Wednesday 1 October 2014

တောင်ဥက္ကလာပမြို့နယ် (၁၄)ရပ်ကွက်ရှိ ကျူးကျော်နေထိုင်သူ ၄ဝဝဝ အနက် ၂ဝဝကျော်ခန့်မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားရသည့် အကြောင်းအရင်း ကို စစ်ဆေး လျက်ရှိ

Photo: တောင်ဥက္ကလာပမြို့နယ် (၁၄)ရပ်ကွက်ရှိ ကျူးကျော်နေထိုင်သူ ၄ဝဝဝ အနက် ၂ဝဝကျော်ခန့်မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားရသည့် အကြောင်းအရင်း ကို စစ်ဆေး လျက်ရှိ
Wednesday, October 1, 2014

ရန်ကုန် တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ် (၁၄)ရပ်ကွက် အင်ကြင်း လမ်းနှင့် ဂန္ဓမာလမ်းထိပ် ငမိုးရိပ် ချောင်းနှင့် ကျိုက္ကဆံချောင်းတစ် လျှောက် ကျူးကျော်နေထိုင်သူ၎ဝဝဝ အနက် ၂ဝဝကျော်ခန့်မှာ ဝမ်းပျက် ဝမ်းလျှောရောဂါများ ဖြစ်ပွားလျက် ရှိနေပြီး ယင်းသို့ ဖြစ်ပွားရခြင်းအ ကြောင်းအရင်း သိရှိနိုင်ရန် သက် ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ နှင့် အခြားအဖွဲ့အစည်းများတို့ ပူး ပေါင်းစစ်ဆေးနေပြီဖြစ်ကြောင်း သိရ သည်။

အဆိုပါ ဝမ်းပျက်ဝမ်းလျှော ရောဂါမှာကူးစက်နိုင်ခြင်းကြောင့် ထပ်မံကူးစက်ဖြစ်ပွားနိုင်ခြင်းမရှိစေ ရန်နှင့် ယင်းပတ်ဝန်းကျင်ရှိသောက် သုံးရေမှာ သန့်ရှင်းမှုရှိမရှိကိုလည်း အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း သို့ ပို့ဆောင်စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

''ရောဂါဖြစ်ပွားနေတဲ့ ပတ်ဝန်း ကျင်ကရေကိုဓာတ်ခွဲစမ်းသပ်ဖို့အ တွက် အမျိုးသားကျန်းမာရေးဓာတ် ခွဲခန်း(NHL)ကို ရေနမူနာပေးပို့ပြီး ဖြစ်ပါတယ်။ အဖြေကတော့ ချက် ချင်းမရနိုင်သေးပါဘူး။ ရရှိတဲ့အဖြေ အပေါ်မူတည်ပြီးတော့ နောက်ပိုင်း ဘာတွေ ဆက်လုပ်ရမလဲဆိုတာပြော ရမှာပါ''ဟု ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက်တာဝင်းနိုင် က ပြောသည်။

အဆိုပါရောဂါမှာ စက်တင်ဘာ ၂၄ရက်က လူနာတစ်ဦးတွင်စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စက်တင်ဘာ ၂၉ရက် ညအထိတွင် ယင်းရပ်ကွက် တွင် ယာယီကျန်းမာရေးစောင့်ရှောက် မှု ဆေးပေးခန်းသို့ ပြင်ပလူနာအဖြစ် လာရောက်ပြမှုမှာ ၁၈၇ ဦးခန့် အထိဖြစ်လာကြောင်း၊ ပြင်းထန် လူနာစုစုပေါင်း ၂၂ ဦးခန့်ကို သင်္ဃန်း ကျွန်းစံပြဆေးရုံကြီးသို့တက်ရောက် ကုသမှုခံယူစေခဲ့ကြောင်း၊ လက်ရှိ အချိန်(စက်တင်ဘာ ၃ဝ ညနေပိုင်း)အထိတွင် ရောဂါကူးစက်မှုလျော့ နည်းသွားပြီးဖြစ်ပွားနေသည့် လူနာ များမှာလည်း သက်သာနေပြီဖြစ် ကြောင်း သိရသည်။

သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်ဖြူဝင်း က''ကျွန်မတို့ဆေးရုံကိုရောက်လာတဲ့ လူနာတွေ အားလုံးကောင်းနေကြ ပါပြီ။ သူတို့တွေက ဝမ်းလျှောတဲ့အခါ ကြတော့ ရေဓာတ်တွေချို့တဲ့တာ တွေနဲ့ရောက်လာကြတာပေါ့။ ဆေး ရုံရောက်တော့ အားလုံးကောင်းသွား ကြပါတယ်''ဟု ပြောသည်။

အဆိုပါဖွင့်လှစ်ထားသည့် ယာယီကျန်းမာရေးဆေးပေးခန်းတွင် ရပ်ကွက်နှင့် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီ အဖွဲ့၊ မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၊ မြို့တော်စည် ပင်သာယာရေးဌာနနှင့် အခြားလူမှု အဖွဲ့အစည်းများ ပူးပေါင်းပါဝင် ကြပြီး တိုင်းဒေသကြီး ကူးစက်အ ဖွဲ့မှလည်း ရေရယူသုံးစွဲသည့်နေရာမှ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် နှင့် ကူးစက်နိုင်ခြေရှိသော အခြေ အနေများကို စစ်ဆေးခဲ့ကြောင်း သိ ရသည်။

