Thursday 23 October 2014

အိမ်ကွင်းမှာ လီဗာပူး ဂိုးပြတ် အရေးနိမ့်ပြီး နောက်ဆုံး မိနစ်သွင်းဂိုးများဖြင့် အာဆင်နယ် အနိုင်ရ

Photo: အိမ်ကွင်းမှာ လီဗာပူး ဂိုးပြတ် အရေးနိမ့်ပြီး နောက်ဆုံး မိနစ်သွင်းဂိုးများဖြင့် အာဆင်နယ် အနိုင်ရ
Thursday, October 23, 2014

ချန်ပီယံလိဂ် အုပ်စု တတိယမြောက် ပွဲစဉ်များ ပြီးဆုံး သွားပြီးနောက် လီဗာပူး အသင်းမှာ အိမ်ကွင်းတွင် ဧည့်သည်ရီးရဲလ်မက်ဒရစ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်သွားခဲ့ရသည်။ နောက်ဆုံးအကြိမ်ချန်ပီယံလိဂ်တွင် တွေ့ဆုံခဲ့ကြစဉ်က ရီးရဲလ်မက်ဒရစ်အသင်းက နှစ်ကျော့လုံး ရှုံးနိမ့်ထားခဲ့ရာ လက်စားချေ နိုင်ပွဲကို ရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
 
လီဗာပူးအသင်းဘက်မှ တိုက်စစ်မှူး ဘာလော့တယ်လီအပါအဝင်၊ စတာလင်၊ ကော်တင်ဟို၊ ဂျရတ်၊ အယ်လန်၊ ဟန်ဒါဆင် စသည့်အလယ်တန်းစုဖွဲ့မှုဖြင့် ပွဲထွက်လာခဲ့သည်။ ရီးရဲလ်မက်ဒရစ်အသင်းဘက်တွင် ဂါရက်ဘေးလ်မပါဝင်ခဲ့သည်မှလွဲကာ ရော်နယ်ဒို၊ ဘင်ဇီမား၊ အစ္စကို၊ မိုဒရစ်၊ ရိုဒရီဂွက်ဇ်၊ ပေပေ၊ မာဆယ်လို စသည့် အမာခံ ကစားသမားများ ပါဝင်လာခဲ့သည်။ အဝေးကွင်းဖြစ်သော်လည်း ပွဲစသည့်အချိန်ကတည်းက ရီးရဲလ်မက်ဒရစ်ဘက်မှ တိုက်စစ်ဆင်မှု အကြိမ်များစွာ ပြုလုပ်နိုင်ခဲ့သည်။ လီဗာပူးအသင်းတိုက်စစ်တွင် ဘာလော့တယ်လီ ခြေစွမ်းပျက်နေခဲ့ပြီး ကွင်းလယ်နှင့် တိုက်စစ်အချိတ်အဆက်မမိခဲ့ပေ။ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပထမဆုံးဦးဆောင်းဂိုးကို ပွဲချိန် ၂၃ မိနစ်တွင် ရရှိခဲ့သည်။ ဂိုးဧရိယာထိပ်မှ ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ် တင်ပေးလိုက်သည့်ဘောလုံးကို ရော်နယ်ဒိုက ထိသည်ဆိုရုံမျှဖြင့် အဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။
 
ပထမဂိုးရခဲ့ပြီး ၇ မိနစ်အကြာ ပွဲချိန်မိနစ် ၃၀ တွင် ရီးရဲလ်မက်ဒရစ်ဘက်မှ ဒုယတိဂိုးထပ်ရခဲ့ပြီး တိုနီခရူးစ် ဖြတ်တင်ပေးသည့် ဘောလုံးကို ဘင်ဇီမားက ခေါင်းတိုက်အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲစဉ်တွင် လီဗာပူးအသင်းနောက်တန်ကစားသမားများသည် ရီးရဲလ်မက်ဒရစ်တိုက်စစ်ကစားသမားများ၏ ထိုးဖောက်မှုများကို တည်ငြိမ်စွာ ကာကွယ်နိုင်ခြင်းမရှိခဲ့ပေ။
 
ဦးဆောင်ဂိုးနှစ်ဂိုးရပြီးသော်လည်း ရီးရဲလ်မက်ဒရစ်အသင်းဘက်မှ တိုက်စစ်အားကျမသွားခဲ့ပဲ ဆက်လက်တိုက်စစ်ဆင်ခဲ့ရာ ပွဲချိန် ၄၁ မိနစ်တွင် ထောင့်ကန်ဘောမှတဆင့် ပေပေ၏ ရင်ဘတ်နှင့်ထိန်းကာ ကျလာသောဘောလုံးကို ဘင်ဇီမားက လွယ်လွယ်ကူကူပင် အဆုံးသတ်နိုင်ခဲ့သဖြင့် တတိယဦးဆောင်ဂိုးရခဲ့သည်။ ပထမပိုင်းတွင် ရီးရဲလ်မက်ဒရစ်ဘက်မှ လီဗာပူး ဂိုးပေါက်သို့ လေးကြိမ်ကန်သွင်းခဲ့ရာတွင် သုံးဂိုးရခဲ့ဖြစ်သည်။ ပထမပိုင်းပြီးခါနီးတွင် လီဗာပူးကွင်းလယ်လူ ကော်တင်ဟို၏အဝေးကန်ချက် ကောင်းမွန်ခဲ့သော်လည်း ဂိုးတိုင်ထိထွက်ခဲ့သဖြင့် နစ်နာခဲ့ရသည်။
 
