Thursday 23 October 2014

သဘာဝဘေးကြောင့် သီးနှံနှင့် လယ်မြေပျက်စီးမှုများအတွက် သမ္မတ၏ သီးသန့်ရန်ပုံငွေမှ ထောက်ပံ့ရန်စီစဉ်

Photo: သဘာဝဘေးကြောင့် သီးနှံနှင့် လယ်မြေပျက်စီးမှုများအတွက် သမ္မတ၏ သီးသန့်ရန်ပုံငွေမှ ထောက်ပံ့ရန်စီစဉ်
Thursday, October 23, 2014

သဘာဝဘေးအန္တရာယ် ကြောင့် လယ်ယာမြေများနှင့် သီး နှံခင်းအချို့ ပျက်စီးဆုံးရှုံးပါက နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံ ငွေမှ ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိနေကြောင်း လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောကြားသည်။

ဒုတိယ၀န်ကြီးဦးခင်ဇော်က ပြည်သူ့လွှတ်တော်တွင် အောက် တိုဘာ ၂၁ ရက်က ပြောကြားခဲ့ ခြင်း ဖြစ်သည်။

 ‘‘နွေစပါးစိုက်ပျိုး စရိတ်ချေး ငွေဟောင်း  အကျေပေးသွင်းပြီးမှ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေအ သစ် ထပ်ချေးတဲ့ စည်းကမ်းချက် ရှိပေမယ့် သဘာဝဘေးနဲ့ ပိုးမွှား ဒဏ်ကြောင့် သီးနှံတွေ ပျက်စီး ဆုံးရှုံးပြီး ပြန်လည်ပေးဆပ်ဖို့ အ ခက်အခဲဖြစ်နေတဲ့ လယ်သမား များအတွက်  စည်းကမ်းချက်ကို လျှော့ပေါ့ပေးဖို့  အစီအစဉ်ရှိ၊ မရှိ’’ ရွှေဘိုမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာအောင်သန်း၏ မေးမြန်းချက် ကို  ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

 ‘‘သဘာဝဘေးအန္တရာယ် ကြောင့် သီးနှံခင်းပျက်စီးမှုတွေ အများဆုံးဖြစ်ပေါ်နေပြီဆို ပြည် ထောင်စုရဲ့ ဘဏ္ဍာငွေရသုံးဆိုင် ရာ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အ တိုင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေက မျိုးစပါးနဲ့ စိုက်ပျိုး စရိတ်ကို နိုင်ငံတော်သမ္မတရဲ့ သီးသန့်ရန်ပုံငွေကနေ ထောက်ပံ့ နိုင်ဖို့ကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နေပါတယ်’’ဟု ၀န်ကြီးဦးခင်ဇော်က ပြောကြားသည်။

နိုင်ငံတော်မှ ပျက်စီးဆုံးရှုံး သွားသော လယ်ယာမြေများကို အောက်ခြေရှိ ဌာနဆိုင်ရာ ၀န် ထမ်းများက စာရင်းလိုက်လံ ကောက်ယူကာ ထောက်ပံ့ငွေများ ကို ပေးဆောင်လျက်ရှိသည်။ ဒေသတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့၍ စပါးစိုက်ခင်းအချို့ပျက်စီးဆုံးရှုံးရသည့် အခြေအနေတစ်ရပ်ဖြစ်ပေါ်ခဲ့သည်။ ယင်းအတွက်နိုင်ငံတော်မှ ပျက်စီးမှုများကို သီးသန့်ထောက်ပံ့ငွေအဖြစ် ထောက်ပံ့ပေးနိုင်ရန်ဝန်ကြီးဌာနမှ  စီမံချက်တစ်ရပ်အနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

လက်ရှိထောက်ပံ့ငွေများကို ပျက်စီးသွားသည့် လယ်တစ်ဧက လျှင် ငွေ ၁၂,၀၀၀ကျပ်နှုန်းဖြစ် ပေးဆောင်ပြီး၊ အပျက်အစီး နည်းသော စိုက်ခင်းများအတွက် တစ်ဧကလျှင် ၆၀၀၀ကျပ်နှုန်းပေး ခြင်းဖြစ်သည်။ လယ်သမားများ မှာ ပျက်စီးဆုံးရှုံးမှု တန်ဖိုးနှင့် နှိုင်းယှဉ်ပါက ထောက်ပံ့ပေးမှုက နည်းလွန်းနေသည့်အပြင် ပျက်စီးဆုံးရှုံးမှု လယ်ဧကစာရင်းကိုအမှန်အတိုင်း တင်ပြခွင့်မရှိ၍နစ်နာနေရကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ထောက်ပြထားသည်။

