Monday 22 September 2014

ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ UNFC ဆိုတာ ခလုတ်ကန်သင်းတစ်ခုလား ?

Photo: ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ UNFC ဆိုတာ ခလုတ်ကန်သင်းတစ်ခုလား ?

စက်တင်ဘာ ၂၂ ရက် ၊၂၀၁၄ ခုနှစ်

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလသည် ၃ နှစ် ကျော်သို့ချဉ်းနင်း ၀င်ရောက်လာပြီဖြစ်သော် လည်း ပြည်တွင်းငြိမ်းချမ်းရေးသည် ယနေ့တိုင်ပြီးပြတ်နိုင်မှု မရှိသေးဘဲ အိပ်မက်ရှည် ခရီးတစ်ခုကဲ့သို့ ဖြစ်နေ ပေသည်။ ယနေ့ စက်တင်ဘာ ၂၂ ရက်နေ့တွင် အစိုးရ UPWC နှင့် NCCT တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းအတွက် ၆ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးနေကြပြီဖြစ်ပါသည်။

ယခုဆွေးနွေးပွဲ မစတင်မီ ရက်ပိုင်းအလို၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က UNFC ကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များ ကြန့်ကြာနိုင်သည်ဟု မှတ်ချက်စကား ထွက်ပေါ်လာခဲ့သည်။ ထိုမှတ်ချက်စကားနှင့် ပတ်သက်ပြီး UNFC ဘက်ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်ရန် အစိုးရ၊ တပ်မတော်တို့နှင့် ပြေလည်အောင် ညှိနှိုင်း ဆောင်ရွက်မည်ဆိုသည့် လုပ်ငန်းစဉ်များသာ ချမှတ်ထားသည်ဟု ပြန်လည်တုံ့ပြန် ပြောဆိုထားခဲ့သည်။

UNFC အဖွဲ့ဝင်အားလုံးနီးပါး ပါဝင်နေသော NCCT ၏လုပ်ဆောင်ချက်များအတိုင်း UNFC ကတစ်သဘော တည်းလုပ်ဆောင်နေပါသည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဒုဥက္ကဋ္ဌ ခူးဦးရယ်ကပြောကြားခဲ့သည်။ သို့သော် UNFC ရဲ့ရပ်တည်ချက်များက ငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ် ထိခိုက်စေသည်ကို ဆန်းစစ်ကြည့်ခြင်း ဖြင့် အဖြေထွက်နိုင်ပါသည်။

ပထမဦးစွာ UNFC အဖွဲ့ထဲက KNU နုတ်ထွက်သွားခြင်းကို သုံးသပ်ကြည့်ရပါမည်။ UNFC ၏လက်ရှိဖွဲ့စည်းပုံ သည်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိခိုက်နေသောကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီး၏ အနေအထားနှင့် ကိုက်ညီသော UNFC အဖြစ် ပြုပြင် ပြောင်းလဲနိုင်ရန်၊ UNFC တွင် အမြဲတမ်း ဥက္ကဋ္ဌ၊ အမြဲတမ်းဗဟိုအလုပ်အမှုဆောင်များ မထားရှိဘဲ ဗဟိုချုပ်ကိုင် မှုအားလျော့ချပြီး UNFC အဖွဲ့အား ပြန်လည်ဖွဲ့စည်းရန် KNU ၏တင်ပြချက်အပေါ် UNFC ဥက္ကဋ္ဌ အင်ဘန်လက သဘောတူညီခြင်း မရှိသဖြင့် နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒုတိယအချက်က UNFC အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော်များအဖြစ် ဖွဲ့စည်းပြီး တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များက အလှည့်ကျ စစ်ဦးစီးချုပ်တာဝန်ယူရန်ဟူသော ဖွဲ့စည်းပုံကို ရေးဆွဲထားခြင်းသည် ယနေ့တပ်မတော်ကို ခြိမ်းခြောက်နေပြီး တိုင်းရင်းသားဒေသများကို အစိတ်စိတ်အမြွာမြွာ ပြိုကွဲသွားစေနိုင်သည်။ ထိုအချက်ကို UWJA ``၀´´အဖွဲ့ကပင် မဖြစ်နိုင်ဟု ထောက်ပြခဲ့ပြီး ဖြစ်ပါသည်။