ဒုတိယပိုင်းတွင် လီဗာပူးက တိုက်စစ်မှူး ဘာလိုတယ်လီကို ထုတ်ကာ လယ်လာနာကို ထည့်ကစားခဲ့သည်။ ရီးရဲလ်မက်ဒရစ်ဘက်မှ တိုက်စစ်ကစားအားမှာ ကျဆင်းသွားခြင်း မရှိခဲ့ပဲ ၆၃ မိနစ်တွင် ရော်နယ်ဒိုအနီးကပ်ကန်ခွင့်ရသော်လည်း ဂိုးသမား မစ်ဂနိုလက် ကာကွယ်နိုင်ခဲ့သည်။ လီဗာပူးအသင်းမှာ ပွဲချိန် ၇၀ အထိ ထိရောက်စွာ တိုက်စစ်ဆင်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ဒုတိယပိုင်းတစ်ပိုင်းလုံး တွင်လည်း လီဗာပူးအသင်းမှာ စတာလင်၏ အဝေးကန်ချက်တကြိမ်သာ ခြိမ်းခြောက်နိုင်ခဲ့ပြီး တိုက်စစ်မှာ အားရစရာလုံးဝမရှိခဲ့ပေ။ ဂိုးထပ် မသွင်းကြတော့သဖြင့် ပွဲအပြီးတွင် ရီးရဲလ်မက်ဒရစ်က အင်္ဂလန်မြေပေါ်တွင် သုံးဂိုးပြတ်ဖြင့် အောင်ပွဲ ခံနိုင်ခဲ့သည်။
 
တစ်ဖက်တွင် အဝေးကွင်း ကစားခဲ့ရာသည့် အာဆင်နယ်အသင်းမှာ ပွဲချိန် ၈၉ မိနစ်အထိ အန်ဒါလက်ခ်ျအသင်း၏ ဦးဆောင်းဂိုးကို ခွင့်ပြုခဲ့ရသော်လည်း ၈၉ မိနစ်နှင့် ၉၀ မိနစ်တွင် အံ့အားသင့်ဖွယ်ရာ သွင်းယူသည့် ဂိုးများကြောင့် အနိုင် ရခဲ့သည်။ အာဆင်နယ် အသင်းအတွက် ပထ မချေပဂိုးကို သွင်းယူခဲ့ပြီး အနိုင်ဂိုးကို ပိုဒေါစကီးက သွင်းယူခဲ့သည်။

Soccer Myanmar
ချန်ပီယံလိဂ် အုပ်စု တတိယမြောက် ပွဲစဉ်များ ပြီးဆုံး သွားပြီးနောက် လီဗာပူး အသင်းမှာ အိမ်ကွင်းတွင် ဧည့်သည်ရီးရဲလ်မက်ဒရစ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်သွားခဲ့ရသည်။ နောက်ဆုံးအကြိမ်ချန်ပီယံလိဂ်တွင် တွေ့ဆုံခဲ့ကြစဉ်က ရီးရဲလ်မက်ဒရစ်အသင်းက နှစ်ကျော့လုံး ရှုံးနိမ့်ထားခဲ့ရာ လက်စားချေ နိုင်ပွဲကို ရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

လီဗာပူးအသင်းဘက်မှ တိုက်စစ်မှူး ဘာလော့တယ်လီအပါအဝင်၊ စတာလင်၊ ကော်တင်ဟို၊ ဂျရတ်၊ အယ်လန်၊ ဟန်ဒါဆင် စသည့်အလယ်တန်းစုဖွဲ့မှုဖြင့် ပွဲထွက်လာခဲ့သည်။ ရီးရဲလ်မက်ဒရစ်အသင်းဘက်တွင် ဂါရက်ဘေးလ်မပါဝင်ခဲ့သည်မှလွဲကာ ရော်နယ်ဒို၊ ဘင်ဇီမား၊ အစ္စကို၊ မိုဒရစ်၊ ရိုဒရီဂွက်ဇ်၊ ပေပေ၊ မာဆယ်လို စသည့် အမာခံ ကစားသမားများ ပါဝင်လာခဲ့သည်။ အဝေးကွင်းဖြစ်သော်လည်း ပွဲစသည့်အချိန်ကတည်းက ရီးရဲလ်မက်ဒရစ်ဘက်မှ တိုက်စစ်ဆင်မှု အကြိမ်များစွာ ပြုလုပ်နိုင်ခဲ့သည်။ လီဗာပူးအသင်းတိုက်စစ်တွင် ဘာလော့တယ်လီ ခြေစွမ်းပျက်နေခဲ့ပြီး ကွင်းလယ်နှင့် တိုက်စစ်အချိတ်အဆက်မမိခဲ့ပေ။ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပထမဆုံးဦးဆောင်းဂိုးကို ပွဲချိန် ၂၃ မိနစ်တွင် ရရှိခဲ့သည်။ ဂိုးဧရိယာထိပ်မှ ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ် တင်ပေးလိုက်သည့်ဘောလုံးကို ရော်နယ်ဒိုက ထိသည်ဆိုရုံမျှဖြင့် အဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ပထမဂိုးရခဲ့ပြီး ၇ မိနစ်အကြာ ပွဲချိန်မိနစ် ၃၀ တွင် ရီးရဲလ်မက်ဒရစ်ဘက်မှ ဒုယတိဂိုးထပ်ရခဲ့ပြီး တိုနီခရူးစ် ဖြတ်တင်ပေးသည့် ဘောလုံးကို ဘင်ဇီမားက ခေါင်းတိုက်အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲစဉ်တွင် လီဗာပူးအသင်းနောက်တန်ကစားသမားများသည် ရီးရဲလ်မက်ဒရစ်တိုက်စစ်ကစားသမားများ၏ ထိုးဖောက်မှုများကို တည်ငြိမ်စွာ ကာကွယ်နိုင်ခြင်းမရှိခဲ့ပေ။

