Wednesday 1 October 2014

ထိုင်း ကာကွယ်ရေး ဦးစီးချုပ်သစ်က စစ်ဘက်အာဏာသိမ်းမှု ထပ်လုပ်မည် မဟုတ်ဟု ပြောကြား

Photo: ထိုင်း ကာကွယ်ရေး ဦးစီးချုပ်သစ်က စစ်ဘက်အာဏာသိမ်းမှု ထပ်လုပ်မည် မဟုတ်ဟု ပြောကြား
Wednesday, October 1, 2014

ထိုင်း ကာကွယ်ရေးဦးချုပ်ဟောင်း ပရာယွတ်ချန်အိုချာ၏ အစိုးရထံမှ စစ်ဘက်အာဏာသိမ်းမှု ထပ်မံလုပ်ဆောင်မည်မဟုတ်ဟု ကာကွယ်ရေးဦးစီးချုပ်သစ် ဥဒွန်ဒက်ဆီတာဘတ်က စက်တင် ဘာ ၃၀ ရက်က ပြောကြားခဲ့ကြောင်း သည်နေရှင်းသတင်းစာတွင် ဖော်ပြထားသည်။

“ကျွန်တော်တို့အနေနဲ့ အာဏာသိမ်းမှုတွေကို အခုရော နောင်ရော လုပ်မှာမဟုတ်ပါဘူး။ တပ်မှူးတွေ  အားလုံး သဘောထားတူညီပါတယ်။ အားလုံးက ဦးတည်ရာတစ်ခုတည်းကို သွားနေကြပါတယ်” ဟု ဥဒွန်ဒက်ဆီတာဘတ်က ပြောကြားသည်။

ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာထံမှ ကာကွယ်ရေးဦးစီးချုပ်ရာထူးအား စက်တင်ဘာ ၃၀ ရက်က တာဝန်လွှဲပြောင်းယူပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဥဒွန်ဒက်ဆီတာဘတ်က ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

မိမိတို့ စစ်တပ်အနေဖြင့် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးထိန်းသိမ်းမည့် အဓိက အဖွဲ့အစည်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကာ ဘုရင်စနစ်ကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကာ နိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို အမြန်ဆုံး အပြီးသတ်သွားရန် ကြိုးပမ်းသွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။
“ပိုမိုရှုပ်ထွေးလာတဲ့ အခြေအနေမှာ ခြိမ်းခြောက်မှု ပုံစံအမျိုးမျိုးကို ဆက်လက်ဖြေရှင်းကိုင်တွယ်သွား မှာ ဖြစ်ပါတယ်။ထိုင်းတပ်မတော်ကိုလည်း အာဆီယံအတွက် အင်အားကောင်းတဲ့ တပ်မတော်တစ်ရပ် ဖြစ်အောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ကာကွယ်ရေးဦးစီးချုပ်သစ်က ပြောကြားသည်။

မတည်ငြိမ်မှုဖြစ်ပွားနေသည့် ဒေသများမှ အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ လုပ်ဆောင်သကဲ့သို့ အခြားအစီအစဉ်များကိုလည်း တစ်ပြိုင်နက်လုပ်ဆောင်သွားမည်ဖြစ်ရာ အားလုံးပူးပေါင်းပါဝင်ပါက အဆိုပါ အစီအစဉ်သည် အောင်မြင်နိုင်မည်ဟု ယုံကြည်ကြောင်း ဥဒွန်ဒက်ဆီတာဘတ်က ပြောကြားသည်။

ဝန်ကြီးချုပ်သစ် ပရာယွတ်ကလည်း ကာကွယ်ရေး ဦးစီးချုပ်သစ်အနေဖြင့် တပ်မတော်အား ခေတ်မီအောင် လုပ်ဆောင်ခြင်းအပါအ၀င် ၎င်း၏တာဝန်များ ကို ကျေပြွန်အောင် လုပ်ဆောင်သွားနိုင် မည်ဟု ယုံကြည်ကြောင်း တာဝန်လွှဲပြောင်းသည့်အခမ်းအနားတွင် ပြောကြားခဲ့သည်။