တတိယအချက်က UNFC တွင် အဖွဲ့(၁၁)ဖွဲ့ဖြင့် ပါဝင်ဖွဲ့စည်းထားသော်လည်း အခြားတိုင်းရင်းသားလက်နက် ကိုင် အဖွဲ့များ၏ အင်အားနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသောကြောင့် အမည်ခံသက်သက် လက်နက်ကိုင်အဖွဲ့ များဖြင့် နည်းနည်းနဲ့ကျဲကျဲ ၀ိုင်းထားသလိုဖြစ်နေခြင်း၊ အဓိကအင်အားကြီးသော UWSA ``၀´´အဖွဲ့၊ NDAA (မိုင်းလား)အဖွဲ့၊ RCSS/SSA အဖွဲ့တို့မပါဝင်ခြင်း စသည်တို့ကြောင့် UNFC သည် တိုင်းရင်းသားလက်နက်ကိုင် အားလုံးကို ကိုယ်စားမပြုဟုဆိုနိုင်ပါသည်။

UNFC တွင်ပါဝင်သော အဖွဲ့အစည်းမျာ၏ အင်အားမှာ KIO-၅၀၀၀၊ KNPP-၆၀၀၊ CNF-၂၀၀၊ NMSP-၆၀၀၊ SSPP/SSA-၄၀၀၀၊ PNLO-၅၀၊ PSLF-၂၀၀၊ ANC-မရှိ၊ LDU-မရှိ၊ WNO-မရှိ၊ KNO-မရှိ စသဖြင့် စုစုပေါင်း အင်အား(၁၀၈၅၀)ဦးရှိပါသည်။ ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏အင်အားမှာ (၅၁၂၀၀)ဦးဖြစ်ပါ သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး၏ ငါးပုံတစ်ပုံသာရှိသော UNFC လိုအဖွဲ့မျိုးက စစ်တိုင်း တွေခွဲပြီး အလှည့်ကျ စစ်ဦးစီးချုပ်လုပ်ရန် မူဝါဒချမှတ်ခြင်းက ဟာသပျက်လုံးတစ်ခုလို ဖြစ်နေပါသည်။

အချုပ်ပြောရရင် UNFC ဆိုတာ တိုင်းတစ်ပါးရဲ့ ထောက်ပံ့ငွေပေးစာကမ်းစာ စားပြီးခေါင်းဆောင်ပိုင်းများသာ နေရာနဲ့လုပ်ပိုင်ခွင့်ရရှိနေသော အဖွဲ့ဖြစ်ပါသည်။ ခေါင်းစဉ်တပ်ပြီး ထောက်ပံ့ငွေများရနေပေမယ့် ယနေ့အချိန် ထိတိုင်းပြည်အတွက် ကောင်းရာကောင်ကျိုးတစ်ခုမှ မလုပ်ပြနိုင်ခြင်းက အံ့အားသင့်စရာဖြစ်ပါသည်။ ငြိမ်းချမ်း ရေးစကားဝိုင်းတွေမှာ UNFC ကြောင့် နှောင့်နှေးကြန့်ကြာမှုများဖြစ်ခဲ့ရင် နီးလျက်ဝေးသွားရဦးမည့် ငြိမ်းချမ်းရေး ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် အမည်ခံသက်သက် ကိုယ်ကျိုးရှာနေသော UNFC အနေနဲ့ မဖြစ်နိုင်တာများကို စိတ်ကူးနဲ့တွေးပြီး ရူးနေမည့်အစား ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာ အကောင်းဘက်ကနေ ပါဝင်ရန် လိုအပ်ပါ သည်။ သို့မဟုတ်ဘဲ ကန့်လန်တိုက်နေဦးမယ်ဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ UNFC ဆိုတာ ခလုတ်ကန်သင်း တစ်ခုပါလို့ သြဘာပေးခံရမည်ဖြစ်သလို ပြည်တွင်းငြိမ်းချမ်းရေးလည်း နောက်ဆုတ်သွားနိုင်ပါကြောင်း ရေးသား အပ်ပါသည်။