ဦးဆောင်ဂိုးနှစ်ဂိုးရပြီးသော်လည်း ရီးရဲလ်မက်ဒရစ်အသင်းဘက်မှ တိုက်စစ်အားကျမသွားခဲ့ပဲ ဆက်လက်တိုက်စစ်ဆင်ခဲ့ရာ ပွဲချိန် ၄၁ မိနစ်တွင် ထောင့်ကန်ဘောမှတဆင့် ပေပေ၏ ရင်ဘတ်နှင့်ထိန်းကာ ကျလာသောဘောလုံးကို ဘင်ဇီမားက လွယ်လွယ်ကူကူပင် အဆုံးသတ်နိုင်ခဲ့သဖြင့် တတိယဦးဆောင်ဂိုးရခဲ့သည်။ ပထမပိုင်းတွင် ရီးရဲလ်မက်ဒရစ်ဘက်မှ လီဗာပူး ဂိုးပေါက်သို့ လေးကြိမ်ကန်သွင်းခဲ့ရာတွင် သုံးဂိုးရခဲ့ဖြစ်သည်။ ပထမပိုင်းပြီးခါနီးတွင် လီဗာပူးကွင်းလယ်လူ ကော်တင်ဟို၏အဝေးကန်ချက် ကောင်းမွန်ခဲ့သော်လည်း ဂိုးတိုင်ထိထွက်ခဲ့သဖြင့် နစ်နာခဲ့ရသည်။

ဒုတိယပိုင်းတွင် လီဗာပူးက တိုက်စစ်မှူး ဘာလိုတယ်လီကို ထုတ်ကာ လယ်လာနာကို ထည့်ကစားခဲ့သည်။ ရီးရဲလ်မက်ဒရစ်ဘက်မှ တိုက်စစ်ကစားအားမှာ ကျဆင်းသွားခြင်း မရှိခဲ့ပဲ ၆၃ မိနစ်တွင် ရော်နယ်ဒိုအနီးကပ်ကန်ခွင့်ရသော်လည်း ဂိုးသမား မစ်ဂနိုလက် ကာကွယ်နိုင်ခဲ့သည်။ လီဗာပူးအသင်းမှာ ပွဲချိန် ၇၀ အထိ ထိရောက်စွာ တိုက်စစ်ဆင်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ဒုတိယပိုင်းတစ်ပိုင်းလုံး တွင်လည်း လီဗာပူးအသင်းမှာ စတာလင်၏ အဝေးကန်ချက်တကြိမ်သာ ခြိမ်းခြောက်နိုင်ခဲ့ပြီး တိုက်စစ်မှာ အားရစရာ လုံးဝ မရှိခဲ့ပေ။ ဂိုးထပ် မသွင်းကြတော့သဖြင့် ပွဲအပြီးတွင် ရီးရဲလ်မက်ဒရစ်က အင်္ဂလန်မြေပေါ်တွင် သုံးဂိုးပြတ်ဖြင့် အောင်ပွဲ ခံနိုင်ခဲ့သည်။

တစ်ဖက်တွင် အဝေးကွင်း ကစားခဲ့ရာသည့် အာဆင်နယ်အသင်းမှာ ပွဲချိန် ၈၉ မိနစ်အထိ အန်ဒါလက်ခ်ျ အသင်း၏ ဦးဆောင်းဂိုးကို ခွင့်ပြုခဲ့ရသော်လည်း ၈၉ မိနစ်နှင့် ၉၀ မိနစ်တွင် အံ့အားသင့်ဖွယ်ရာ သွင်းယူသည့် ဂိုးများကြောင့် အနိုင် ရခဲ့သည်။ အာဆင်နယ် အသင်းအတွက် ပထ မချေပဂိုးကို သွင်းယူခဲ့ပြီး အနိုင်ဂိုးကို ပိုဒေါစကီးက သွင်းယူခဲ့သည်။

Soccer Myanmar 

No comments:

Post a Comment