Monday 22 September 2014

ငြိမ်းချမ်းရေးနေ့တွင် အစိုးရထံ ပြည်သူများက အချက်ငါးချက် တောင်းဆို

Photo: ငြိမ်းချမ်းရေးနေ့တွင် အစိုးရထံ ပြည်သူများက အချက်ငါးချက် တောင်းဆို
Monday, September 22, 2014

ပင်လုံစိတ်ဓာတ်ကိုအခြေခံသည့် အင်အားစုအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေး ပွဲများ မဖြစ်မနေကျင်းပရန်နှင့် လူမျိုး ရေး၊ ဘာသာရေးပဋိပက္ခများ၊အကြမ်းဖက်မှု များ မပေါ်ပေါက်စေရန် အစိုးရအနေဖြင့် တာဝန်ယူမှုရှိစွာ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အပါအ၀င် အချက်ငါးချက်ကို အရပ်ဘက် လူမှု အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများက အပြည်ပြည်ဆိုင်ရာငြိမ်း ချမ်းရေးနေ့တွင် ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်သည်။

ပြည်တွင်းစစ်ဖြစ်ပွားနေခဲ့သည်မှာ နှစ်ပေါင်းခြောက်ဆယ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး မကြာသေးမီကလည်း လူမျိုးရေး၊ဘာသာရေးကိုအခြေခံသည့် ပဋိပက္ခများ၊ အကြမ်းဖက်မှုများပေါ်ပေါက်ခဲ့၍ ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များ ထိခိုက်ဆုံးရှုံး ကာ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုများကင်းမဲ့ခဲ့ရသည်။ ယင်း အတွက်ကြောင့် ငြိမ်းချမ်းရေးကို လိုလားသော လူငယ်များ၊ ကျောင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ဖြစ်သော စက်တင်ဘာ ၂၁ ရက်တွင် လေးလေးနက်နက် ကြေညာချက်ထုတ်ပြန် တောင်းဆိုခြင်းဖြစ်သည်ဟု ဆို သည်။

ငြိမ်းချမ်းရေးလိုလားသော တက်ကြွလှုပ်ရှားသူများက ပင်လုံစိတ်ဓာတ်ကိုအခြေခံသော ပွင့်လင်းမြင်သာ၍ အင်အားစုအားလုံး ပါဝင်သည့်နိုင်ငံရေးဆွေးနွေးပွဲများ မဖြစ်မနေကျင်းပရန်၊တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ၊တပ်မတော် နှင့် အစိုးရကြားဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပိုမိုပွင့်လင်းမြင်သာမှုရှိ အောင် ပြုလုပ်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။

‘‘အပစ်အခတ်ရပ်စဲလောက်ရုံနဲ့တော့ ကျွန်မတို့လိုချင်တဲ့စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမှာမဟုတ်ပါဘူး။ ကျွန်မတို့အားလုံးလိုချင်တဲ့  စစ်မှန်တဲ့ ငြိမ်းချမ်းရေးထာဝရ တည်တံ့ခိုင်မြဲဖို့ဆိုတာ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်မှသာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိမှာဖြစ်ပါတယ်’’ဟု Generation Wave မှ မအိအိမိုးကပြောသည်။

ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူများက တိုင်းရင်းသားပြည်သူများ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးအတွက် အမျိုးသားတန်းတူခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တရားမျှတသော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာ စေရန် တောင်းဆိုခဲ့သည်။

ထို့အပြင် ပြည်သူများကြား ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာလုံခြုံမှု ကင်းမဲ့သော ပဋိပက္ခများ၊အကြမ်း ဖက်မှုများမပေါ်ပေါက်စေရန် အစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ကြေညာချက်တွင် ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် လှုပ်ရှားမှုများကို ရန်ကုန်မြို့အနှံ့တွင် ပြုလုပ်ခဲ့ကြသည်။