Credit: နေ၀န်းသစ်
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလသည် ၃ နှစ် ကျော်သို့ချဉ်းနင်း ၀င်ရောက်လာပြီ ဖြစ်သော်လည်း ပြည်တွင်းငြိမ်းချမ်းရေးသည် ယနေ့တိုင်ပြီးပြတ်နိုင်မှု မရှိသေးဘဲ အိပ်မက်ရှည် ခရီးတစ်ခု ကဲ့သို့ ဖြစ်နေ ပေသည်။ ယနေ့ စက်တင်ဘာ ၂၂ ရက်နေ့တွင် အစိုးရ UPWC နှင့် NCCT တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းအတွက် ၆ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးနေကြပြီဖြစ်ပါသည်။

ယခုဆွေးနွေးပွဲ မစတင်မီ ရက်ပိုင်းအလို၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က UNFC ကြောင့် ငြိမ်း ချမ်းရေး ဖြစ်စဉ်များ ကြန့်ကြာနိုင်သည်ဟု မှတ်ချက်စကား ထွက်ပေါ်လာခဲ့သည်။ ထိုမှတ်ချက်စကားနှင့် ပတ်သက်ပြီး UNFC ဘက်ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်ရန် အစိုးရ၊ တပ်မတော်တို့နှင့် ပြေလည်အောင် ညှိနှိုင်း ဆောင်ရွက်မည်ဆိုသည့် လုပ်ငန်းစဉ်များသာ ချမှတ်ထားသည်ဟု ပြန်လည်တုံ့ပြန် ပြောဆိုထားခဲ့သည်။

UNFC အဖွဲ့ဝင်အားလုံးနီးပါး ပါဝင်နေသော NCCT ၏လုပ်ဆောင်ချက်များအတိုင်း UNFC ကတစ် သဘော တည်းလုပ်ဆောင်နေပါသည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဒုဥက္ကဋ္ဌ ခူးဦးရယ် ကပြောကြား ခဲ့သည်။ သို့သော် UNFC ရဲ့ရပ်တည်ချက်များက ငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ် ထိခိုက်စေ သည် ကို ဆန်းစစ်ကြည့်ခြင်း ဖြင့် အဖြေထွက်နိုင်ပါသည်။

ပထမဦးစွာ UNFC အဖွဲ့ထဲက KNU နုတ်ထွက်သွားခြင်းကို သုံးသပ်ကြည့်ရပါမည်။ UNFC ၏လက်ရှိ ဖွဲ့စည်းပုံ သည်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိခိုက် နေသောကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီး၏ အနေအထားနှင့် ကိုက်ညီသော UNFC အဖြစ် ပြုပြင် ပြောင်းလဲနိုင်ရန်၊ UNFC တွင် အမြဲတမ်း ဥက္ကဋ္ဌ၊ အမြဲတမ်းဗဟိုအလုပ်အမှုဆောင်များ မထားရှိဘဲ ဗဟိုချုပ်ကိုင် မှုအားလျော့ချပြီး UNFC အဖွဲ့အား ပြန်လည်ဖွဲ့စည်းရန် KNU ၏တင်ပြချက်အပေါ် UNFC ဥက္ကဋ္ဌ အင်ဘန်လက သဘောတူညီခြင်း မရှိသဖြင့် နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒုတိယအချက်က UNFC အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော်များအဖြစ် ဖွဲ့စည်းပြီး တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များက အလှည့်ကျ စစ်ဦးစီးချုပ်တာဝန်ယူရန်ဟူသော ဖွဲ့စည်းပုံကို ရေးဆွဲ ထားခြင်းသည် ယနေ့တပ်မတော်ကို ခြိမ်းခြောက်နေပြီး တိုင်းရင်းသားဒေသများကို အစိတ်စိတ် အမြွာမြွာ ပြိုကွဲသွားစေနိုင်သည်။ ထိုအချက်ကို UWJA ``၀´´အဖွဲ့ကပင် မဖြစ်နိုင်ဟု ထောက်ပြခဲ့ပြီး ဖြစ်ပါသည်။

တတိယအချက်က UNFC တွင် အဖွဲ့(၁၁)ဖွဲ့ဖြင့် ပါဝင်ဖွဲ့စည်းထားသော်လည်း အခြားတိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များ၏ အင်အားနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသောကြောင့် အမည်ခံသက်သက် လက်နက် ကိုင်အဖွဲ့ များဖြင့် နည်းနည်းနဲ့ကျဲကျဲ ၀ိုင်းထားသလိုဖြစ်နေခြင်း၊ အဓိကအင်အားကြီးသော UWSA ``၀´´အဖွဲ့၊ NDAA (မိုင်းလား)အဖွဲ့၊ RCSS/SSA အဖွဲ့တို့မပါဝင်ခြင်း စသည်တို့ကြောင့် UNFC သည် တိုင်းရင်းသားလက်နက်ကိုင် အားလုံးကို ကိုယ်စားမပြုဟုဆိုနိုင်ပါသည်။

UNFC တွင်ပါဝင်သော အဖွဲ့အစည်းမျာ၏ အင်အားမှာ KIO-၅၀၀၀၊ KNPP-၆၀၀၊ CNF-၂၀၀၊ NMSP-၆၀၀၊ SSPP/SSA-၄၀၀၀၊ PNLO-၅၀၊ PSLF-၂၀၀၊ ANC-မရှိ၊ LDU-မရှိ၊ WNO-မရှိ၊ KNO-မရှိ စသဖြင့် စုစုပေါင်း အင်အား(၁၀၈၅၀)ဦးရှိပါသည်။ ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏အင်အားမှာ (၅၁၂၀၀)ဦးဖြစ်ပါ သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး၏ ငါးပုံတစ်ပုံသာရှိသော UNFC လိုအဖွဲ့မျိုးက စစ်တိုင်း တွေခွဲပြီး အလှည့်ကျ စစ်ဦးစီးချုပ်လုပ်ရန် မူဝါဒချမှတ်ခြင်းက ဟာသပျက်လုံးတစ်ခုလို ဖြစ်နေပါသည်။

အချုပ်ပြောရရင် UNFC ဆိုတာ တိုင်းတစ်ပါးရဲ့ ထောက်ပံ့ငွေပေးစာကမ်းစာ စားပြီးခေါင်းဆောင် ပိုင်းများသာ နေရာနဲ့လုပ်ပိုင်ခွင့်ရရှိနေသော အဖွဲ့ဖြစ်ပါသည်။ ခေါင်းစဉ်တပ်ပြီး ထောက်ပံ့ငွေများ ရနေပေမယ့် ယနေ့အချိန် ထိတိုင်းပြည်အတွက် ကောင်းရာကောင်ကျိုးတစ်ခုမှ မလုပ်ပြနိုင်ခြင်းက အံ့အား သင့် စရာဖြစ် ပါသည်။ ငြိမ်းချမ်း ရေးစကားဝိုင်းတွေမှာ UNFC ကြောင့် နှောင့်နှေးကြန့်ကြာမှုများဖြစ်ခဲ့ရင် နီးလျက်ဝေးသွားရဦးမည့် ငြိမ်းချမ်းရေး ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် အမည်ခံသက်သက် ကိုယ်ကျိုး ရှာနေသော UNFC အနေနဲ့ မဖြစ်နိုင်တာများကို စိတ်ကူးနဲ့တွေးပြီး ရူးနေမည့်အစား ပြည်တွင်းငြိမ်း ချမ်းရေးဖြစ်စဉ်မှာ အကောင်းဘက်ကနေ ပါဝင်ရန် လိုအပ်ပါ သည်။ သို့မဟုတ်ဘဲ ကန့်လန်တိုက်နေ ဦးမယ် ဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ UNFC ဆိုတာ ခလုတ်ကန်သင်း တစ်ခုပါလို့ သြဘာပေးခံရမည်ဖြစ်သလို ပြည်တွင်းငြိမ်းချမ်းရေးလည်း နောက်ဆုတ်သွားနိုင်ပါကြောင်း ရေးသား အပ်ပါသည်။

Credit: နေ၀န်းသစ် 

No comments:

Post a Comment