Wednesday 1 October 2014

နိုင်ငံခြားဘဏ် ကိုးခုအား ရုံးခွဲဖွင့်ခွင့်ပြု


အမေရိကန်နိုင်ငံမှ စီးပွားရေးပိတ်ဆို့ထားခဲ့သော ဆယ်စုနှစ်တစ်ခုကျော် ကာလအတွင်း ပြည်ပနိုင်ငံများနှင့် ငွေကြေးဝန်ဆောင်မှု အဆက်မပြတ် ဆောင်ရွက်ပေးခဲ့သော စင်ကာပူအခြေစိုက် ဘဏ်နှစ်ခု အပါအ၀င် နိုင်ငံခြားဘဏ် ကိုးခုကို ပြည်တွင်း၌ ဘဏ်ခွဲဖွင့်လှစ်ခွင့်ပြုကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်မှ အောက်တိုဘာ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါဘဏ်ကိုးခုမှာ သြစတြေးလျနှင့် နယူးဇီလန်ဘဏ်အုပ်စုလီမိတက် (ANZ)၊ တရုတ် ပင်လယ်ရပ်ခြားဘဏ် ကော်ပိုရေးရှင်း (OCBC) ၊ ဘန်ကောက်ဘဏ်၊ ဂျပန်နိုင်ငံမှ တိုကျိုမစ်ဆူဘဏ် (Bank of Tokyo-mitsubishi BTMU) ၊ တရုတ်နိုင်ငံမှ စက်မှုလက်မှုနှင့်ကုန်သွယ်ရေးဘဏ် (ICBC)၊ မလေးရှားနိုင်ငံမှ မေဘဏ်၊ မစ်ဇူဟိုဘဏ်၊ ဂျပန်နိုင်ငံမှ ဆူမီတိုမိုမစ်ဆူရီဘဏ်ကော်ပိုရေးရှင်းနှင့် ယူနိုက်တက်အိုဗာဆီးဘဏ် (UOB) တို့ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

နိုင်ငံခြားဘဏ်များ ပြည်တွင်း၌ ဘဏ်ခွဲဖွင့်လှစ်ပါက ပူးပေါင်းလုပ်ဆောင်ခြင်း (Cooperate Banking) ခွင့်ပြုခြင်းဖြစ်ပြီး ပြည်တွင်းလုပ်ငန်းရှင်များအား တိုက်ရိုက်ငွေချေးပေးခွင့်ရမည်မဟုတ်ဘဲ ပြည်တွင်း ဘဏ်များမှတစ်ဆင့်သာ ငွေချေးနိုင်မည်ဖြစ်ကြောင်း ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားထားသည်။

7Day DAILY


No comments:

Post a Comment