Mizzima - News in Burmese
ထိုင်း ကာကွယ်ရေးဦးချုပ်ဟောင်း ပရာယွတ်ချန်အိုချာ၏ အစိုးရထံမှ စစ်ဘက်အာဏာသိမ်းမှု ထပ်မံ လုပ်ဆောင်မည် မဟုတ်ဟု ကာကွယ်ရေးဦးစီးချုပ်သစ် ဥဒွန်ဒက်ဆီတာဘတ်က စက်တင် ဘာ ၃၀ ရက်က ပြောကြားခဲ့ကြောင်း သည်နေရှင်းသတင်းစာတွင် ဖော်ပြထားသည်။

“ကျွန်တော်တို့အနေနဲ့ အာဏာသိမ်းမှုတွေကို အခုရော နောင်ရော လုပ်မှာမဟုတ်ပါဘူး။ တပ်မှူးတွေ  အားလုံး သဘောထားတူညီပါတယ်။ အားလုံးက ဦးတည်ရာတစ်ခုတည်းကို သွားနေကြပါတယ်” ဟု ဥဒွန်ဒက် ဆီ တာဘတ်က ပြောကြားသည်။

ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာထံမှ ကာကွယ်ရေးဦးစီးချုပ်ရာထူးအား စက်တင်ဘာ ၃၀ ရက်က တာဝန် လွှဲပြောင်းယူပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဥဒွန်ဒက်ဆီတာဘတ်က ယင်းကဲ့သို့ ပြောကြား ခြင်းဖြစ်သည်။

မိမိတို့ စစ်တပ်အနေဖြင့် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးထိန်းသိမ်းမည့် အဓိက အဖွဲ့အစည်းအဖြစ် ဆောင်ရွက် သွားမည်ဖြစ်ကာ ဘုရင်စနစ်ကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကာ နိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွားနေ သည့် ပဋိပက္ခများကို အမြန်ဆုံး အပြီးသတ်သွားရန် ကြိုးပမ်းသွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

“ပိုမိုရှုပ်ထွေးလာတဲ့ အခြေအနေမှာ ခြိမ်းခြောက်မှု ပုံစံအမျိုးမျိုးကို ဆက်လက်ဖြေရှင်းကိုင်တွယ်သွား မှာ ဖြစ်ပါ တယ်။ ထိုင်းတပ်မတော်ကိုလည်း အာဆီယံအတွက် အင်အားကောင်းတဲ့ တပ်မတော်တစ်ရပ် ဖြစ်အောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ကာကွယ်ရေးဦးစီးချုပ်သစ်က ပြောကြားသည်။

မတည်ငြိမ်မှုဖြစ်ပွားနေသည့် ဒေသများမှ အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ လုပ်ဆောင်သကဲ့သို့ အခြား အစီအစဉ်များကိုလည်း တစ်ပြိုင်နက်လုပ်ဆောင်သွားမည်ဖြစ်ရာ အားလုံးပူးပေါင်းပါဝင်ပါက အဆိုပါ အစီအစဉ်သည် အောင်မြင်နိုင်မည်ဟု ယုံကြည်ကြောင်း ဥဒွန်ဒက်ဆီတာဘတ်က ပြောကြားသည်။

ဝန်ကြီးချုပ်သစ် ပရာယွတ်ကလည်း ကာကွယ်ရေး ဦးစီးချုပ်သစ်အနေဖြင့် တပ်မတော်အား ခေတ်မီအောင် လုပ်ဆောင်ခြင်းအပါအ၀င် ၎င်း၏တာဝန်များကို ကျေပြွန်အောင် လုပ်ဆောင်သွားနိုင်မည်ဟု ယုံကြည်ကြောင်း တာဝန်လွှဲပြောင်းသည့်အခမ်းအနားတွင် ပြောကြားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment