Thursday 23 October 2014

မှတ်ပုံတင်မထားသည့် ပြည်နယ်သတင်းစာများထုတ်ဝေမှုရပ်ဆိုင်း

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေ ခြင်းလုပ်ငန်းနည်းဥပဒေပြဋ္ဌာန်းပြီး ရက်ပိုင်းအတွင်း ချင်းပြည် နယ်အခြေစိုက် သတင်းစာစောင် နှစ်ခုကို မှတ်ပုံမတင်ထား၍ ဆက်လက်ထုတ်ဝေမှုမပြုကြောင်း ပြည်နယ်အစိုးရက  ညွှန်ကြားခဲ့သည်ဟု သတင်းရရှိသည်။

စက်တင်ဘာ ၂၉ ရက်က ဟားခါးအခြေစိုက် ဟားခါးပို့စ်ကို မှတ်ပုံတင်မရှိ၍ ထုတ်ဝေခွင့် ပိတ်ပင်လိုက်ပြီး နောက် အောက်တိုဘာ ၁၅ ရက်တွင် ဖလမ်းအခြေစိုက် ဖလမ်းပို့စ်စာစောင်ကို ထပ်မံပိတ်ပင်ခြင်းခံရ ကြောင်း ချင်းမီဒီယာကွန်ရက်မှ ကိုဆလိုင်းဟုန်းထွန်းဂေက ပြောသည်။

‘‘စာစောင်တာဝန်ရှိသူတွေ ကို ခရိုင်နဲ့မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးကခေါ်တွေ့တယ်။ တွေ့တွေ့ ချင်းပဲ ဒီစာစောင်တွေကို ဆက် ထုတ်ခွင့်မရှိဘူးလို့ တန်းအသိ ပေးတယ်။ ပြင်ဆင်ချိန်လည်းမရ ဘူး။ သူတို့ အပြောကတော့ မှတ် ပုံတင်မထားလို့ ဆက်ထုတ်ခွင့် မရှိဘူးလို့ ပြည်နယ်အစိုးရက ညွှန်ကြားလာလို့ ဆိုပြီးပြောတာ ပါ။ ဒီတိုင်းဆို ချင်းပြည်မှာ အဲဒီ လိုမှတ်ပုံမတင်ဘဲ ထုတ်နေတာ က အစောင် ၄၀ လောက်ရှိ တယ်။ တချို့ဆို  လက်ကမ်းစာစောင်လေးတွေရှိတယ်။ အဲဒါတွေ အကုန် မှတ်ပုံပြန်တင်ရမယ့် အနေအထားဖြစ်နေတယ်’’ဟု ၎င်းက ပြောသည်။

ချင်းပြည်နယ်မှာ ပြည်မမီဒီ ယာများနှင့် အလှမ်းဝေးပြီး ပြည် နယ်တွင်းဖြစ်ပျက်သည့်သတင်း များကို လက်လှမ်းမီနိုင်ရန် မိမိတို့ ဘာသာစကားဖြင့် သတင်းအချက်အလက်များကို ရေးသား ထုတ်ဝေခြင်းဖြစ် သည်ဟု ၎င်းက ဆိုသည်။ ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈)၊ အပိုဒ် (၃၅၄)၊ အပိုဒ်ငယ်(ဃ)အရ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ကိုးကွယ်သည့်ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာဆောင်ရွက်ခွင့်အရ ဒေသဘာသာစကားဖြင့် စာစောင်များ ထုတ်ဝေခြင်းဖြစ်ကြောင်း ကိုဆလိုင်းဟုန်းထွန်းဂေ ကပြောသည်။

အောက်တိုဘာ ၁၇ ရက်က ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ် ပြန်လိုက်သော  ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း နည်းဥပဒေအရ မည်သည့်ဒေသတွင်မဆို၊ မည် သည့်ထုတ်ဝေစာမဆို ထုတ်ဝေ လိုပါက သက်ဆိုင်ရာထံ ထုတ်ဝေ ခွင့်  အသိအမှတ်ပြုလက်မှတ် လျှောက်ထားရမည်ဖြစ်ပြီး မှတ်ပုံတင်ကြေးကျပ် ငါးသောင်း ပေးသွင်း ရမည်ဖြစ်ကာ မှတ်ပုံတင်သက်တမ်းမှာ ငါးနှစ်ဖြစ်သည်။

မှတ်ပုံမတင်ဘဲထုတ်ဝေပါ က ငွေဒဏ်အဖြစ် အနည်းဆုံး ကျပ်သိန်းနှစ်ဆယ်မှ  သိန်းငါး ဆယ်အထိ  ပြစ်ဒဏ်ချမှတ်ခံရ မည်ဖြစ်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

‘‘စာစောင်တွေအများကြီးရှိ တဲ့အထဲမှာ ဒီဟားခါးပို့စ်နဲ့ ဖလမ်းပို့စ်ကိုပဲရွေးပြီးပြောတာ ဟာ တမင်အမြင် ကတ်လို့လားလို့ ကျွန်တော်တို့ဒေသခံတွေက မြင် မိပါတယ်။ အခုဆို ကျန်တဲ့စာ စောင်တွေလည်း ဘယ်တော့ခေါ် ပြောမလဲဆိုတာ စိတ်ထင့်နေကြ ပါပြီ’’ဟု ၎င်းက ပြောသည်။

7Day DAILY

No comments:

Post a Comment