Wednesday 1 October 2014

ရဲတပ်ဖွဲ့အတွက် ပုံရိပ်ကောင်းတည်ဆောက်ရမည့်အချိန်

Photo: ရဲတပ်ဖွဲ့အတွက် ပုံရိပ်ကောင်းတည်ဆောက်ရမည့်အချိန်
Tuesday, September 30, 2014

‘‘တိုင်းပြည်သည် ရဲဘော်အတွက်မဖြစ်စေဘဲ ရဲဘော်သည် တိုင်းပြည်အတွက် ဖြစ်စေရမည်’’ဟူသော ဆောင်ပုဒ်ဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် မြန်မာနိုင်ငံ၏ ပြည်သူ့ရဲဘော်တပ်ဖွဲ့တွင် စစ်သေနာပတိအဖြစ် ဦးဆောင်ခဲ့ဖူးပါသည်။ ထို့အပြင် နာမည်ဆိုးဖြင့် လူမုန်းများခဲ့သည့် ပုလိပ်ဟူသောအမည်မှ ပြည်သူ့ရဲတပ်ဖွဲ့ဟု ပြောင်းလဲသတ်မှတ်ခဲ့ဖူးသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ယနေ့(အောက်တိုဘာ ၁ ရက်)တွင် နှစ်(၅၀)မြောက် ရွှေရတုသို့ ရောက်ခဲ့ပြီဖြစ်သည်။

သို့သော် ကိုလိုနီခေတ်မှသည် သမ္မတဦးသိန်းစိန်ဦးဆောင်သော ဒီမိုကရေစီစနစ်ဖော်ဆောင်နေသည်အထိ နှစ်ပေါင်းရာချီကြာညောင်းခဲ့သော်လည်း၊ ‘‘ကူညီပါရစေ’’ဟု ကြွေးကြော်ခဲ့သော်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့သည်  ယနေ့အချိန်အထိ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကိုမရသေး။ ကူညီပါရစေဟူသော ကြွေးကြော်သံသည် အပြာရောင်နောက်ခံတွင် အဖြူရောင်စာလုံးဖြင့် ရေးထိုးထားသည့် ဟန်ပြဆိုင်းဘုတ်အဖြစ်သာ ရှိနေသေးသည်။ ရဲတပ်ဖွဲ့သည် နိုင်ငံကို ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သူများက ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် စနစ်တကျ အသုံးချဖျက်ဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများနှင့် ကာယကံရှင်ရဲတပ်ဖွဲ့ဝင်များက ပြောပါသည်။

ဆယ်စုနှစ်ငါးခုကျော်ကြာ အာဏာရှင်စနစ်အောက်နေခဲ့ရသော တိုင်းပြည်တွင် အစိုးရလက်ကိုင်တုတ်ဖြစ်သော ရဲတပ်ဖွဲ့မှာ ပြည်သူ့အရေးထက် အစိုးရအရေးဦးစားပေးခဲ့ပြီး ပုံရိပ်မကောင်းခဲ့ခြင်းမှာ မထူးဆန်းဟု သုံးသပ်သူအချို့ကဆိုသည်။

‘‘ပြည်သူနဲ့အစေးမကပ်တာ ရဲကြောင့်မဟုတ်ဘူး။ ရဲနဲ့ပြည်သူကို ထော်လော်ကန့်လန့်ဖြစ်အောင် လုပ်ချင်ရာလုပ်နေတဲ့ အထက်ဌာနတွေကြောင့်ဖြစ်ရတာ။ အခုလက်ရှိအခြေအနေက အခြေခံဥပဒေကို အကုန်လုံးပြောင်းလဲရင်လည်းမရ။ တစ်ခုချင်းပြင်လို့လည်း အဆင်မပြေ။ ရဲကိုလစာကလည်းနည်း၊ လုံခြုံရေးပံ့ပိုးမှုလည်း သေသေချာချာမရ။ လာဘ်စားတော့ ရဲကိုမကြောက်။ ရဲကလည်း မစားမဖြစ်။ လိုင်းကြေးဆိုတာ ရဲတပ်ဖွဲ့ရဲ့ အသက်လိုဖြစ်နေတာ’’ဟု နေပြည်တော်တွင် ဒုတိယရဲမှူးကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အငြိမ်းစားရဲအရာရှိကြီးတစ်ဦးက ပြောပါသည်။

ကိုလိုနီခေတ်မှသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အုပ်ချုပ်ခဲ့သော နအဖခေတ်အထိ မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက် ရဲတပ်ဖွဲ့သည် ခေတ်၊ စနစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရသည်။ မဏ္ဍိုင်ကြီးလေးရပ်တွင် အုပ်ချုပ်ရေးမဏ္ဍိုင်ကို ထမ်းပိုးထားပြီး သက်ဆိုင်ရာအစိုးရ၏ လူထုအပေါ် ဖိနှိပ်မှုကို ရဲတပ်ဖွဲ့က အစိုးရယန္တရား၏ အောက်ဆုံးအဆင့်မှ ကောင်းကောင်းတာဝန်ကျေခဲ့သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့ဆိုသည်မှာ သူတို့သတ်မှတ်ထားသည့် ရဲကျင့်ဝတ်အတိုင်း ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပြီး လုံခြုံမှုပေးသည်ထက် တည်ဆဲအစိုးရဘက်မှနေ၍ ပြည်သူကို ဖိနှိပ်အုပ်ချုပ်ရာတွင် ပို၍လက်သံပြောင်ခဲ့သည်။

ရဲတပ်ဖွဲ့ကျင့်ဝတ် (၇၀)ရှိသည့်အနက် ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် (၁၀)ပါး ပါဝင်သည်။ ယင်းကျင့်ဝတ်များထဲတွင် ပြည်သူလူထုက အပ်နှင်းထားသော လက်နက်နှင့်လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ပြည်သူလူထုကို ကာကွယ်ကာ တရားဥပဒေနှင့်အညီ ဆောင်ရွက်မည်ဟူသော အချက်ပါဝင်သည်။

ထို့အပြင် ပြည်သူလူထုအား ရိုင်းပျစွာပြောဆိုဆက်ဆံမှုများကို ရှောင်ကြဉ်ပြီး လုပ်ပိုင်ခွင့်အာဏာကို အခွင့်ကောင်းယူ၍ ပြည်သူလူထုအပါ် အနိုင်မကျင့်ဟူသော အချက်လည်း ပါဝင်သည်။ ယင်းကျင့်ဝတ်များကို ရဲတပ်ဖွဲ့က လိုက်နာခြင်းရှိ၊မရှိ လက်ရှိဖြစ်ပွားနေသော အခြေအနေများနှင့် ချိန်ထိုးကြည့်ရန်ပင်မလိုဘဲ အဖြေကပေါ်နေပါသည်။

မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ရဲတပ်ဖွဲ့ကို အကောင်းမြင်ပါသည်ဟူသော လူဦးရေမှာ ၎င်းတို့၏မိသားစုဝင်များသာရှိနေပြီး သွေးမတော်သားမစပ်သည့် အရပ်သားအများစုကတော့ အမြင်မကြည်ကြပါ။

‘‘ရဲတပ်ဖွဲ့ရဲ့တာဝန်က သိပ်ကိုကျယ်ပြန့်တယ်။ ဂုဏ်ယူစရာ ကောင်းတယ်။ သူနဲ့မဆိုင်တာမရှိဘူး။ ဒါပေမဲ့ လတ်တလောမှာ ဟိုးအရင် အမုန်းတွေကို ဆက်ရင်ဆိုင်နေရတုန်းပဲ။ ရဲအပေါ် ပံ့ပိုးပေးမှုက လူတန်းစေ့မဖြစ်ဘူး။ ဒါကြောင့်  အကျင့်ပျက်တယ်။ ရဲလုပ်ပြီဆိုကတည်းက လာဘ်စားမယ်ကွလို့ တွေးထားတယ်။ တချို့ကကျတော့ မစားလည်း အပြောခံနေရာတာပဲ မထူးဘူးဆိုပြီး စားတယ်။ ဖောင်ဒေးရှင်းယိုင်လာတယ်။ လူလူချင်း ကိုယ်ချင်းစာစိတ်ရှိရင် ဒီလစာနဲ့ ဒီဘ၀ကို ဖြတ်သန်းလို့မရဘူးဆိုတာ နားလည်ပေးနိုင်လိမ့်မယ်။ ကိုယ်တိုင်ဆိုလည်း ရှောင်နိုင်ပါ့မလား၊ စဉ်းစားကြည့်ပေါ့။ သို့သော် မသမာတာကိုတော့ လက်ခံစရာမရှိပါဘူး။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ သိသိကြီးနဲ့ မျက်ကွယ်မပြုသင့်ဘူး’’ဟု စစ်တပ်ဘက်မှ ရဲတပ်ဖွဲ့ဘက်သို့ အသွင်ပြောင်းလာပြီး လက်ရှိနေပြည်တော်တွင် ဒုတိယရဲမှူးတာဝန်ထမ်းဆောင်နေသူ ရဲအရာရှိတစ်ဦးက သုံးသပ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟု ယနေ့သတ်မှတ်ထားသော အုပ်ချုပ်ရေးအဖွဲ့အစည်းတစ်ခုသည် ကိုလိုနီအစိုးရလက်ထက် ၁၈၈၇ ခုနှစ်ကပင် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းအချိန်ကတည်းက ယနေ့အချိန်အထိ ရဲနှင့်ပြည်သူ လက်တွဲညီသည်ဟူ၍ သမိုင်းမှတ်တမ်းများတွင်မရှိခဲ့။ အာဏာတည်မြဲရေး ဦးစားပေးသည့် အစိုးရ၏ လက်ကိုင်တုတ်ဖြစ်ခဲ့သော ရဲတပ်ဖွဲ့သည် ခေတ်အဆက်ဆက် အစိုးရများအတွက်တော့ တိုင်းပြည်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့် အဖွဲ့အစည်း ဖြစ်ခဲ့သည်။ တစ်ဖက်တွင်တော့ ပြည်သူလူထုမှာ အဖိနှိပ်ခံဖြစ်ခဲ့ရသည်။ နိုင်ငံတကာစစ်တမ်းများအရ လူ့အခွင့်အရေးကို ကာလရှည်ချိုးဖောက်ခဲ့သော အစိုးရလက်အောက်ရှိ ရဲတပ်ဖွဲ့သည် ပြည်သူတို့နှင့် အနီးကပ်နေကာ မြို့မေတ္တာတော် အပြည့်အ၀ခံယူခဲ့သည်။

‘‘ရဲတပ်ဖွဲ့က စစ်တပ်ထက် စီနီယာကျတဲ့တပ်ဖွဲ့ဗျ။ ၁၈၈၇ မှာ အင်္ဂလိပ်က စဖွဲ့တယ်။ ပထမရည်ရွယ်ချက်က ပြည်သူကိုနှိမ်နင်းဖို့။ လူမိုက်တွေနဲ့ စဖွဲ့စည်းတာ။ အဲဒီမှာ ပြည်သူက အမြင်မကြည်ခဲ့ဘူး။ ရည်ရွယ်ချက် မကောင်းလို့လေ။ နောက်လွတ်လပ်ရေးရပြီး ၁၉၄၈ နောက်ပိုင်းမှာ ရဲနဲ့စစ်ရဲ ရောလာတယ်။ ရဲဟာ တက်လာသမျှ အစိုးရရဲ့ လက်ကိုင်တုတ်လို အသုံးချခံခဲ့ရတယ်။ ပြည်သူက အမြင်မကြည်ပြန်ဘူး။ မဆလခေတ်မှာလည်း ရဲကိုအသုံးချပြီး ပါတီကို ကာကွယ်ထားတယ်။ ဘိန်းထုပ်ပစ်ပြီး ရဲကို သတင်းပေးလို့ ဖမ်းခိုင်းတဲ့ခေတ်ရှိခဲ့တယ်။ အဲဒီမှာလည်း အသုံးချခံခဲ့ရတယ်’’ဟု စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်ရဲစခန်းတစ်ခုတွင် စာရေးကြီးတာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိတစ်ဦးကပြောသည်။

‘‘ပါတီစုံဒီမိုကရေစီခေတ်မှာ ပါတီချင်းတိုက်ခိုက်မှုတွေမှာ အမြင်မကြည်လင်တဲ့သူရဲ့အိမ်ထဲကို ပါတီကလူက ဘိန်းထုပ်ပစ်တယ်။ နောက်ရဲကို သတင်းပေးတယ်။ ရဲကရှာတော့ တွေ့ပြီးဖမ်းတယ်။ ဒီတော့ ဥပဒေနဲ့ ငြင်းမရတော့ဘူးလေဗျာ။ သူမလုပ်မှန်းသိပေမယ့် ငြင်းလို့မရအောင် ဖြစ်ကုန်ရော။ အဲဒီမှာ ပြည်သူက ရဲဟာ မျက်နှာလိုက်တယ်ဆိုပြီး အမြင်လွဲရောဗျ။ တစ်ယောက်က တစ်ထောင် ဖြစ်လာတဲ့အခါ ရဲဟာ ချဉ်ဖတ်ဖြစ်လာတယ်။ ပြောရရင် ဘိန်းထုပ်ပစ်တဲ့သူကို ဖော်ထုတ်လို့မရတော့ လက်ဝယ်တွေ့ရှိသူကို အရေးယူတာပေါ့ဗျာ။ နောက်မဆလခေတ်မှာလည်း ဒီအတိုင်းပဲ’’ဟုဆိုသည်။

ရဲတပ်ဖွဲ့၏ စိတ်ဝင်စားဖွယ်ရာ သမိုင်းမှတ်တမ်းတစ်ခုအနေဖြင့် လူမျိုးပေါင်းစုံ၊ လူတန်းစားပေါင်းစုံပါဝင်သည့် အင်္ဂလိပ်အစိုးရလက်ထက် ပုလိပ်အဖွဲ့သည် ၁၉၄၆ စက်တင်ဘာလ မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့အစိုးရကို ဆန့်ကျင်ရာတွင် ပြည်သူလူထုဘက်မှ ပူးပေါင်းခဲ့သည်။ ထိုအချိန်ကပင် အင်္ဂလိပ်အစိုးရက ရဲတပ်ဖွဲ့(ယင်းအချိန်က ပုလိပ်)နှင့် ပြည်သူ ပူးပေါင်းခြင်းမလုပ်နိုင်တော့စေရန် ရည်ရွယ်ချက်ရှိရှိနှင့် စနစ်တကျ စည်းခြားထားခဲ့သည့် ဗျူဟာကျင့်သုံးခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ နေပြည်တော်မှ အငြိမ်းစားရဲအရာရှိကြီးတစ်ဦးက ရှင်းပြသည်။

‘‘အာဏာရှင်အစိုးရတွေက သူတို့ အာဏာမြဲအောင်ပြည်သူနဲ့ နီးစပ်တဲ့ ရဲတပ်ဖွဲ့ကို သေသေချာချာသွေးခွဲထားတာ။ အမုန်းခံရမယ့်အလုပ်ဆိုရင် ရဲတပ်ဖွဲ့ပဲလုပ်ခဲ့ရတာ။ နောက်ပြီး ပြည်သူနဲ့ရဲက နီးစပ်မှုမရှိတော့ ဒုစရိုက်သမားအတွက် လုံခြုံနေတော့တာပေါ့။ အမှန်ဆို ဒုစရိုက်သမားရှိနေရင် ပြည်သူ့ဘ၀မလုံခြုံဘူး။ ဒီတော့ ပြေလည်ရင် နှစ်ဦးနှစ်ဖက်ကောင်းလာမယ်။ နောက်ပြီး အစိုးရက လုပ်ချင်တိုင်းလုပ်လို့မရဘူး။ ခေတ်အဆက်ဆက် မပြေလည်အောင် လုပ်ထားခဲ့တော့ အဲဒီပြဿနာတက်နေတာ’’ဟု ရဲတပ်ဖွဲမှ နုတ်ထွက်ခဲ့ပြီး ရဲတပ်ဖွဲ့ပရဟိတအရေး ဆောင်ရွက်နေသူ ကိုမြတ်သူအောင်ကပြောသည်။

