Wednesday 1 October 2014

လုပ်ငန်းရှင်များအား ဘဏ်များက မကူညီနိုင်ခြင်းမှာပုဂ္ဂလိကဖွံ့ဖြိုးရေးအတွက် အဟန့်အတားဖြစ်

ကုမ္ပဏီများနှင့်စက်မှု လုပ်ငန်းများလိုအပ်သောအရင်း အနှီးချေးငွေများကိုယနေ့အထိ ဘဏ်များမှ  ရယူနိုင်ခြင်းမရှိမှုသည် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးအတွက်  အတားအဆီးဖြစ်နေ ကြောင်း  အာရှဖွံ့ဖြိုးရေး ဘဏ်မှ တာဝန်ရှိသူများကပြောကြား သည်။

‘‘မြန်မာနိုင်ငံမှာ ပုဂ္ဂလိကကဏ္ဍမှာ လိုအပ်နေတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုဆိုတာမရှိသေးဘူး။ ဘဏ်လုပ် ငန်းကြီးက ရိုးရိုး ကြီးပဲ’’ဟု လူထုဆက်ဆံရေးကျွမ်း ကျင်သူခေါင်းဆောင်ဂျေဆန်ရက် ရှ်ကပြော ကြားသည်။

မြန်မာနိုင်ငံရှိ ကုမ္ပဏီများသည် ဘဏ်များမှဝန်ဆောင်မှုအ ခွင့်အရေးများဖြစ်သောချေးငွေ များကို ရယူ နိုင်ခြင်း မရှိသဖြင့် ဘ ဏ္ဍာငွေလိုအပ်မှုပြဿနာမှာကြီး မားနေကြောင်း ၎င်းကပြောသည်။

လက်ရှိ ပြည်တွင်းဘဏ်များသည် ပုဂ္ဂလိကလုပ်ငန်းရှင်များအား ချေးငွေပေးရာတွင် အတိုးနှုန်းကြီး မားခြင်း၊ အပေါင်ပစ္စည်း၏ ငါး ဆယ်ရာခိုင်နှုန်းပင်ချေးငွေမရ ခြင်း၊ ရွှေ့ပြောင်းနိုင်သောမြေအ ဆောက်အအုံ တို့ကို သာအပေါင် ထားခွင့်ရှိခြင်းတို့ကြောင့်လုပ်ငန်းများ  တိုးချဲ့လုပ်ကိုင်ရန်ခက်ခဲနေကြောင်း  စီးပွားရေး လုပ် ငန်းရှင် များကပြောကြားသည်။

 ‘‘ယုံကြည်မှုပျောက်တဲ့အ ခက်အခဲနဲ့ အတိုးနှုန်းကြီးတာက အဓိကပြဿနာပဲ’’ဟု လှိုင်သာ ယာစက်မှုဇုန်မှ ကြာဆံထုတ်ကုန် ထုတ်လုပ်သည့်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

7Day DAILY

No comments:

Post a Comment