Monday 22 September 2014

အဘိဓမ္မာအခါတော်နေ့တွင် ချင်းမိုင်သျှမ်းစာ/ယဉ်အဖွဲ့က ယူနီကုတ်ဖောင့် အခမဲ့သွင်းပေးမည်

Photo: အဘိဓမ္မာအခါတော်နေ့တွင် ချင်းမိုင်သျှမ်းစာ/ယဉ်အဖွဲ့က ယူနီကုတ်ဖောင့် အခမဲ့သွင်းပေးမည်
Monday, September 22, 2014

သီတင်းကျွတ်လပြည့်နေ့ဖြစ်သော အောက်တိုဘာလ ၈ ရက်နေ့ အဘိဓမ္မာအခါတော်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ အင်တာနက်အသုံးပြုသူ သျှမ်းလူငယ်မောင်မယ်များ အား သျှမ်းယူနီကုတ်ဖောင့် အခမဲ့ ထည့်သွင်းပေးမည်ဟု သိရပါသည်။

သျှမ်းလူငယ်များ နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယူနီကုတ်ဖောင့်အသုံးပြုရေးအတွက် ရည်ရွယ်သည့် တွေ့ဆုံဆွေးနွေးပွဲတရပ်ကို ထိုင်းနိုင်ငံချင်းမိုင်မြို့ သျှမ်းစာပေယဉ်ကျေးမှုအသင်းရုံးတွင် စက်တင်ဘာလ ၂၁ ရက်က ကျင်းပရာ ထိုသို့ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုပါသည်။

သျှမ်းစာပေသင်ရိုးညွှန်းတမ်းတွင် စာလုံးပေါင်းသည့်အတိုင်း ယူနီကုတ်ဖောင့်ဖြင့် စာရိုက်နိုင်မည့် နည်း လမ်းရှာဖွေနိုင်ရန်၊ လက်ရှိအသုံးပြုနေကြသော သျှမ်းယူနီ ကုတ်ဖောင့် ပြန့်နှံ့စေရန်ရည်ရွယ်ကြောင်း၊ ထို့ကြောင့် သီတင်းကျွတ်လပြည့်နေ့တွင် ဝပ်ကူတောက် ဘုန်းကြီးကျောင်း၌ ချင်းမိုင်မှ သျှမ်းလူငယ် ရွှေ့ပြောင်းအလုပ်သမားများအား သျှမ်းစာပေယဉ်ကျေးမှု အသင်းမှ လူငယ်များက ကွန်ပြူတာ၊ လက်တော့ပ်၊ လက်ကုန်ဖုန်း၊ တက်ပ်လက်များအတွင်း ယူနီကုတ် ဖောင့်ထည့်သွင်းပေးမည်ဖြစ်ကြောင်း အသင်းဝင်လူငယ် စိုင်းဟန် က ပြောပါသည်။

“ကျနော်တို့ စေတနာအလျောက်ဘဲ ထည့်ပေးပါတယ်။ အဖိုးအခ မယူပါဘူး။ ဒါပေမယ့် အသင်းကို ကူညီထောက်ပံ့ချင်တယ်ဆိုရင်လည်း စေတနာအလျောက်ပေါ့နော်။ ထည့်ဝင်လှူဒါန်းလို့ ရပါတယ်။”

သျှမ်းလူငယ်များအကြား နည်းပညာပိုင်းဆိုင်ရာမြင့်တင်ရေးအတွက် ချင်းမိုင်မြို့ သျှမ်းစာပေယဉ်ကျေးမှု အသင်းက IT ပညာဝါသနာပါသူ လူငယ်များကို စုစည်းကာ နည်းပညာပိုင်းဆိုင်ရာအတွက် အသုံးပြုမည့် သျှမ်းဘာသာစာပေနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ယခုနှစ်ဆန်း ဂျန္နဝါရီလက စတင်ပြုလုပ်ခဲ့သည်။ ထိုနောက်ပိုင်း ၄ လ ခန့်အကြာ မေလမှ စ၍ ယခုချိန်အထိ လစဉ်လတိုင်း တလတကြိမ် အိုင်တီပိုင်းဆိုင် ရာ လူငယ်များ တွေ့ဆုံခဲ့ကြသည်။