ဦးနေ၀င်း လက်ထက်တွင် ပြည်သူ့ရဲတပ်ဖွဲ့ဟု တရားဝင်အမည်ပြောင်းခဲ့သည့် ၁၉၆၄ ခုနှစ်နောက်ပိုင်း ၂၀၁၀ ပြည့်နှစ်အထိ အာဏာရှင်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင်ရှိခဲ့သော ရဲတပ်ဖွဲ့နှင့်ပြည်သူလူထု၏ ထိပ်တိုက်တွေ့ဆုံမှု အနိဋ္ဌာရုံများမှာ ဦးသိန်းစိန် အစိုးရသစ်လက်ထက်တိုင်အောင် အမွေဆိုးက ပါလာဆဲဖြစ်သည်။

အစိုးရနှင့်ခရိုနီများ ပါဝင်ပတ်သက်နေသော တရားဥပဒေနှင်မညီခဲ့သည့် အကျိုးစီးပွားများတွင် ဖိနှိပ်ခံပြည်သူလူထုက ဒီဘက်ခေတ်အစိုးရလက်ထက်၌ ၎င်းတို့၏ ရပိုင်ခွင့်ကို ရဲရဲတင်းတင်း တောင်းဆိုလာသောအခါ အောက်ခြေရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူလူထု ထိပ်တိုက်တွေ့ကြ သည်။

နောက်ဆက်တွဲရလဒ်အဖြစ် ရဲနှင့်ပြည်သူ တစ်ဖက်နှင့်တစ်ဖက် လေးစားမှုမရှိတော့ဘဲ ရန်သူလိုဖြစ်လာခဲ့သည်။ ထိုပြဿနာသည် တရားဥပဒေစိုးမိုးရေးအတွက် အလွန်အန္တရာယ်များပြီး မြန်မာနိုင်ငံ၏ မှုခင်းဖြစ်စဉ်များ ပေါများလာမှု၏ အခြေခံဖြစ်ကြောင်း အငြိမ်းစားဒုတိယရဲမှုးကြီးညွန့်စိန်ကပြောသည်။

ထို့အပြင် အစိုးရသစ်လက်ထက် မှုခင်းဖြစ်စဉ်များ များပြားလာခြင်းသည် နိုင်ငံတော်တည်ဆောက်ရေးနှင့် လုံခြုံရေးအတွက် အလွန်အန္တရာယ်များနေကြောင်း မူးယစ်ဆေးနှင့် ရာဇ၀တ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး(UNODC) ၏ ဌာနေကိုယ်စားလှယ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်ကို သတိပေးခဲ့ဖူးသည်။

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ရဲတပ်ဖွဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော်အရာရှိအချို့က ရာထူးကြီးကြီး ၀င်ယူထားသည့်အပိုင်းကိုလည်း လက်ရှိရဲတပ်ဖွဲ့ဝင်များက ဝေဖန်မှုများရှိနေပြီး အောက်ခြေရဲတပ်ဖွဲ့ဝင်များတွင် အဆူညံဆုံးအသံဖြစ်နေသည်။

‘‘အမှန်တကယ်တော့ ရဲတပ်ဖွဲ့နဲ့ ပြည်သူဆိုတာ အဆိုအမိန့်ဆိုတာထက် ရဲအရာရှိဆိုတာ တိုင်းပြည်လူထုရဲ့ ၀န်ထမ်းဖြစ်သည့်အလျှောက် လူထုအပေါ်တွင် မိမိကိုယ်ကိုယ် အုပ်ချုပ်သူအရှင်သခင်ဟု မှတ်ယူခြင်းမရှိစေရတဲ့။ ကျွန်တော်တို့ ရဲလက်စွဲမှာ တရားဝင်ဖော်ပြထားတာဗျ။ မနေ့တစ်နေ့ကမှ ပေါ်လာတာမဟုတ်ဘူး။ ဆိုလိုတာက ရဲကလည်း အဲဒီလိုစိတ်ထားမျိုးရှိရမယ်။ ပြည်သူလူထုကလည်း ရဲဆိုတာ ငါတို့ရဲ့ သားသမီးတွေပဲလို့ မှတ်ယူထားရမယ်။ ယူနီဖောင်းကြီးဝတ်ပြီး ကိုယ်ကိုယ်ကိုယ် အရှင်သခင်စိတ်ပေါက်ပြီးတော့ တွေ့သမျှလူကို ဖမ်းဖို့ဟောက်ဖို့လောက် လုပ်နေတယ်ဆိုတာကမှ လူထုနဲ့ ကျွန်တော်တို့ကြားထဲမှာ အဲလိုလူတွေကြောင့် ပွဲပျက်တာ’’ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲမှူးချုပ်ဝင်းခေါင်၊(ရဲဦးစီးအရာရှိ)ကလည်း ပြောသည်။

‘‘ပြည်သူဟာ အစိုးရက ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ ဥပဒေကို လေးစားလိုက်နာရတယ်။ ရဲတပ်ဖွဲ့က ဥပဒေချိုးဖောက်သူကို အရေးယူရတော့ ဥပဒေဆိုတာကြီး ပျောက်မသွားအောင် လုပ်နေရတာက ရဲလေဗျာ။ ကြားမှာ ဘာမှမရှိဘူး။ဝန်ကြီးကနေ ရဲဘော်အဆင့်အထိ တန်းစီခိုင်းဗျာ။ ဘယ်သူပြည်သူနဲ့အနီးဆုံးလဲ။ ရဲကမှ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ရတာ။ အဲဒီလို တိုက်ရိုက်ကြီးထိတွေ့ရတဲ့ ရဲစခန်းတွေမှာ တိုင်တန်းမှုတွေ တောက်လျှောက်ဖြစ်နေတာလေဗျာ။ အဲဒါက အရေးပါတဲ့ကဏ္ဍတစ်ခုမှာ အရည်အချင်းမီ တပ်ဖွဲ့ဝင်မထားနိုင်အောင် အင်အားချို့တဲ့တဲ့ အနေအထားလေဗျာ။ ကျွန်တော်တို့ရဲတပ်ဖွဲ့မှာ ပထမဆုံးပြင်ရမှာက တပ်ပြောင်းတွေရဲ့ကဏ္ဍကို ချုံ့ပစ်ဖို့။ သူတို့ဟာ စစ်အမြင်နဲ့ ရဲကိုအုပ်ချုပ်တယ်။ လွဲနေတာပေါ့ဗျာ။ ရဲတပ်ဖွဲ့ဝင်စစ်စစ်ဟာ ဖျက်ဆီးခံထားရတဲ့ ရဲလုပ်ငန်းနဲ့ အလုပ်လုပ်နေရမှတော့ ပြည်သူနဲ့ ဘယ်မှာအဆင်ပြေပြေ ဆက်ဆံနိုင်မလဲ’’ဟု ရဲဝန်ထမ်းကောင်းဆုရထားသည့် နယ်စပ်ဒေသတွင် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ စခန်းမှူးတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် နှစ်ပေါင်း ၂၀ ကျော် နေထိုင်ခဲ့ပြီး တရားမ၀င်နေထိုင်မှုဖြင့် (၅)ကြိမ်ခန့် ထိန်းသိမ်းခံခဲ့ရသူ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က‘‘ထိုင်းနိုင်ငံက ထိုင်းအမျိုးသားရဲတပ်ဖွဲ့အနေနဲ့ အဆင့်တိုင်းမှာ အဂတိလိုက်စားမှုတွေရှိနေပေမယ့် နည်းပညာနဲ့ သိက္ခာနဲ့ ပတ်သက်ရင်တော့ မြန်မာရဲတပ်ဖွဲ့နဲ့  အများကြီးသာမယ်လို့ ထင်တယ်။ ထိုင်းပြည်သူလူတွေအနေနဲ့ တစ်စုံတစ်ရာ ပြဿနာပေါ်ရင် ထိုင်းရဲတပ်ဖွဲ့ကို အကူအညီတောင်းလို့ ရနိင်တယ်။ ထိုင်းရဲတပ်ဖွဲ့ လုပ်နိုင်ကိုင်နိုင်အောင်၊ တစ်စုံတစ်ရာလုပ်ပိုင်ခွင့်တွေ ပေးထားတာရှိတော့၊ မြန်မာရဲတပ်ဖွဲ့ထက် ပိုပြီးလုပ်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ပိုင်ခွင့်ပိုရှိတယ်လို့ ပြောလို့ရတယ်’’ဟု အိမ်နီးချင်းထိုင်းနိုင်ငံရဲတပ်ဖွဲ့နှင့်ယှဉ်၍ ပြောသည်။