7Day DAILY 

ငြိမ်းချမ်းရေးနေ့ ချီတက်ဆန္ဒဖော်ထုတ်ကြသူများကိုတွေ့ရစဉ်(ဓာတ်ပုံ − ကျော်ဇင်သန်း)
ငြိမ်းချမ်းရေးနေ့ ချီတက်ဆန္ဒဖော်ထုတ်ကြသူများကိုတွေ့ရစဉ်(ဓာတ်ပုံ − ကျော်ဇင်သန်း)
ပင်လုံစိတ်ဓာတ်ကိုအခြေခံသည့် အင်အားစုအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ မဖြစ်မနေကျင်းပ ရန်နှင့် လူမျိုး ရေး၊ ဘာသာရေးပဋိပက္ခများ၊အကြမ်းဖက်မှုများ မပေါ်ပေါက်စေရန် အစိုးရအနေဖြင့် တာဝန် ယူမှုရှိစွာ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အပါအ၀င် အချက်ငါးချက်ကို အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများက အပြည်ပြည်ဆိုင်ရာငြိမ်း ချမ်းရေးနေ့တွင် ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်သည်။

ပြည်တွင်းစစ်ဖြစ်ပွားနေခဲ့သည်မှာ နှစ်ပေါင်းခြောက်ဆယ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး မကြာသေးမီကလည်း လူမျိုးရေး၊ဘာသာရေးကိုအခြေခံသည့် ပဋိပက္ခများ၊ အကြမ်းဖက်မှုများပေါ်ပေါက်ခဲ့၍ ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များ ထိခိုက်ဆုံးရှုံး ကာ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုများကင်းမဲ့ခဲ့ရသည်။ ယင်း အတွက်ကြောင့် ငြိမ်းချမ်းရေးကို လိုလားသော လူငယ်များ၊ ကျောင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းေ ရးနေ့ဖြစ်သော စက်တင်ဘာ ၂၁ ရက်တွင် လေးလေးနက်နက် ကြေညာချက်ထုတ်ပြန် တောင်းဆိုခြင်းဖြစ် သည်ဟု ဆို သည်။

ငြိမ်းချမ်းရေးလိုလားသော တက်ကြွလှုပ်ရှားသူများက ပင်လုံစိတ်ဓာတ်ကိုအခြေခံသော ပွင့်လင်းမြင်သာ၍ အင်အားစုအားလုံး ပါဝင်သည့်နိုင်ငံရေးဆွေးနွေးပွဲများ မဖြစ်မနေကျင်းပရန်၊တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ၊တပ်မတော် နှင့် အစိုးရကြားဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကို ပိုမို ပွင့် လင်းမြင်သာမှု ရှိ အောင် ပြုလုပ်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။

‘‘အပစ်အခတ်ရပ်စဲလောက်ရုံနဲ့တော့ ကျွန်မတို့လိုချင်တဲ့စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမှာမဟုတ်ပါဘူး။ ကျွန်မတို့ အားလုံး လိုချင်တဲ့  စစ်မှန်တဲ့ ငြိမ်းချမ်းရေးထာဝရ တည်တံ့ခိုင်မြဲဖို့ဆိုတာ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်မှသာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိမှာဖြစ်ပါတယ်’’ဟု Generation Wave မှ မအိအိမိုးကပြောသည်။

ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူများက တိုင်းရင်းသားပြည်သူများ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးအတွက် အမျိုးသားတန်းတူခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တရားမျှတသော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာ စေရန် တောင်းဆိုခဲ့သည်။

ထို့အပြင် ပြည်သူများကြား ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာလုံခြုံမှု ကင်းမဲ့သော ပဋိပက္ခများ၊အကြမ်း ဖက်မှုများ မပေါ်ပေါက်စေရန် အစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် တရားဥပဒေစိုးမိုးရေးကို အကောင် အထည်ဖော် ဆောင်ရွက်ပေးရန် ကြေညာချက်တွင် ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် လှုပ်ရှားမှုများကို ရန်ကုန်မြို့အနှံ့ တွင် ပြုလုပ်ခဲ့ကြသည်။

7Day DAILY 

No comments:

Post a Comment