သျှမ်းသံတော်ဆင့်
သီတင်းကျွတ်လပြည့်နေ့ဖြစ်သော အောက်တိုဘာလ ၈ ရက်နေ့ အဘိဓမ္မာအခါတော်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ အင်တာနက်အသုံးပြုသူ သျှမ်းလူငယ်မောင်မယ်များအား သျှမ်းယူနီကုတ်ဖောင့် အခမဲ့ ထည့်သွင်းပေးမည်ဟု သိရပါသည်။

သျှမ်းလူငယ်များ နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယူနီကုတ်ဖောင့်အသုံးပြုရေးအတွက် ရည်ရွယ် သည့် တွေ့ဆုံဆွေးနွေးပွဲတရပ်ကို ထိုင်းနိုင်ငံချင်းမိုင်မြို့ သျှမ်းစာပေယဉ်ကျေးမှုအသင်းရုံးတွင် စက်တင်ဘာလ ၂၁ ရက်က ကျင်းပရာ ထိုသို့ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုပါသည်။

သျှမ်းစာပေသင်ရိုးညွှန်းတမ်းတွင် စာလုံးပေါင်းသည့်အတိုင်း ယူနီကုတ်ဖောင့်ဖြင့် စာရိုက်နိုင်မည့် နည်း လမ်းရှာဖွေနိုင်ရန်၊ လက်ရှိအသုံးပြုနေကြသော သျှမ်းယူနီ ကုတ်ဖောင့် ပြန့်နှံ့စေရန်ရည်ရွယ်ကြောင်း၊ ထို့ကြောင့် သီတင်းကျွတ်လပြည့်နေ့တွင် ဝပ်ကူတောက် ဘုန်းကြီးကျောင်း၌ ချင်းမိုင်မှ သျှမ်းလူငယ် ရွှေ့ပြောင်းအလုပ်သမားများအား သျှမ်းစာပေယဉ်ကျေးမှု အသင်းမှ လူငယ်များက ကွန်ပြူတာ၊ လက်တော့ပ်၊ လက်ကုန်ဖုန်း၊ တက်ပ်လက်များအတွင်း ယူနီကုတ် ဖောင့်ထည့်သွင်းပေးမည်ဖြစ်ကြောင်း အသင်းဝင် လူငယ် စိုင်းဟန် က ပြောပါသည်။

“ကျနော်တို့ စေတနာအလျောက်ဘဲ ထည့်ပေးပါတယ်။ အဖိုးအခ မယူပါဘူး။ ဒါပေမယ့် အသင်းကို ကူညီထောက်ပံ့ချင်တယ်ဆိုရင်လည်း စေတနာအလျောက်ပေါ့နော်။ ထည့်ဝင်လှူဒါန်းလို့ ရပါတယ်။”

သျှမ်းလူငယ်များအကြား နည်းပညာပိုင်းဆိုင်ရာမြင့်တင်ရေးအတွက် ချင်းမိုင်မြို့ သျှမ်းစာပေယဉ်ကျေးမှု အသင်းက IT ပညာဝါသနာပါသူ လူငယ်များကို စုစည်းကာ နည်းပညာပိုင်းဆိုင်ရာအတွက် အသုံးပြုမည့် သျှမ်းဘာသာစာပေနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ယခုနှစ်ဆန်း ဂျန္နဝါရီလက စတင်ပြုလုပ်ခဲ့သည်။ ထိုနောက်ပိုင်း ၄ လ ခန့်အကြာ မေလမှ စ၍ ယခုချိန်အထိ လစဉ်လတိုင်း တလတကြိမ် အိုင်တီပိုင်းဆိုင် ရာ လူငယ်များ တွေ့ဆုံခဲ့ကြသည်။

သျှမ်းသံတော်ဆင့်

No comments:

Post a Comment