တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ ရုံးသို့ မြန်မာလုပ်သားနှစ်ဦး၏ အမှုအား ကူညီရန် ထိုင်းနိုင်ငံရှေ့နေများ ကောင်စီနှင့် ထိုင်းနိုင်ငံ လူ့အခွင့်ရေးရာ ကောင်စီတို့က မြန်မာသံရုံးသို့ လာရောက်ခဲ့ပြီး သံအမတ်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုင်းနိုင်ငံ  ရှေ့နေများ ကောင်စီနှင့် ထိုင်းနိုင်ငံလူ့အခွင့် ရေးရာကောင်စီတို့သည် ဖမ်းဆီး ခံမြန်မာလုပ်သားနှစ်ဦးတို့၏ မိဘ များနှင့် တွေ့ဆုံခဲ့ပြီး အတတ်နိုင် ဆုံး ကူညီမှုများ ဆောင်ရွက်ပေး သွားမည်ဟု  ကတိပေးသွားခဲ့ သည်။ ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦး၏  မိဘများ  ထိုင်းနိုင်ငံလေဆိပ်သို့ ရောက်ရှိလာချိန်တွင် ထိုင်းနိုင်ငံအခြေစိုက် မီဒီယာများ နှင့် ပြည်ပမီဒီယာများမှ သတင်း ထောက် တစ်ရာဝန်းကျင် လာ ရောက် သတင်းယူခဲ့ကြသည်။

အဆိုပါသတင်းထောက်များ သည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ ရုံးရှေ့၌ တစ်နေကုန်စောင့်ဆိုင်း သတင်းယူနေသည်ကို တွေ့မြင်ရ သည်။

7Day DAILY 

သုဝဏ္ဏဘူမိလေဆိပ်အတွင်း တွေ့ရသည့် ဖမ်းဆီးခံမြန်မာလုပ်သား မိဘနှစ်ပါး (ဓာတ်ပုံ− ငြိမ်းချမ်း)
သုဝဏ္ဏဘူမိလေဆိပ်အတွင်း တွေ့ရသည့် ဖမ်းဆီးခံမြန်မာလုပ်သား မိဘနှစ်ပါး (ဓာတ်ပုံ− ငြိမ်းချမ်း)
ဘန်ကောက်- ထိုင်းရဲတပ်ဖွဲ့သည် မြန်မာလုပ်သား နှစ်ဦးအား စစ် ဆေးစဉ်က အကြမ်းဖက် ရိုက်နှက် စစ်ဆေးခဲ့ပြီး နှုတ်အားဖြင့် ကြောက်လန့်အောင် ပြောဆိုမှု မျာြး ပုလုပ်ခဲ့ကြောင်း ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီက ပြော ကြားသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးသည် ဗြိတိန်စုံတွဲကို သတ် ဖြတ်ရာတွင် ၎င်းတို့မပါဝင်ကြောင်း ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီအား ပြောကြားခဲ့ကြောင်း ယင်းကောင်စီက ပြောသည်။ ထိုင်းနိုင်ငံရှေ့နေများ ကောင်စီသည် အောက်တိုဘာ ၂၁ ရက် တွင်ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးထံ သွားရောက်မေးမြန်းခဲ့ရာ ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးက ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရှေ့နေကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အောက်တိုဘာ ၂၂ ရက်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ လာရောက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအား အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

‘‘မနေ့က ကျွန်တော်တို့အဖွဲ့ တွေ ဖမ်းဆီးခံထားရတဲ့ မြန်မာ ကလေးနှစ်ယောက်ကို သွားတွေ့ ပါတယ်။ ထိုင်းရဲတပ်က သူတို့ကို အကြမ်းဖက်ရိုက်နှက် စစ်ဆေးခဲ့ ပြီး နှုတ်အားဖြင့် ကြောက်လန့် အောင် ပြောဆိုခဲ့တယ်လို့ ကလေးတွေက ပြောပါတယ်။ နောက်ပြီး သူတို့က ပြစ်မှုမကျူးလွန်ဘူးလို့လည်း ပြောပါ တယ်။ အဲဒါကြောင့် အမှုအတွက် ဦးတိုက်လျှောက်ထားမလားလို့ မေးတဲ့အခါ ဦးတိုက် လျှောက်ထား ချင်ပါတယ်လို့ ပြောပါတယ်။ နောက်ပြီး ပြစ်မှုကျူးလွန်ရာမှာလည်း သူတို့မပါဘူးလို့ ပြောပါတယ်’’ ဟု အောက်တိုဘာ ၂၁ ရက်တွင်ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးထံ သွားရောက်မေးမြန်းခဲ့သူ ထိုင်းနိုင်ငံရှေ့နေများကောင်စီမှ အထူးရှေ့နေတစ်ဦးက ပြောသည်။