ထိုကဲ့သို့ဆိုရာ၌ ရဲတပ်ဖွဲ့ဝင်အားလုံး ပြည်သူနှင့်မနီးဘဲ ပြည်သူ့ဘက် မျက်နှာမမူတော့သည်မဟုတ်ပါ။ ခံယူချက်ဖြင့် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ကာ အဂတိမလိုက်စားဘဲ ပြည်သူ့အရေးဦးစားပေးသူများလည်းရှိသည်။ သို့သော်ရှားသည်။ စနစ်က ဖျက်ဆီးသဖြင့် အများစုမှာ မိုးခါးရေသောက်ကုန်ကြခြင်းဖြစ်ကြောင်း ရဲအရေးကျွမ်းကျင်သူများက သုံးသပ်သည်။

စစ်အစိုးရလက်ထက်ကပင် အကောင်အထည်ဖော်ခဲ့သည့် ရဲတပ်သားသစ်စုဆောင်းရေး စီမံချက်အရလည်း အရပ်သားလူငယ်များကို အတန်းပညာလိမ်လည်၍ ရဲတပ်ဖွဲ့သို့ မဖြစ်မနေသွတ်သွင်းနေသည်မှာလည်း လက်ရှိရဲတပ်ဖွဲ့ကို အားအင်ချည့်နဲ့စေကြောင်း ဝေဖန်မှုများရှိသည်။ ဒေသတွင်း အာဆီယံနိုင်ငံများတွင် လူဦးရေသုံးရာမှ လေးရာကြားကို ရဲတပ်ဖွဲ့ဝင်တစ်ဦးနှုန်းဖြင့် ဖွဲ့စည်းပြီး မြန်မာနိုင်ငံတွင်မူရှိနေသည့် လူဦးရေနှင့် ရဲတပ်ဖွဲ့ဝင်အချိုးကို နှိုင်းယှဉ်ပါက ရဲတပ်ဖွဲ့ဝင်တစ်ယောက်လျှင် လူဦးရေရှစ်ရာကျော်ကို တာဝန်ယူစောင့်ကြပ်နေရသည်။

နေပြည်တော်ကမူ ရဲတပ်သားသစ်စုဆောင်းရာတွင် အတန်းပညာလက်တွေ့ပြန်လည်စစ်ဆေးပြီးမှ လက်ခံကြောင်း တုံ့ပြန်သည်။ နေပြည်တော်မှ တွက်ချက်ထားသော စာရင်းများအရ မြန်မာနိုင်ငံလူဦးရေအရ ရဲတပ်ဖွဲ့ဝင်အင်အား တစ်သိန်းငါးထောင်ကျော် ရှိရမည်ဖြစ်သော်လည်း လက်ရှိတွင် ခုနှစ်သောင်းခွဲခန့်သာရှိနေကြောင်း သိရသည်။

ယင်းအခြေအနေတွင် တပ်ဖွဲ့ဝင်အင်အားဖြည့်ရန်အတွက် မြို့နယ်စခန်းတစ်ခုအနေဖြင့် လစဉ်တပ်ဖွဲ့ဝင်အသစ်သုံးဦးပေးရမည်ဖြစ်ပြီး မပေးနိုင်ပါက နေပြည်တော်မှ ဒဏ်ရိုက်နေဆဲဖြစ်သောကြောင့် လက်သင့်ရာ ဆွဲခေါ်နေရခြင်းမျိုးရှိကြောင်း အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးကပြောသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေး တတိယလှိုင်းတွင် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးကိုပါ ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း ပြောဆိုထားပြီး ၎င်း၏လက်ထက်တွင် အသစ်ခန့်အပ်ခဲ့သည့် ရဲချုပ်ဇော်ဝင်းကလည်း ပြည်သူဗဟိုပြုသည့်ရဲတပ်ဖွဲ့စနစ်ကို အကောင်အထည်ဖော်နေကြောင်း ပြောထားသည်။ လက်ရှိအချိန်တွင် ဥရောပသမဂ္ဂနှင့် အမေရိကန်အပါအ၀င် နိုင်ငံတကာက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် နည်းပညာနှင့် ငွေကြေးအကူအညီများ စတင်ပေးနေသည်။ ထို့ကြောင့် မြန်မာ့ရဲတပ်ဖွဲ့ နိုင်ငံတကာစံနှုန်းများကိုသိရှိပြီး မည်သို့ပြောင်းလဲလာမည်ကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။

သမိုင်းတစ်လျှောက် ပုံရိပ်ကောင်းမတည်ဆောက်နိုင်သေးသော ရဲတပ်ဖွဲ့အနေဖြင့် ပုံရိပ်ကောင်းတည်ဆောက်လိုလျင် ယခုကစကြိုးပမ်းရမည်ဖြစ်သည်။ ပြည်သူ့ဘက် မျက်နှာမူရမည်ဖြစ်သည်။ ရဲကျင့်ဝတ်များကို အာဂုံဆောင်ရုံမဟုတ်ဘဲ လက်တွေ့အသုံးချရတော့မည်ဖြစ်သည်။

တရားဥပဒေစိုးမိုးရေးနှင့် လူမှုဘ၀လုံခြုံရေးအတွက် ရဲနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အဖြေရှာရမည်ဖြစ်ကြောင်း တိုက်တွန်းသည်။

ရဲမှူးချုပ်ဝင်းခေါင်က‘‘ငါးခုံးမအများကြီးရှိနေသေးတယ်။ ဒီငါးခုံးမတွေကိုဖယ်ထုတ်ရမှာပဲ။ ထို့အတူ လူထုထဲမှာလည်း ဒီကနေ့ ဒီမိုကရေစီဆိုတဲ့ လမ်းကြောင်းကြီးပေါ် တက်နေတဲ့အချိန်မှာ ကျွန်တော်တို့ ၀မ်းနည်းဖွယ်ရာတွေ့နေရတာက လူတွေက အုပ်စုဖွဲ့အနိုင်ကျင့်တာတွေ၊ အုပ်စုဖွဲ့ရမ်းကားတာတွေ၊ လူအုပ်စုနဲ့ လုယက်တာတွေ၊ ဒါတွေဖြစ်နေတာတွေဟာ တရားဥပဒေကို စိန်ခေါ်နေတာ။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ အေးချမ်းစွာနေနိုင်တဲ့ ရပ်ရွာအေးချမ်းသာယာရေးကို စိန်ခေါ်နေတဲ့ဖြစ်စဉ်၊ ဒါကို လူထုနဲ့ရဲနဲ့က လက်တွဲပြီး ဖြေရှင်းရမှာဖြစ်တယ်’’ဟု ပြောသည်။

7Day DAILY 

ရဲတပ်ဖွဲ့ဝင်များ စက်ဘီးဖြင့် ကင်းလှည့်နေစဉ် [ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)]

ရဲတပ်ဖွဲ့ဝင်များ စက်ဘီးဖြင့် ကင်းလှည့်နေစဉ် [ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)]

‘‘တိုင်းပြည်သည် ရဲဘော်အတွက်မဖြစ်စေဘဲ ရဲဘော်သည် တိုင်းပြည်အတွက် ဖြစ်စေရမည်’’ဟူသော ဆောင်ပုဒ်ဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် မြန်မာနိုင်ငံ၏ ပြည်သူ့ရဲဘော် တပ်ဖွဲ့တွင် စစ်သေနာပတိအဖြစ် ဦးဆောင်ခဲ့ဖူးပါသည်။ ထို့အပြင် နာမည်ဆိုးဖြင့် လူမုန်းများခဲ့သည့် ပုလိပ်ဟူသောအမည်မှ ပြည်သူ့ရဲတပ်ဖွဲ့ဟု ပြောင်းလဲသတ်မှတ်ခဲ့ဖူးသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ယနေ့(အောက်တိုဘာ ၁ ရက်)တွင် နှစ်(၅၀)မြောက် ရွှေရတုသို့ ရောက်ခဲ့ပြီဖြစ်သည်။

သို့သော် ကိုလိုနီခေတ်မှသည် သမ္မတဦးသိန်းစိန်ဦးဆောင်သော ဒီမိုကရေစီစနစ်ဖော်ဆောင်နေသည်အထိ နှစ်ပေါင်းရာချီကြာညောင်းခဲ့သော်လည်း၊ ‘‘ကူညီပါရစေ’’ဟု ကြွေးကြော်ခဲ့သော်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ သည်  ယနေ့အချိန်အထိ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကိုမရသေး။ ကူညီပါရစေဟူသော ကြွေးကြော် သံသည် အပြာရောင်နောက်ခံတွင် အဖြူရောင်စာလုံးဖြင့် ရေးထိုးထားသည့် ဟန်ပြဆိုင်းဘုတ်အဖြစ်သာ ရှိနေသေးသည်။ ရဲတပ်ဖွဲ့သည် နိုင်ငံကို ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သူများက ၎င်းတို့၏ အာဏာ တည်မြဲရေးအတွက် စနစ်တကျ အသုံးချဖျက်ဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများနှင့် ကာယကံရှင် ရဲတပ်ဖွဲ့ဝင်များက ပြောပါသည်။

ဆယ်စုနှစ်ငါးခုကျော်ကြာ အာဏာရှင်စနစ်အောက်နေခဲ့ရသော တိုင်းပြည်တွင် အစိုးရလက်ကိုင် တုတ်ဖြစ်သော ရဲတပ်ဖွဲ့မှာ ပြည်သူ့အရေးထက် အစိုးရအရေးဦးစားပေးခဲ့ပြီး ပုံရိပ်မကောင်းခဲ့ခြင်းမှာ မထူးဆန်းဟု သုံးသပ်သူအချို့ကဆိုသည်။

‘‘ပြည်သူနဲ့အစေးမကပ်တာ ရဲကြောင့်မဟုတ်ဘူး။ ရဲနဲ့ပြည်သူကို ထော်လော်ကန့်လန့်ဖြစ်အောင် လုပ်ချင်ရာ လုပ်နေတဲ့ အထက်ဌာနတွေကြောင့်ဖြစ်ရတာ။ အခုလက်ရှိအခြေအနေက အခြေခံဥပဒေကို အကုန် လုံးပြောင်းလဲရင်လည်းမရ။ တစ်ခုချင်းပြင်လို့လည်း အဆင်မပြေ။ ရဲကိုလစာကလည်းနည်း၊ လုံခြုံရေးပံ့ပိုး မှုလည်း သေသေချာချာမရ။ လာဘ်စားတော့ ရဲကိုမကြောက်။ ရဲကလည်း မစားမဖြစ်။ လိုင်းကြေးဆိုတာ ရဲတပ်ဖွဲ့ရဲ့ အသက်လိုဖြစ်နေတာ’’ဟု နေပြည်တော်တွင် ဒုတိယရဲမှူးကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ ဖူးသည့် အငြိမ်းစားရဲအရာရှိကြီးတစ်ဦးက ပြောပါသည်။

ကိုလိုနီခေတ်မှသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အုပ်ချုပ်ခဲ့သော နအဖခေတ် အထိ မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက် ရဲတပ်ဖွဲ့သည် ခေတ်၊ စနစ်ပေါင်းများစွာ ဖြတ်သန်း ခဲ့ရသည်။ မဏ္ဍိုင်ကြီးလေးရပ်တွင် အုပ်ချုပ်ရေးမဏ္ဍိုင်ကို ထမ်းပိုးထားပြီး သက်ဆိုင်ရာအစိုးရ၏ လူထုအပေါ် ဖိနှိပ်မှုကို ရဲတပ်ဖွဲ့က အစိုးရယန္တရား၏ အောက်ဆုံးအဆင့်မှ ကောင်းကောင်းတာဝန်ကျေခဲ့သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့ဆိုသည်မှာ သူတို့သတ်မှတ်ထားသည့် ရဲကျင့်ဝတ်အတိုင်း ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပြီး လုံခြုံမှုပေးသည်ထက် တည်ဆဲအစိုးရဘက်မှနေ၍ ပြည်သူကို ဖိနှိပ်အုပ်ချုပ်ရာတွင် ပို၍လက်သံပြောင်ခဲ့သည်။

ရဲတပ်ဖွဲ့ကျင့်ဝတ် (၇၀)ရှိသည့်အနက် ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် (၁၀)ပါး ပါဝင်သည်။ ယင်းကျင့်ဝတ်များထဲတွင် ပြည်သူလူထုက အပ်နှင်းထားသော လက်နက်နှင့်လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ပြည်သူလူထုကို ကာကွယ်ကာ တရားဥပဒေနှင့်အညီ ဆောင်ရွက်မည်ဟူသော အချက်ပါဝင်သည်။

ထို့အပြင် ပြည်သူလူထုအား ရိုင်းပျစွာပြောဆိုဆက်ဆံမှုများကို ရှောင်ကြဉ်ပြီး လုပ်ပိုင်ခွင့်အာဏာကို အခွင့်ကောင်းယူ၍ ပြည်သူလူထုအပါ် အနိုင်မကျင့်ဟူသော အချက်လည်း ပါဝင်သည်။ ယင်းကျင့်ဝတ် များကို ရဲတပ်ဖွဲ့က လိုက်နာခြင်းရှိ၊မရှိ လက်ရှိဖြစ်ပွားနေသော အခြေအနေများနှင့် ချိန်ထိုးကြည့်ရန်ပင် မလိုဘဲ အဖြေကပေါ်နေပါသည်။

မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ရဲတပ်ဖွဲ့ကို အကောင်းမြင်ပါသည်ဟူသော လူဦးရေမှာ ၎င်းတို့၏မိသားစုဝင် များသာရှိနေပြီး သွေးမတော်သားမစပ်သည့် အရပ်သားအများစုကတော့ အမြင်မကြည်ကြပါ။

‘‘ရဲတပ်ဖွဲ့ရဲ့တာဝန်က သိပ်ကိုကျယ်ပြန့်တယ်။ ဂုဏ်ယူစရာ ကောင်းတယ်။ သူနဲ့မဆိုင်တာမရှိဘူး။ ဒါပေမဲ့ လတ်တလောမှာ ဟိုးအရင် အမုန်းတွေကို ဆက်ရင်ဆိုင်နေရတုန်းပဲ။ ရဲအပေါ် ပံ့ပိုးပေးမှုက လူတန်းစေ့မဖြစ်ဘူး။ ဒါကြောင့်  အကျင့်ပျက်တယ်။ ရဲလုပ်ပြီဆိုကတည်းက လာဘ်စားမယ်ကွလို့ တွေးထား တယ်။ တချို့ကကျတော့ မစားလည်း အပြောခံနေရာတာပဲ မထူးဘူးဆိုပြီး စားတယ်။ ဖောင်ဒေးရှင်းယိုင် လာတယ်။ လူလူချင်း ကိုယ်ချင်းစာစိတ်ရှိရင် ဒီလစာနဲ့ ဒီဘ၀ကို ဖြတ်သန်းလို့မရဘူးဆိုတာ နားလည်ပေးနိုင်လိမ့်မယ်။ ကိုယ်တိုင်ဆိုလည်း ရှောင်နိုင်ပါ့မလား၊ စဉ်းစားကြည့်ပေါ့။ သို့သော် မသမာတာ ကိုတော့ လက်ခံစရာမရှိပါဘူး။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ သိသိကြီးနဲ့ မျက်ကွယ်မပြုသင့်ဘူး’’ဟု စစ်တပ်ဘက်မှ ရဲတပ်ဖွဲ့ဘက်သို့ အသွင်ပြောင်းလာပြီး လက်ရှိနေပြည်တော်တွင် ဒုတိယရဲမှူးတာဝန် ထမ်းဆောင်နေသူ ရဲအရာရှိတစ်ဦးက သုံးသပ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟု ယနေ့သတ်မှတ်ထားသော အုပ်ချုပ်ရေးအဖွဲ့အစည်းတစ်ခုသည် ကိုလိုနီအစိုးရ လက်ထက် ၁၈၈၇ ခုနှစ်ကပင် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းအချိန်ကတည်းက ယနေ့အချိန်အထိ ရဲနှင့်ပြည်သူ လက်တွဲညီသည်ဟူ၍ သမိုင်းမှတ်တမ်းများတွင်မရှိခဲ့။ အာဏာတည်မြဲရေး ဦးစားပေးသည့် အစိုးရ၏ လက်ကိုင် တုတ်ဖြစ်ခဲ့သော ရဲတပ်ဖွဲ့သည် ခေတ်အဆက်ဆက် အစိုးရများအတွက်တော့ တိုင်းပြည် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့် အဖွဲ့အစည်း ဖြစ်ခဲ့သည်။ တစ်ဖက်တွင်တော့ ပြည်သူ လူထုမှာ အဖိနှိပ်ခံဖြစ်ခဲ့ရသည်။ နိုင်ငံတကာစစ်တမ်းများအရ လူ့အခွင့်အရေးကို ကာလရှည်ချိုးဖောက် ခဲ့သော အစိုးရလက်အောက်ရှိ ရဲတပ်ဖွဲ့သည် ပြည်သူတို့နှင့် အနီးကပ်နေကာ မြို့မေတ္တာတော် အပြည့်အ၀ခံယူခဲ့သည်။

‘‘ရဲတပ်ဖွဲ့က စစ်တပ်ထက် စီနီယာကျတဲ့တပ်ဖွဲ့ဗျ။ ၁၈၈၇ မှာ အင်္ဂလိပ်က စဖွဲ့တယ်။ ပထမရည်ရွယ်ချက် က ပြည်သူကိုနှိမ်နင်းဖို့။ လူမိုက်တွေနဲ့ စဖွဲ့စည်းတာ။ အဲဒီမှာ ပြည်သူက အမြင်မကြည်ခဲ့ဘူး။ ရည်ရွယ်ချက် မကောင်းလို့လေ။ နောက်လွတ်လပ်ရေးရပြီး ၁၉၄၈ နောက်ပိုင်းမှာ ရဲနဲ့စစ်ရဲ ရောလာတယ်။ ရဲဟာ တက်လာသမျှ အစိုးရရဲ့ လက်ကိုင်တုတ်လို အသုံးချခံခဲ့ရတယ်။ ပြည်သူက အမြင်မကြည်ပြန်ဘူး။ မဆလခေတ်မှာလည်း ရဲကိုအသုံးချပြီး ပါတီကို ကာကွယ်ထားတယ်။ ဘိန်းထုပ်ပစ်ပြီး ရဲကို သတင်းပေးလို့ ဖမ်းခိုင်းတဲ့ခေတ်ရှိခဲ့တယ်။ အဲဒီမှာလည်း အသုံးချခံခဲ့ရတယ်’’ဟု စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်ရဲစခန်းတစ်ခုတွင် စာရေးကြီးတာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိတစ်ဦးကပြောသည်။

‘‘ပါတီစုံဒီမိုကရေစီခေတ်မှာ ပါတီချင်းတိုက်ခိုက်မှုတွေမှာ အမြင်မကြည်လင်တဲ့သူရဲ့အိမ်ထဲကို ပါတီကလူက ဘိန်းထုပ်ပစ်တယ်။ နောက်ရဲကို သတင်းပေးတယ်။ ရဲကရှာတော့ တွေ့ပြီးဖမ်းတယ်။ ဒီတော့ ဥပဒေနဲ့ ငြင်းမရတော့ဘူးလေဗျာ။ သူမလုပ်မှန်းသိပေမယ့် ငြင်းလို့မရအောင် ဖြစ်ကုန်ရော။ အဲဒီမှာ ပြည်သူက ရဲဟာ မျက်နှာလိုက်တယ်ဆိုပြီး အမြင်လွဲရောဗျ။ တစ်ယောက်က တစ်ထောင် ဖြစ်လာတဲ့အခါ ရဲဟာ ချဉ်ဖတ်ဖြစ်လာတယ်။ ပြောရရင် ဘိန်းထုပ်ပစ်တဲ့သူကို ဖော်ထုတ်လို့မရတော့ လက်ဝယ်တွေ့ရှိသူကို အရေးယူတာပေါ့ဗျာ။ နောက်မဆလခေတ်မှာလည်း ဒီအတိုင်းပဲ’’ဟုဆိုသည်။

ရဲတပ်ဖွဲ့၏ စိတ်ဝင်စားဖွယ်ရာ သမိုင်းမှတ်တမ်းတစ်ခုအနေဖြင့် လူမျိုးပေါင်းစုံ၊ လူတန်းစားပေါင်းစုံ ပါဝင်သည့် အင်္ဂလိပ်အစိုးရလက်ထက် ပုလိပ်အဖွဲ့သည် ၁၉၄၆ စက်တင်ဘာလ မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့အစိုးရကို ဆန့်ကျင်ရာတွင် ပြည်သူလူထုဘက်မှ ပူးပေါင်းခဲ့သည်။ ထိုအချိန်ကပင် အင်္ဂလိပ်အစိုးရက ရဲတပ်ဖွဲ့(ယင်းအချိန်က ပုလိပ်)နှင့် ပြည်သူ ပူးပေါင်းခြင်းမလုပ်နိုင်တော့စေရန် ရည်ရွယ်ချက်ရှိရှိနှင့် စနစ်တကျ စည်းခြားထားခဲ့သည့် ဗျူဟာကျင့်သုံးခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ နေပြည်တော်မှ အငြိမ်းစားရဲအရာရှိကြီးတစ်ဦးက ရှင်းပြသည်။

‘‘အာဏာရှင်အစိုးရတွေက သူတို့ အာဏာမြဲအောင်ပြည်သူနဲ့ နီးစပ်တဲ့ ရဲတပ်ဖွဲ့ကို သေသေချာချာသွေးခွဲ ထားတာ။ အမုန်းခံရမယ့်အလုပ်ဆိုရင် ရဲတပ်ဖွဲ့ပဲလုပ်ခဲ့ရတာ။ နောက်ပြီး ပြည်သူနဲ့ရဲက နီးစပ်မှုမရှိတော့ ဒုစရိုက်သမားအတွက် လုံခြုံနေတော့တာပေါ့။ အမှန်ဆို ဒုစရိုက်သမားရှိနေရင် ပြည်သူ့ဘ၀မလုံခြုံဘူး။ ဒီတော့ ပြေလည်ရင် နှစ်ဦးနှစ်ဖက်ကောင်းလာမယ်။ နောက်ပြီး အစိုးရက လုပ်ချင်တိုင်းလုပ်လို့မရဘူး။ ခေတ်အဆက်ဆက် မပြေလည်အောင် လုပ်ထားခဲ့တော့ အဲဒီပြဿနာတက်နေတာ’’ဟု ရဲတပ်ဖွဲမှ နုတ်ထွက်ခဲ့ပြီး ရဲတပ်ဖွဲ့ပရဟိတအရေး ဆောင်ရွက်နေသူ ကိုမြတ်သူအောင်ကပြောသည်။