ယင်းအပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ မှ ကွင်းဆင်း၍ပတ်ဝန်းကျင်သန့် ရှင်းရေးလုပ်ငန်းများ၊ ရေကောင်း ရေသန့်ရရှိရေးလုပ်ငန်းများ၊ တစ် ကိုယ်ရေသန့်ရှင်းရေးလုပ်ငန်းများ နှင့် ကျန်းမာရေးပညာပေးခြင်း လုပ် ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

''ရောဂါဖြစ်တဲ့ လူနာတွေကို ကုသနိုင်ဖို့အတွက်တွေလဲ ဆောင်ရွက် ခဲ့တယ်။ ရောဂါဖြစ်တဲ့နေအိမ်တွေ ကိုကွင်းဆင်းကြည့်ရှုပြီး ရောဂါကာ ကွယ်နှိမ်နင်းရေးလုပ်ငန်းတွေကို စီမံ ဆောင်ရွက်ခဲ့ပါတယ်''ဟု အဆိုပါ ဌာနမှ လက်ထောက်ဌာနမှူး ဒေါက် တာမြင့်သန်းထွန်းက ပြောသည်။

''အခုဖြစ်ကြတဲ့ ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်တဲ့သူတွေက အဖြစ်အများဆုံးက လူကြီးပိုင်းတွေ ပါ။ ရောဂါဖြစ်တဲ့နေအိမ်တွေက ချောင်းနံဘေးတွေမှာ ကျူးကျော် နေထိုင်ကြတဲ့ သူတွေဖြစ်တာကိုတွေ့ ရပါတယ်။ အဲဒီအိမ်တွေမှာကသန့် ရှင်းတဲ့ အိမ်သာတွေကိုသုံးစွဲတာ လည်းမရှိဘူး။ ရေကိုလည်းနီးစပ်ရာ ရေရောင်းသူတွေထံမှသွယ်ယူသုံး စွဲ တဲ့အတွက်သန့်ရှင်းမှုက မရှိဘူး။အမှိုက်ကိုလည်းစနစ်တကျစွန့် ပစ် ခြင်းမရှိကြသလို၊ အဲဒီမှာနေထိုင်တဲ့ သူ တွေရဲ့တစ်ကိုယ်ရေသန့်ရှင်း မှုကလဲ အားနည်းကြတယ်'' ဟု ယင်းကဆက်လက်ပြောသည်။

ရန်ကုန်မြို့တော်စည်ပင် သာ ယာရေးကော်မတီမှကျန်းမာရေး ဌာနနှင့် ပူးပေါင်းပြီးကာကွယ်ရေး လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

KTM
Yangon Media Group
ရန်ကုန် တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ် (၁၄)ရပ်ကွက် အင်ကြင်း လမ်းနှင့် ဂန္ဓမာလမ်းထိပ် ငမိုးရိပ် ချောင်းနှင့် ကျိုက္ကဆံချောင်းတစ် လျှောက် ကျူးကျော်နေထိုင်သူ၎ဝဝဝ အနက် ၂ဝဝကျော်ခန့်မှာ ဝမ်းပျက် ဝမ်းလျှောရောဂါများ ဖြစ်ပွားလျက် ရှိနေပြီး ယင်းသို့ ဖြစ်ပွားရခြင်းအ ကြောင်းအရင်း သိရှိနိုင်ရန် သက် ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ နှင့် အခြားအဖွဲ့အစည်းများတို့ ပူး ပေါင်းစစ်ဆေးနေပြီဖြစ် ကြောင်း သိရ သည်။

အဆိုပါ ဝမ်းပျက်ဝမ်းလျှော ရောဂါမှာကူးစက်နိုင်ခြင်းကြောင့် ထပ်မံကူးစက်ဖြစ်ပွားနိုင်ခြင်းမရှိစေ ရန်နှင့် ယင်းပတ်ဝန်းကျင်ရှိသောက် သုံးရေမှာ သန့်ရှင်းမှုရှိမရှိကိုလည်း အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း သို့ ပို့ဆောင်စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

''ရောဂါဖြစ်ပွားနေတဲ့ ပတ်ဝန်း ကျင်ကရေကိုဓာတ်ခွဲစမ်းသပ်ဖို့အ တွက် အမျိုးသားကျန်းမာရေးဓာတ် ခွဲခန်း(NHL)ကို ရေနမူနာပေးပို့ပြီး ဖြစ်ပါတယ်။ အဖြေကတော့ ချက် ချင်းမရနိုင်သေးပါဘူး။ ရရှိတဲ့အဖြေ အပေါ်မူတည်ပြီးတော့ နောက်ပိုင်း ဘာတွေ ဆက်လုပ်ရမလဲဆိုတာပြော ရမှာပါ''ဟု ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက်တာဝင်းနိုင် က ပြောသည်။

အဆိုပါရောဂါမှာ စက်တင်ဘာ ၂၄ရက်က လူနာတစ်ဦးတွင်စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စက်တင်ဘာ ၂၉ရက် ညအထိတွင် ယင်းရပ်ကွက် တွင် ယာယီကျန်းမာရေးစောင့်ရှောက် မှု ဆေးပေးခန်းသို့ ပြင်ပလူနာ အဖြစ် လာရောက်ပြမှုမှာ ၁၈၇ ဦးခန့် အထိဖြစ်လာကြောင်း၊ ပြင်းထန် လူနာစုစုပေါင်း ၂၂ ဦးခန့်ကို သင်္ဃန်း ကျွန်းစံပြဆေးရုံကြီးသို့တက်ရောက် ကုသမှုခံယူစေခဲ့ကြောင်း၊ လက်ရှိ အချိန်(စက်တင်ဘာ ၃ဝ ညနေပိုင်း)အထိတွင် ရောဂါကူးစက်မှုလျော့ နည်းသွားပြီးဖြစ်ပွားနေသည့် လူနာ များမှာလည်း သက်သာနေပြီဖြစ် ကြောင်း သိရသည်။

သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်ဖြူဝင်း က''ကျွန်မတို့ဆေးရုံကိုရောက်လာတဲ့ လူနာတွေ အားလုံးကောင်းနေကြ ပါပြီ။ သူတို့တွေက ဝမ်းလျှောတဲ့အခါ ကြတော့ ရေဓာတ်တွေချို့တဲ့တာ တွေနဲ့ရောက်လာကြတာပေါ့။ ဆေး ရုံရောက်တော့ အားလုံးကောင်းသွား ကြပါတယ်''ဟု ပြောသည်။

အဆိုပါဖွင့်လှစ်ထားသည့် ယာယီကျန်းမာရေးဆေးပေးခန်းတွင် ရပ်ကွက်နှင့် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီ အဖွဲ့၊ မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၊ မြို့တော်စည် ပင်သာယာရေးဌာနနှင့် အခြားလူမှု အဖွဲ့အစည်းများ ပူးပေါင်းပါဝင် ကြပြီး တိုင်းဒေသကြီး ကူးစက်အ ဖွဲ့မှလည်း ရေရယူသုံးစွဲသည့်နေရာမှ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် နှင့် ကူးစက်နိုင်ခြေရှိသော အခြေ အနေများကို စစ်ဆေးခဲ့ကြောင်း သိ ရသည်။

ယင်းအပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ မှ ကွင်း ဆင်း၍ ပတ်ဝန်းကျင်သန့် ရှင်းရေးလုပ်ငန်းများ၊ ရေကောင်း ရေသန့်ရရှိရေးလုပ်ငန်းများ၊ တစ် ကိုယ်ရေသန့် ရှင်းရေးလုပ်ငန်းများ နှင့် ကျန်းမာရေးပညာပေးခြင်း လုပ် ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

''ရောဂါဖြစ်တဲ့ လူနာတွေကို ကုသနိုင်ဖို့အတွက်တွေလဲ ဆောင်ရွက် ခဲ့တယ်။ ရောဂါဖြစ်တဲ့နေအိမ်တွေ ကိုကွင်းဆင်းကြည့်ရှုပြီး ရောဂါကာ ကွယ်နှိမ်နင်းရေးလုပ်ငန်းတွေကို စီမံ ဆောင်ရွက်ခဲ့ပါတယ်''ဟု အဆိုပါ ဌာနမှ လက်ထောက်ဌာနမှူး ဒေါက် တာမြင့်သန်းထွန်းက ပြောသည်။

''အခုဖြစ်ကြတဲ့ ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်တဲ့သူတွေက အဖြစ်အများဆုံးက လူကြီးပိုင်းတွေ ပါ။ ရောဂါဖြစ် တဲ့နေအိမ်တွေက ချောင်းနံဘေးတွေမှာ ကျူးကျော် နေထိုင်ကြတဲ့ သူတွေဖြစ်တာကိုတွေ့ ရပါတယ်။ အဲဒီအိမ်တွေမှာကသန့် ရှင်းတဲ့ အိမ်သာတွေကိုသုံးစွဲတာ လည်းမရှိဘူး။ ရေကိုလည်းနီးစပ်ရာ ရေရောင်း သူတွေထံမှသွယ်ယူသုံး စွဲ တဲ့အတွက်သန့်ရှင်းမှုက မရှိဘူး။အမှိုက်ကိုလည်းစနစ်တကျစွန့် ပစ် ခြင်းမရှိကြသလို၊ အဲဒီမှာနေထိုင်တဲ့ သူ တွေရဲ့တစ်ကိုယ်ရေသန့်ရှင်း မှုကလဲ အားနည်းကြတယ်'' ဟု ယင်းကဆက်လက်ပြောသည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှကျန်းမာရေး ဌာနနှင့် ပူးပေါင်းပြီးကာကွယ်ရေး လုပ်ငန်း များ ကိုဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

KTM
Yangon Media Group

No comments:

Post a Comment