ယင်းသို့ သွားရောက်မေးမြန်း ခဲ့ရာတွင် ပြစ်မှုတွင် အခြားမျက်မြင်သက်သေများနှင့် ပတ်သက်၍ မေးမြန်းခဲ့ပါသလားဟု မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ထိုင်းနိုင်ငံရှေ့နေများ ကောင်စီသို့ မေးမြန်းရာ ‘‘သူတို့က ပြစ်မှုကျူးလွန်တဲ့ နေရာမှာကို မရှိလို့ မသိပါဘူးလို့ ဖြေတယ်’’ ဟု ၎င်းက ပြောသည်။

 ထိုင်းနိုင်ငံ  ရှေ့နေများ ကောင်စီသည် ဖမ်းဆီးခံမြန်မာ လုပ်သားနှစ်ဦးထံ သွားရောက် တွေ့ဆုံရာတွင် ခြေချင်းများ ခတ်ထားသည်ကို တွေ့မြင်ခဲ့ရပြီး တရားခံဟု မယူဆရသေးမီတွင် ထိုကဲ့သို့ သံခြေချင်းများ ခတ်ထားခြင်းမျိုး ပြုလုပ်၍ မရသောကြောင့် သံအမတ်ကြီး အနေဖြင့် ပြောဆိုသင့်ကြောင်း ထိုင်းနိုင်ငံ ရှေ့နေများကောင်စီက ပြောကြားရာ သံအမတ်ကြီးက ‘‘ချက်ချင်းစာထုတ်ပြီး လုပ်သွားမယ်’’ ဟု ပြန်လည် ပြောကြားသည်။

အောက်တိုဘာ ၂၂ ရက် တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ ရုံးသို့ မြန်မာလုပ်သားနှစ်ဦး၏ အမှုအား ကူညီရန် ထိုင်းနိုင်ငံရှေ့နေများ ကောင်စီနှင့် ထိုင်းနိုင်ငံ လူ့အခွင့်ရေးရာ ကောင်စီတို့က မြန်မာသံရုံးသို့ လာရောက်ခဲ့ပြီး သံအမတ်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုင်းနိုင်ငံ  ရှေ့နေများ ကောင်စီနှင့် ထိုင်းနိုင်ငံလူ့အခွင့် ရေးရာကောင်စီတို့သည် ဖမ်းဆီး ခံမြန်မာ လုပ်သား နှစ်ဦးတို့၏ မိဘ များနှင့် တွေ့ဆုံခဲ့ပြီး အတတ်နိုင် ဆုံး ကူညီမှုများ ဆောင်ရွက်ပေး သွားမည်ဟု  ကတိပေးသွားခဲ့ သည်။ ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦး၏  မိဘများ  ထိုင်းနိုင်ငံလေဆိပ်သို့ ရောက်ရှိ လာချိန်တွင် ထိုင်းနိုင်ငံအခြေစိုက် မီဒီယာများ နှင့် ပြည်ပမီဒီယာများမှ သတင်း ထောက် တစ်ရာဝန်းကျင် လာ ရောက် သတင်းယူခဲ့ကြသည်။

အဆိုပါသတင်းထောက်များ သည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ ရုံးရှေ့၌ တစ်နေကုန်စောင့်ဆိုင်း သတင်း ယူနေသည်ကို တွေ့မြင်ရ သည်။

7Day DAILY 

No comments:

Post a Comment