Wednesday 1 October 2014

တစ်နိုင်ငံလုံးတွင် တန်ဖိုးနည်းအိမ်ရာများဆောက်လုပ်ပြီး အရစ်ကျစနစ်ဖြင့် ရောင်းချရန်စီစဉ်

မြန်မာ နိုင်ငံတစ်နိုင်ငံလုံးတွင်ရှိသော ဌာနပိုင်မြေများတွင် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ကာ အရစ်ကျစနစ် ဖြင့်ရောင်းချပေးရန် စီစဉ်နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ယင်းစီမံကိန်းကို တစ်နိုင်ငံလုံး တွင်တည်ရှိသော ဌာနပိုင်မြေများ တွင် လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ပြီး ဝန်ကြီးဌာနရုံးတွင် တာဝန် ထမ်းဆောင်နေသူများနှင့် အရပ်ဘက် အိမ်ရာမရှိသော ပြည်သူများအ တွက် အရစ်ကျငွေပေးချေစနစ်ဖြင့် ပေးချေနိုင်သည့် တန်ဖိုးနည်းအိမ်ရာ အဆောက်အအုံဆောက်လုပ်ရန် ဝန် ကြီးဌာန၊ မြန်မာနိုင်ငံတကာ ပူး ပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့ နှင့် အကျိုးတူပူးပေါင်းဖော်ထုတ် နိုင်ရန် စိတ်ပါဝင်စားသူ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များကို စတင် ဖိတ်ခေါ်နေကြောင်း သိရသည်။

'' တစ်နိုင်ငံလုံးမှာရှိတဲ့ ဌာ နပိုင်မြေတွေမှာ ဆောက်လုပ်သွား မယ်။ အခုစပြီး စိတ်ဝင်စားတဲ့သူတွေ ကို ဖိတ်ခေါ်တာပါ။ အဓိကရည်ရွယ် တာကတော့ အိမ်ရာမရှိတဲ့သူတွေ ကို ဈေးသက်သက်သာသာနဲ့နေထိုင် နိုင်အောင်ပါ''ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှညွှန်ကြား ရေးမှူးချုပ် ဦးစိုးကိုကိုက ပြောသည်။

ဝန်ကြီးဌာနအနေဖြင့် ပြည်နယ် နှင့် တိုင်းဒေသကြီးများတွင် Town Plan/Village plan (မြို့ပြ၊ကျေး လက်စီမံကိန်း)များနှင့်အညီ တန်ဖိုး နည်းအိမ်ရာများ ဆောက်လုပ်မည့် မြေနေရာများကို ဝန်ကြီးဌာနမှ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''ဒီစီမံကိန်းကို အမြန်ဆုံးဖော် ဆောင်နိုင်ဖို့ လုပ်ကိုင်ဆောင်ရွက် နေပါတယ်။ စိတ်ဝင်စားသူတွေကို ဖိတ်ခေါ်တယ်။ ပြီးမှ လုပ်ငန်းခွင် ဆောင်ရွက်ခွင့်ကို ပြည်နယ်နှင့်တိုင်း ဒေသကြီးအလိုက် တင်ဒါစနစ်နဲ့ ရွေး ချယ်သွားမှာပါ။ အိမ်ရာမရှိတဲ့သူ တွေကို ဦးစားပေးမယ်။ ကျေးလက် တင်မဟုတ်ဘူး။ မြို့ပြမှာဆိုရင်လဲ ဆင် ခြေဖုံးတွေမှာ နေရတဲ့သူတွေအများ ကြီးပဲ''ဟု ဦးစိုးကိုကိုကပင် ပြောသည်။

ယင်းစီမံကိန်းကို ဖော်ဆောင် ရန် စတင်စီစဉ်နေခြင်းအဆင့်သာရှိ နေသေးခြင်းကြောင့် ဆောက်လုပ် မည့် အရေအတွက်နှင့်ကုန်ကျမည့် ငွေကြေးကို အသေးစိတ်တွက်ချက် နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အကျိုးတူ ပူးပေါင်းလုပ်ဆောင် ရန်စိတ်ဝင်စားသောကုမ္ပဏီများအ နေဖြင့် ကုမ္ပဏီ၏ အချက်အလက်များ နှင့်အတူ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနဝန်ထမ်းအိမ်ရာ နှင့် ကျေးလက်အိမ်ရာ တည်ဆောက် ရေးအဖွဲ့သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။

AA
Yangon Media Group

No comments:

Post a Comment