Thursday 23 October 2014

လုပ်သားအခွင့်အရေးများ တိုးတက်ရရှိရန် ရွှေသဇင်(ဖူဂျီ)ဆပ်ပြာစက်ရုံ ၀န်ထမ်းအမျိုးသမီးများ ဆန္ဒထုတ်ဖော်

လစာမဖြတ်ဘဲ ခွင့်ရက် ခံစားခွင့်ပေးရန်နှင့် လူမှုဖူလုံရေး ဥပဒေပါ ခံစားခွင့်များအတိုင်း အ လုပ်သမား အခွင့် အရေးများရရှိ ရန် မန္တလေးစက်မှုဇုန်အတွင်းရှိ ရွှေသဇင်(ဖူဂျီ)ဆပ်ပြာစက်ရုံမှ စက်ရုံဝန်ထမ်း အမျိုးသမီးများက အောက်တိုဘာ ၂၂ ရက်တွင် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သည်။

အဆိုပါ စက်ရုံမှဝန်ထမ်း အ မျိုးသမီး ၉၀ ခန့်က အချက် ၁၄ ချက်ပါ လုပ်သားအခွင့်အရေး တိုး တက်ရရှိရန် ဆန္ဒထုတ်ဖော် တောင်းဆိုကြခြင်းဖြစ်ပြီး အလုပ် ရှင်နှင့် ညှိနှိုင်းပြေလည်မှုရသည့် အချိန်ထိ   ဆက်လက်ဆန္ဒထုတ် ဖော်သွားမည်ဟုပြောသည်။

‘‘ရှောင်တခင်ခွင့်၊ ဆေးခွင့်၊ လုပ်သက်ခွင့်တွေရဖို့ တောင်းဆို တာပါ။ အခုအလုပ်ထဲမှာက ခွင့် မပေးဘူး။ ခွင့်ယူရင် လစာငွေ ဖြတ်တယ်။ တစ်လတစ်ရက် တောင် ခွင့်မရဘူး’’ဟု ခွင့်ရက် သတ်မှတ်ပေးရန် ဆန္ဒထုတ်ဖော် နေသည့် စက်ရုံဝန်ထမ်း မဇင်မာ နေလင်းက ပြောသည်။

တရားဝင်ရုံးပိတ်ရက်များ တွင် လုပ်ခမပျက်ခံစားခွင့်ပြုရန်၊ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ် ရာရမှုနှင့် နာမကျန်းမှုများဖြစ်ပွား ပါက စက်ရုံမှ လူမှုဖူလုံရေးဆေး ခန်းသို့ တာဝန်ယူပို့ဆောင်ပေး ရန်၊ စက်ရုံတွင်း ကျန်းမာရေးဝန် ထမ်းထားရှိပေးရန်၊ အမျိုးသား ၀န်ထမ်းများ လုပ်ကိုင်သည့် မနိုင် ၀န်များကို အမျိုးသမီးဝန်ထမ်း များအား ခိုင်းစေခြင်းမပြုရန်၊ စက်ရုံအုပ်ချုပ်သူများနှင့် ၀န်ထမ်းခေါင်းဆောင်များက အလုပ်သမား များအပေါ် နိုင်ထက်စီးနင်းခိုင်းစေ ခြင်း၊ ရုန့်ရင်းကြမ်းတမ်းစွာ ပြော ဆိုဆက်ဆံခိုင်းစေခြင်း မပြုရန်၊ ၀န်ထမ်းများအား ဌာနအတည် တကျထားရှိပေးရန်နှင့် သတ်မှတ် ဌာနနှင့် ပတ်သက်သည့် လုပ်ငန်း ကိုသာ ခိုင်းစေရန် အစရှိသဖြင့်အချက် ၁၄ချက်ကို တောင်းဆိုခြင်းဖြစ်ကြောင်း   ဆန္ဒ ထုတ်ဖော်နေ သည့်  စက်ရုံဝန်ထမ်းအမျိုးသမီး များကပြောသည်။

‘‘ကျွန်မတို့က လစာတိုးပေး ဖို့ တောင်းဆိုတာ မဟုတ်ပါဘူး။ ဥပဒေတွေက ပြဋ္ဌာန်းထားတဲ့အ တိုင်း လုပ်သားအခွင့်အရေးတွေ ရဖို့ တောင်းဆိုတာပါ’’ ဟု စက်ရုံ ၀န်ထမ်းမခင်သန်းစိုးက ပြော သည်။

စက်ရုံဝန်ထမ်းများ ဆန္ဒ ထုတ်ဖော်နေမှုအတွက် ပြည်ကြီး တံခွန်မြို့နယ် အလုပ်သမားရေး ရာ ညှိနှိုင်း ဖြေရှင်း ပေးရေးအဖွဲ့က နှစ်ဖက်သက်ဆိုင်သူများနှင့် သွားရောက်တွေ့ဆုံညှိနှိုင်းပေးနေ ကြောင်း  အလုပ်ရုံ နှင့်  အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီး ဌာန မန္တလေးတိုင်းဒေသကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရွှေသဇင်(ဖူဂျီ)ဆပ်ပြာစက်ရုံတွင် စက်ရုံဝန်ထမ်း ၁၀၀ ကျော်ရှိ ကြောင်း သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment