Wednesday 1 October 2014

ချန်ပီယံလိဂ် ပွဲအများဆုံး ကစားနိုင်သူအဖြစ် စံချိန်တင်ခဲ့သည့် ရှာဗီ

Photo: ချန်ပီယံလိဂ် ပွဲအများဆုံး ကစားနိုင်သူအဖြစ် စံချိန်တင်ခဲ့သည့် ရှာဗီ
Wednesday, October 1, 2014

PSGကို အရေးနိမ့်သည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ပါဝင်ကစားပြီးနောက် ရှာဗီဟာနန်ဒက်ဇ်သည် အဆိုပါ ပြိုင်ပွဲကြီးတွင် ပွဲအရေအတွက် အများဆုံး ကစားနိုင်သည့် စံချိန်သစ်ကို တင်လိုက်နိုင်ပြီ ဖြစ်သည်။
 
အသက်(၃၄)နှစ်ရှိ စပိန် လက်ရွေးစင် ကစားသမားဟောင်းသည် (၆၉)မိနစ်တွင် အိုင်ဗန်ရာကီတစ်အစား လူစားဝင်ပြီး PSG၏ အိမ်ကွင်း ပက်ဒက်စ်ပရင့်စ် ကွင်းကြီးတွင် သမိုင်းသစ် တစ်ခုကို ဖန်တီးခဲ့သည်။ သို့သော်လည်း အဆိုပါ ပွဲစဉ်တွင် ဘာစီလိုနာက (၃-၂)ဖြင့် အရေးနိမ့်သွားခြင်းမှာမူ ရှာဗီအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့သည်။ ရှာဗီသည် ချန်ပီယံလိဂ် ဆုဖလားကို (၃)ကြိမ် ရယူဖူးသူ ဖြစ်ပြီး PSGနှင့်ပွဲသည် အဆိုပါ ပြိုင်ပွဲတွင် ၎င်း၏ (၁၄၃)ကြိမ်မြောက် ပါဝင်ကစားမှု ဖြစ်လာသည်။ ထို့ကြောင့် ရီးယဲလ်မက်ဒရစ် ဂန္ထဝင် တိုက်စစ်မှူးဟောင်း ရောလ်ဂွန်ဇာလက်ဇ်၏ (၁၄၂)ပွဲ စံချိန်ဟောင်းကို ရှာဗီက ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
 
မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ရိုင်ယန်ဂစ်သည် ချန်ပီယံလိဂ်တွင် စုစုပေါင်း (၁၅၁)ပွဲ ကစားဖူးသော်လည်း ယင်းတို့အနက် (၁၀)ပွဲသည် ခြေစစ်ပွဲ အဆင့်တွင် စာရင်းဝင်ခဲ့သည်။ ရှာဗီ၏ စံချိန်သစ်ကို အဓိက ခြိမ်းခြောက်နိုင်သူမှာ ရီးယဲလ် ဂိုးသမား အိုင်ကာ ကားဆီးလက်စ်ဖြစ်ပြီး ၎င်းက အသင်းအတွက် ချန်ပီယံလိဂ်တွင် (၁၄၁)ပွဲ ကစားပေးထားသည်။ ရှာဗီသည် လတ်တလောတွင် ဘာစီလိုနာ နည်းပြ လူးဝစ်အန်ရီကေး၏ ပွဲထွက် (၁၁)ဦး စာရင်း၌ နေရာမရဘဲ ရာကီတစ်နှင့် အန်းဒရက်စ် အင်နီယေစတာတို့၏ အရန်အဖြစ်သာ အဓိက ကစားနေရသည်။
 
ယမန်နေ့က ကစားသည့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များတွင် ရှာဗီကဲ့သို့ပင် အမှတ်ရစရာ စံချိန်သစ်တစ်ရပ် တင်နိုင်ခဲ့သူ နောက်တစ်ဦးမှာ ရိုးမား အသင်းခေါင်းဆောင် ဖရန်ဆက်စကို တော့တီဖြစ်ပြီး မန်ချက်စတာ စီးတီးကို ဂိုးသွင်းယူကာ ပြိုင်ပွဲ၏ အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် (၃၈)နှစ်၊ (၃)ရက်ဖြင့် ရပ်တည်နိုင်ခဲ့သည်။

Soccer Myanmar
PSGကို အရေးနိမ့်သည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ပါဝင်ကစားပြီးနောက် ရှာဗီဟာနန်ဒက်ဇ်သည် အဆိုပါ ပြိုင်ပွဲကြီးတွင် ပွဲအရေအတွက် အများဆုံး ကစားနိုင်သည့် စံချိန်သစ်ကို တင်လိုက်နိုင်ပြီ ဖြစ်သည်။
အသက်(၃၄)နှစ်ရှိ စပိန် လက်ရွေးစင် ကစားသမားဟောင်းသည် (၆၉)မိနစ်တွင် အိုင်ဗန်ရာကီတစ်အစား လူစားဝင်ပြီး PSG၏ အိမ်ကွင်း ပက်ဒက်စ်ပရင့်စ် ကွင်းကြီးတွင် သမိုင်းသစ် တစ်ခုကို ဖန်တီးခဲ့သည်။ သို့သော်လည်း အဆိုပါ ပွဲစဉ်တွင် ဘာစီလိုနာက (၃-၂)ဖြင့် အရေးနိမ့်သွားခြင်းမှာမူ ရှာဗီအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့သည်။ ရှာဗီသည် ချန်ပီယံလိဂ် ဆုဖလားကို (၃)ကြိမ် ရယူဖူးသူ ဖြစ်ပြီး PSGနှင့်ပွဲသည် အဆိုပါ ပြိုင်ပွဲတွင် ၎င်း၏ (၁၄၃)ကြိမ်မြောက် ပါဝင်ကစားမှု ဖြစ်လာသည်။ ထို့ကြောင့် ရီးယဲလ်မက်ဒရစ် ဂန္ထဝင် တိုက်စစ်မှူးဟောင်း ရောလ်ဂွန်ဇာလက်ဇ်၏ (၁၄၂)ပွဲ စံချိန်ဟောင်းကို ရှာဗီက ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ရိုင်ယန်ဂစ်သည် ချန်ပီယံလိဂ်တွင် စုစုပေါင်း (၁၅၁)ပွဲ ကစားဖူး သော်လည်း ယင်းတို့အနက် (၁၀)ပွဲသည် ခြေစစ်ပွဲ အဆင့်တွင် စာရင်းဝင်ခဲ့သည်။ ရှာဗီ၏ စံချိန်သစ်ကို အဓိက ခြိမ်းခြောက်နိုင်သူမှာ ရီးယဲလ် ဂိုးသမား အိုင်ကာ ကားဆီးလက်စ်ဖြစ်ပြီး ၎င်းက အသင်းအတွက် ချန်ပီယံလိဂ်တွင် (၁၄၁)ပွဲ ကစားပေးထားသည်။ ရှာဗီသည် လတ်တလောတွင် ဘာစီလိုနာ နည်းပြ လူးဝစ်အန်ရီကေး၏ ပွဲထွက် (၁၁)ဦး စာရင်း၌ နေရာမရဘဲ ရာကီတစ်နှင့် အန်းဒရက်စ် အင်နီယေစတာတို့၏ အရန်အဖြစ်သာ အဓိက ကစားနေရသည်။

ယမန်နေ့က ကစားသည့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များတွင် ရှာဗီကဲ့သို့ပင် အမှတ်ရစရာ စံချိန်သစ်တစ်ရပ် တင်နိုင်ခဲ့သူ နောက်တစ်ဦးမှာ ရိုးမား အသင်းခေါင်းဆောင် ဖရန်ဆက်စကို တော့တီဖြစ်ပြီး မန်ချက်စတာ စီးတီးကို ဂိုးသွင်းယူကာ ပြိုင်ပွဲ၏ အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် (၃၈)နှစ်၊ (၃)ရက်ဖြင့် ရပ်တည်နိုင်ခဲ့သည်။

Soccer Myanmar

No comments:

Post a Comment