ဦးနေ၀င်း လက်ထက်တွင် ပြည်သူ့ရဲတပ်ဖွဲ့ဟု တရားဝင်အမည်ပြောင်းခဲ့သည့် ၁၉၆၄ ခုနှစ်နောက်ပိုင်း ၂၀၁၀ ပြည့်နှစ်အထိ အာဏာရှင်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင်ရှိခဲ့သော ရဲတပ်ဖွဲ့နှင့်ပြည်သူလူထု၏ ထိပ်တိုက်တွေ့ဆုံမှု အနိဋ္ဌာရုံများမှာ ဦးသိန်းစိန် အစိုးရသစ်လက်ထက်တိုင်အောင် အမွေဆိုးက ပါလာဆဲဖြစ်သည်။

အစိုးရနှင့်ခရိုနီများ ပါဝင်ပတ်သက်နေသော တရားဥပဒေနှင်မညီခဲ့သည့် အကျိုးစီးပွားများတွင် ဖိနှိပ်ခံပြည်သူလူထုက ဒီဘက်ခေတ်အစိုးရလက်ထက်၌ ၎င်းတို့၏ ရပိုင်ခွင့်ကို ရဲရဲတင်းတင်း တောင်းဆိုလာသောအခါ အောက်ခြေရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူလူထု ထိပ်တိုက်တွေ့ကြ သည်။

နောက်ဆက်တွဲရလဒ်အဖြစ် ရဲနှင့်ပြည်သူ တစ်ဖက်နှင့်တစ်ဖက် လေးစားမှုမရှိတော့ဘဲ ရန်သူလိုဖြစ်လာ ခဲ့သည်။ ထိုပြဿနာသည် တရားဥပဒေစိုးမိုးရေးအတွက် အလွန်အန္တရာယ်များပြီး မြန်မာနိုင်ငံ၏ မှုခင်းဖြစ်စဉ်များ ပေါများလာမှု၏ အခြေခံဖြစ်ကြောင်း အငြိမ်းစားဒုတိယရဲမှုးကြီး ညွန့်စိန်ကပြောသည်။

ထို့အပြင် အစိုးရသစ်လက်ထက် မှုခင်းဖြစ်စဉ်များ များပြားလာခြင်းသည် နိုင်ငံတော်တည်ဆောက်ရေးနှင့် လုံခြုံရေးအတွက် အလွန်အန္တရာယ်များနေကြောင်း မူးယစ်ဆေးနှင့် ရာဇ၀တ်မှုဆိုင်ရာ ကုလသမဂ္ဂ ရုံး(UNODC) ၏ ဌာနေကိုယ်စားလှယ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်ကို သတိပေးခဲ့ဖူးသည်။

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ရဲတပ်ဖွဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော်အရာရှိအချို့က ရာထူးကြီးကြီး ၀င်ယူထားသည့်အပိုင်းကိုလည်း လက်ရှိရဲတပ်ဖွဲ့ဝင်များက ဝေဖန်မှုများရှိနေပြီး အောက်ခြေရဲတပ်ဖွဲ့ဝင်များတွင် အဆူညံဆုံးအသံဖြစ်နေသည်။

‘‘အမှန်တကယ်တော့ ရဲတပ်ဖွဲ့နဲ့ ပြည်သူဆိုတာ အဆိုအမိန့်ဆိုတာထက် ရဲအရာရှိဆိုတာ တိုင်းပြည်လူထုရဲ့ ၀န်ထမ်းဖြစ်သည့်အလျှောက် လူထုအပေါ်တွင် မိမိကိုယ်ကိုယ် အုပ်ချုပ်သူအရှင်သခင်ဟု မှတ်ယူခြင်း မရှိစေရတဲ့။ ကျွန်တော်တို့ ရဲလက်စွဲမှာ တရားဝင်ဖော်ပြထားတာဗျ။ မနေ့တစ်နေ့ကမှ ပေါ်လာတာ မဟုတ်ဘူး။ ဆိုလိုတာက ရဲကလည်း အဲဒီလိုစိတ်ထားမျိုးရှိရမယ်။ ပြည်သူလူထုကလည်း ရဲဆိုတာ ငါတို့ရဲ့ သားသမီးတွေပဲလို့ မှတ်ယူထားရမယ်။ ယူနီဖောင်းကြီးဝတ်ပြီး ကိုယ်ကိုယ်ကိုယ် အရှင်သခင်စိတ်ပေါ က်ပြီးတော့ တွေ့သမျှလူကို ဖမ်းဖို့ဟောက်ဖို့လောက် လုပ်နေတယ်ဆိုတာကမှ လူထုနဲ့ ကျွန်တော်တို့ကြား ထဲမှာ အဲလိုလူတွေကြောင့် ပွဲပျက်တာ’’ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲမှူးချုပ်ဝင်းခေါင်၊(ရဲဦးစီးအရာရှိ)ကလည်း ပြောသည်။

‘‘ပြည်သူဟာ အစိုးရက ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ ဥပဒေကို လေးစားလိုက်နာရတယ်။ ရဲတပ်ဖွဲ့က ဥပဒေချိုးဖောက်သူကို အရေးယူရတော့ ဥပဒေဆိုတာကြီး ပျောက်မသွားအောင် လုပ်နေရတာက ရဲလေဗျာ။ ကြားမှာ ဘာမှမရှိဘူး။ဝန်ကြီးကနေ ရဲဘော်အဆင့်အထိ တန်းစီခိုင်းဗျာ။ ဘယ်သူပြည်သူနဲ့အနီးဆုံးလဲ။ ရဲကမှ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ရတာ။ အဲဒီလို တိုက်ရိုက်ကြီးထိတွေ့ရတဲ့ ရဲစခန်းတွေမှာ တိုင်တန်းမှုတွေ တောက်လျှောက်ဖြစ်နေတာလေဗျာ။ အဲဒါက အရေးပါတဲ့ကဏ္ဍတစ်ခုမှာ အရည်အချင်းမီ တပ်ဖွဲ့ဝင် မထားနိုင်အောင် အင်အားချို့တဲ့တဲ့ အနေအထားလေဗျာ။ ကျွန်တော်တို့ရဲတပ်ဖွဲ့မှာ ပထမဆုံးပြင်ရမှာက တပ်ပြောင်းတွေရဲ့ကဏ္ဍကို ချုံ့ပစ်ဖို့။ သူတို့ဟာ စစ်အမြင်နဲ့ ရဲကိုအုပ်ချုပ်တယ်။ လွဲနေတာပေါ့ဗျာ။ ရဲတပ်ဖွဲ့ဝင် စစ်စစ်ဟာ ဖျက်ဆီးခံထားရတဲ့ ရဲလုပ်ငန်းနဲ့ အလုပ်လုပ်နေရမှတော့ ပြည်သူနဲ့ ဘယ်မှာ အဆင်ပြေပြေ ဆက်ဆံနိုင်မလဲ’’ဟု ရဲဝန်ထမ်းကောင်းဆုရထားသည့် နယ်စပ်ဒေသတွင် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ စခန်းမှူးတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် နှစ်ပေါင်း ၂၀ ကျော် နေထိုင်ခဲ့ပြီး တရားမ၀င်နေထိုင်မှုဖြင့် (၅)ကြိမ်ခန့် ထိန်းသိမ်းခံခဲ့ရသူ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က‘‘ထိုင်းနိုင်ငံက ထိုင်းအမျိုးသားရဲတပ်ဖွဲ့အနေနဲ့ အဆင့်တိုင်းမှာ အဂတိလိုက်စားမှုတွေရှိနေပေမယ့် နည်းပညာနဲ့ သိက္ခာနဲ့ ပတ်သက်ရင်တော့ မြန်မာရဲတပ်ဖွဲ့နဲ့  အများကြီးသာမယ်လို့ ထင်တယ်။ ထိုင်းပြည်သူလူတွေအနေနဲ့ တစ်စုံတစ်ရာ ပြဿနာပေါ်ရင် ထိုင်းရဲတပ်ဖွဲ့ကို အကူအညီတောင်းလို့ ရနိင်တယ်။ ထိုင်းရဲတပ်ဖွဲ့ လုပ်နိုင်ကိုင်နိုင်အောင်၊ တစ်စုံတစ်ရာလုပ်ပိုင်ခွင့်တွေ ပေးထားတာရှိတော့၊ မြန်မာရဲတပ်ဖွဲ့ထက် ပိုပြီးလုပ်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ပိုင်ခွင့်ပိုရှိတယ်လို့ ပြောလို့ရတယ်’’ဟု အိမ်နီးချင်းထိုင်းနိုင်ငံရဲတပ်ဖွဲ့နှင့်ယှဉ်၍ ပြောသည်။