‘‘ကူညီပေးတာက နှိပ်စက် နေတဲ့ ပုံစံဖြစ်နေတယ်။ လယ် သမားတွေက ရမှာက နည်းနည်း ထောက်ပံ့ငွေပေးတဲ့ နေရာကို လာယူရတာကိုပဲ ထောက်ပံ့ငွေရထားတာက တစ်ဝက်လောက် ကုန်သွားပြီ။ အောက်ခြေအထိ စစ်ပေးပါလို့လည်း လွှတ်တော် မှာ မေးခဲ့တယ်။ အခုတော့ သီး သန့်အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီးလိုက်စစ် နေတာ တွေ့ရတယ်’’ဟု ပျက်စီး ဆုံးရှုံးမှု လယ်ဧကအမှန်ရရှိနိုင် ရန် နိုင်ငံတော် သမ္မတထံ အသ နားခံစာပေးပို့သည့်အပြင် လွှတ် တော်တွင် မေးမြန်းခဲ့သူ ပဲခူးတိုင်း ဒေသကြီး သနပ်ပင်မြို့နယ် လွှတ် တော်ကိုယ်စားလှယ်ဦးမြင့်ဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းပဲခူးတိုင်းအတွင်း ရေကြီးခဲ့၍ ပျက်စီးဆုံးရှုံးခဲ့သည့် လယ်ယာမြေများအတွက် နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေမှ ကျပ်သန်းပေါင်းတစ်ထောင်ကျော် ထောက်ပံ့ခဲ့ကြောင်း လယ်ဆည်ဝန်ကြီးဌာနဒုတိယ၀န်ကြီးက ယခုလ ၂၁ ရက်တွင် ပြည်သူ့လွှတ်တော်၌ ပြောကြားသည်။

7Day DAILY 

ပဲခူးတိုင်းအတွင်း စပါးစိုက်ခင်းများ ရေကြီးရေမြုပ်နေစဉ် (ဓာတ်ပုံ - အောင်သစ်လွင်)
ပဲခူးတိုင်းအတွင်း စပါးစိုက်ခင်းများ ရေကြီးရေမြုပ်နေစဉ် (ဓာတ်ပုံ - အောင်သစ်လွင်)
သဘာဝဘေးအန္တရာယ် ကြောင့် လယ်ယာမြေများနှင့် သီး နှံခင်းအချို့ ပျက်စီးဆုံးရှုံးပါက နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံ ငွေမှ ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိနေကြောင်း လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောကြားသည်။

ဒုတိယ၀န်ကြီးဦးခင်ဇော်က ပြည်သူ့လွှတ်တော်တွင် အောက် တိုဘာ ၂၁ ရက်က ပြောကြားခဲ့ ခြင်း ဖြစ်သည်။

 ‘‘နွေစပါးစိုက်ပျိုး စရိတ်ချေး ငွေဟောင်း  အကျေပေးသွင်းပြီးမှ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေအ သစ် ထပ်ချေးတဲ့ စည်းကမ်းချက် ရှိပေမယ့် သဘာဝဘေးနဲ့ ပိုးမွှား ဒဏ်ကြောင့် သီးနှံတွေ ပျက်စီး ဆုံးရှုံးပြီး ပြန်လည်ပေးဆပ်ဖို့ အ ခက်အခဲဖြစ်နေတဲ့ လယ်သမား များအတွက်  စည်းကမ်းချက်ကို လျှော့ပေါ့ပေးဖို့  အစီအစဉ်ရှိ၊ မရှိ’’ ရွှေဘိုမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာအောင်သန်း၏ မေးမြန်းချက် ကို  ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