ထိုကဲ့သို့ဆိုရာ၌ ရဲတပ်ဖွဲ့ဝင်အားလုံး ပြည်သူနှင့်မနီးဘဲ ပြည်သူ့ဘက် မျက်နှာမမူတော့သည်မဟုတ်ပါ။ ခံယူချက်ဖြင့် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ကာ အဂတိမလိုက်စားဘဲ ပြည်သူ့အရေးဦးစားပေးသူ များလည်း ရှိသည်။ သို့သော်ရှားသည်။ စနစ်က ဖျက်ဆီးသဖြင့် အများစုမှာ မိုးခါးရေသောက် ကုန်ကြခြင်းဖြစ်ကြောင်း ရဲအရေးကျွမ်းကျင်သူများက သုံးသပ်သည်။

စစ်အစိုးရလက်ထက်ကပင် အကောင်အထည်ဖော်ခဲ့သည့် ရဲတပ်သားသစ်စုဆောင်းရေး စီမံချက်အရလည်း အရပ်သားလူငယ်များကို အတန်းပညာလိမ်လည်၍ ရဲတပ်ဖွဲ့သို့ မဖြစ်မနေသွတ်သွင်းနေသည်မှာလည်း လက်ရှိရဲတပ်ဖွဲ့ကို အားအင်ချည့်နဲ့စေကြောင်း ဝေဖန်မှုများရှိသည်။ ဒေသတွင်း အာဆီယံနိုင်ငံများတွင် လူဦးရေသုံးရာမှ လေးရာကြားကို ရဲတပ်ဖွဲ့ဝင်တစ်ဦးနှုန်းဖြင့် ဖွဲ့စည်းပြီး မြန်မာနိုင်ငံတွင်မူရှိနေသည့် လူဦးရေနှင့် ရဲတပ်ဖွဲ့ဝင်အချိုးကို နှိုင်းယှဉ်ပါက ရဲတပ်ဖွဲ့ဝင်တစ်ယောက်လျှင် လူဦးရေရှစ်ရာကျော်ကို တာဝန်ယူစောင့်ကြပ်နေရသည်။

နေပြည်တော်ကမူ ရဲတပ်သားသစ်စုဆောင်းရာတွင် အတန်းပညာလက်တွေ့ပြန်လည်စစ်ဆေးပြီးမှ လက်ခံကြောင်း တုံ့ပြန်သည်။ နေပြည်တော်မှ တွက်ချက်ထားသော စာရင်းများအရ မြန်မာနိုင်ငံလူဦးရေအရ ရဲတပ်ဖွဲ့ဝင်အင်အား တစ်သိန်းငါးထောင်ကျော် ရှိရမည်ဖြစ်သော်လည်း လက်ရှိတွင် ခုနှစ်သောင်းခွဲခန့်သာ ရှိနေကြောင်း သိရသည်။

ယင်းအခြေအနေတွင် တပ်ဖွဲ့ဝင်အင်အားဖြည့်ရန်အတွက် မြို့နယ်စခန်းတစ်ခုအနေဖြင့် လစဉ်တပ်ဖွဲ့ဝင် အသစ်သုံးဦးပေးရမည်ဖြစ်ပြီး မပေးနိုင်ပါက နေပြည်တော်မှ ဒဏ်ရိုက်နေဆဲဖြစ်သောကြောင့် လက်သင့်ရာ ဆွဲခေါ်နေရခြင်းမျိုးရှိကြောင်း အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးကပြောသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေး တတိယလှိုင်းတွင် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးကိုပါ ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း ပြောဆိုထားပြီး ၎င်း၏လက်ထက်တွင် အသစ်ခန့်အပ်ခဲ့သည့် ရဲချုပ်ဇော်ဝင်းကလည်း ပြည်သူဗဟိုပြုသည့်ရဲတပ်ဖွဲ့စနစ်ကို အကောင်အထည်ဖော်နေကြောင်း ပြောထား သည်။ လက်ရှိအချိန်တွင် ဥရောပသမဂ္ဂနှင့် အမေရိကန်အပါအ၀င် နိုင်ငံတကာက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် နည်းပညာနှင့် ငွေကြေးအကူအညီများ စတင်ပေးနေသည်။ ထို့ကြောင့် မြန်မာ့ရဲတပ်ဖွဲ့ နိုင်ငံတကာစံနှုန်းများကိုသိရှိပြီး မည်သို့ပြောင်းလဲလာမည်ကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။

သမိုင်းတစ်လျှောက် ပုံရိပ်ကောင်းမတည်ဆောက်နိုင်သေးသော ရဲတပ်ဖွဲ့အနေဖြင့် ပုံရိပ်ကောင်း တည်ဆောက် လိုလျင် ယခုကစကြိုးပမ်းရမည်ဖြစ်သည်။ ပြည်သူ့ဘက် မျက်နှာမူရမည်ဖြစ်သည်။ ရဲကျင့်ဝတ်များကို အာဂုံဆောင်ရုံမဟုတ်ဘဲ လက်တွေ့အသုံးချရတော့မည်ဖြစ်သည်။

တရားဥပဒေစိုးမိုးရေးနှင့် လူမှုဘ၀လုံခြုံရေးအတွက် ရဲနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အဖြေရှာရမည်ဖြစ်ကြောင်း တိုက်တွန်းသည်။

ရဲမှူးချုပ်ဝင်းခေါင်က‘‘ငါးခုံးမအများကြီးရှိနေသေးတယ်။ ဒီငါးခုံးမတွေကိုဖယ်ထုတ်ရမှာပဲ။ ထို့အတူ လူထုထဲမှာလည်း ဒီကနေ့ ဒီမိုကရေစီဆိုတဲ့ လမ်းကြောင်းကြီးပေါ် တက်နေတဲ့အချိန်မှာ ကျွန်တော်တို့ ၀မ်းနည်း ဖွယ်ရာတွေ့နေရတာက လူတွေက အုပ်စုဖွဲ့အနိုင်ကျင့်တာတွေ၊ အုပ်စုဖွဲ့ရမ်းကားတာတွေ၊ လူအုပ်စုနဲ့ လုယက်တာတွေ၊ ဒါတွေဖြစ်နေတာတွေဟာ တရားဥပဒေကို စိန်ခေါ်နေတာ။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ အေးချမ်းစွာနေနိုင်တဲ့ ရပ်ရွာအေးချမ်းသာယာရေးကို စိန်ခေါ်နေတဲ့ဖြစ်စဉ်၊ ဒါကို လူထုနဲ့ရဲနဲ့က လက်တွဲပြီး ဖြေရှင်းရမှာဖြစ်တယ်’’ဟု ပြောသည်။

7Day DAILY

No comments:

Post a Comment