 ‘‘သဘာဝဘေးအန္တရာယ် ကြောင့် သီးနှံခင်းပျက်စီးမှုတွေ အများဆုံးဖြစ်ပေါ်နေပြီဆို ပြည် ထောင်စုရဲ့ ဘဏ္ဍာငွေရသုံးဆိုင် ရာ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အ တိုင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေက မျိုးစပါးနဲ့ စိုက်ပျိုး စရိတ်ကို နိုင်ငံတော်သမ္မတရဲ့ သီးသန့်ရန်ပုံငွေကနေ ထောက်ပံ့ နိုင်ဖို့ကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နေပါတယ်’’ဟု ၀န်ကြီးဦးခင်ဇော်က ပြောကြားသည်။

နိုင်ငံတော်မှ ပျက်စီးဆုံးရှုံး သွားသော လယ်ယာမြေများကို အောက်ခြေရှိ ဌာနဆိုင်ရာ ၀န် ထမ်းများက စာရင်းလိုက်လံ ကောက်ယူကာ ထောက်ပံ့ငွေများ ကို ပေးဆောင်လျက်ရှိသည်။ ဒေသတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့၍ စပါးစိုက်ခင်းအချို့ပျက်စီးဆုံးရှုံးရသည့် အခြေအနေတစ်ရပ်ဖြစ်ပေါ်ခဲ့သည်။ ယင်းအတွက်နိုင်ငံတော်မှ ပျက်စီးမှုများကို သီးသန့်ထောက်ပံ့ငွေအဖြစ် ထောက်ပံ့ပေးနိုင်ရန်ဝန်ကြီးဌာနမှ  စီမံချက်တစ်ရပ်အနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

လက်ရှိထောက်ပံ့ငွေများကို ပျက်စီးသွားသည့် လယ်တစ်ဧက လျှင် ငွေ ၁၂,၀၀၀ကျပ်နှုန်းဖြစ် ပေးဆောင်ပြီး၊ အပျက်အစီး နည်းသော စိုက်ခင်းများအတွက် တစ်ဧကလျှင် ၆၀၀၀ကျပ်နှုန်းပေး ခြင်းဖြစ် သည်။ လယ်သမားများ မှာ ပျက်စီးဆုံးရှုံးမှု တန်ဖိုးနှင့် နှိုင်းယှဉ်ပါက ထောက်ပံ့ပေးမှုက နည်းလွန်းနေသည့် အပြင် ပျက်စီးဆုံးရှုံးမှု လယ်ဧကစာရင်းကိုအမှန်အတိုင်း တင်ပြခွင့်မရှိ၍နစ်နာနေရ ကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့က ထောက်ပြထားသည်။

‘‘ကူညီပေးတာက နှိပ်စက် နေတဲ့ ပုံစံဖြစ်နေတယ်။ လယ် သမားတွေက ရမှာက နည်းနည်း ထောက်ပံ့ငွေ ပေး တဲ့ နေရာကို လာယူရတာကိုပဲ ထောက်ပံ့ငွေရထားတာက တစ်ဝက်လောက် ကုန်သွားပြီ။ အောက်ခြေအထိ စစ်ပေးပါလို့လည်း လွှတ်တော် မှာ မေးခဲ့တယ်။ အခုတော့ သီး သန့်အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီးလိုက်စစ် နေတာ တွေ့ရတယ်’’ဟု ပျက်စီး ဆုံးရှုံးမှု လယ်ဧကအမှန်ရရှိနိုင် ရန် နိုင်ငံတော် သမ္မတထံ အသ နားခံစာပေးပို့သည့်အပြင် လွှတ် တော်တွင် မေးမြန်းခဲ့သူ ပဲခူးတိုင်း ဒေသကြီး သနပ်ပင်မြို့နယ် လွှတ် တော်ကိုယ်စားလှယ်ဦးမြင့်ဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းပဲခူးတိုင်းအတွင်း ရေကြီးခဲ့၍ ပျက်စီးဆုံးရှုံးခဲ့သည့် လယ်ယာမြေများအတွက် နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေမှ ကျပ်သန်းပေါင်းတစ်ထောင်ကျော် ထောက်ပံ့ခဲ့ကြောင်း လယ်ဆည်ဝန်ကြီးဌာနဒုတိယ၀န်ကြီးက ယခုလ ၂၁ ရက်တွင် ပြည်သူ့လွှတ်တော်၌ ပြောကြားသည်။

7Day DAILY 

No comments:

Post a Comment