Monday 22 September 2014

ယခုဘဏ္ဍာနှစ် ပထမ ငါးလအတွင်း ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၃ ဘီလီယံကျော်ရှိ

ယခုဘဏ္ဍာနှစ် ပထမ ငါးလအတွင်းတွင် ကုန်သွယ်မှု တန်ဖိုးသည် ပြီးခဲ့သည့်နှစ် အ လားတူကာလထက် ကန်ဒေါ်လာ ၃ ဘီလီယံကျော်အထိ မြင့်တက် နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့် က ပြောသည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ်အ တွက် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ် လာ ၂၅ ဘီလီယံကျော်ရရှိရန် နိုင်ငံတော်မှ ခန့်မှန်း လျာထား သော်လည်း ယခုနှစ်၏ ကုန်သွယ် မှုတန်ဖိုးကို ဒေါ်လာ ၃၀ ဘီလီယံ အထိ ရရှိအောင် လုပ်ဆောင်သွား မည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

‘‘လက်ရှိမှာ တရားဝင် ကုန်သွယ်မှု ပိုမိုများအောင် ရေဆိပ်တွေမှာပါ မိုဘိုင်းအ ဖွဲ့တွေ ဆောင်ရွက်နေပြီဖြစ် တဲ့ အတွက် စီးပွားကူးသန်းအနေနဲ့ ဘီလီယံ ၃၀ ကျော်အောင် လုပ်သွားမယ်’’ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

ကုန်သွယ်မှု တန်ဖိုးများ မြင့် တက်လာသကဲ့သို့ ကုန်သွယ်မှု လိုငွေများမှာ လစဉ်လတိုင်း ရှိ နေဆဲဖြစ်ပြီး နောက်ဆုံးထုတ်ပြန် သော သတင်းအရ ဇူလိုင်လကုန် အထိ ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာသန်း ၁၇၀၀ ကျော်ရှိသွားပြီဖြစ်သည်။

ကုန်သွယ်မှု တန်ဖိုးသည် လက်ရှိ အစိုးရသက်တမ်းတွင် ပို့ကုန်နှင့် သွင်းကုန်တန်ဖိုး နှစ်ခုလုံးတွင် သုံးနှစ် အတွင်း ၁၀ ဘီလီယံခန့်အထိ မြင့်တက်လာကြောင်း သိရသည်။

လက်ရှိ အစိုးရလက်ထက် ကုန်သွယ်မှုဆိုင်ရာများတွင် နိုင်ငံတကာ ကုန်သွယ်မှုပုံစံများနှင့် ယှဉ်ပြိုင်နိုင်ရန် ဟူသော ခေါင်းစဉ်ဖြင့် ကုန်သွယ်မှု ကဏ္ဍအသီးသီးကို ပြင်ဆင်ဖြေလျော့ပေးမှုများ ပြုလုပ်ပေးခဲ့သည်။

ယခင်နှစ်များက  ပြည်ပ တင်ပို့ခွင့် မပြုသော ကုန်ပစ္စည်း  ၃၂ မျိုး သတ်မှတ်ထားရာမှ ယခု အခါ တဖြည်းဖြည်း ဖြေေ လျာ့ပေး လာရာ ပစ္စည်း ၁၀ မျိုးခန့်သာ ကန့်သတ်ကုန်အဖြစ် ကျန်ရှိတော့သည်။ ပြီးခဲ့သည့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ကုန်တွင် ပို့ကုန်၊ သွင်းကုန်အနေအထားအရ ကုန်သွယ်မှု လိုငွေသည် ကန်ဒေါ်လာသန်း ၂၀၀၀ ကျော်အထိ ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအနေအထားသည် နှစ်များစွာ ဆက်တိုက်လိုငွေပြနေသော အနေအထားသာ ရှိနေသေးသည်။

မြန်မာနိုင်ငံ၏ ပို့ကုန်များမှာ တိုင်းပြည်၏ သယံဇာတနှင့် ထုတ်ကုန်များဖြစ်သော သယံဇာ တ၊ သဘာဝ ဓာတ်ငွေ့၊ ကျွန်း သစ်၊ စိုက်ပျိုးရေးနှင့် ရေထွက်ပစ္စည်းတို့အပေါ် မူတည်နေသည်။

တိုင်းပြည်၏ ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အမျိုးသား အဆင့် ပို့ကုန် မဟာဗျူဟာများ လည်း ရေးဆွဲကာ ဦးစားပေး ကုန် စည်များ၊ ကဏ္ဍများကို သတ်မှတ် ဆောင်ရွက်မှုများ  ပြုလုပ်နေ ကြောင်း သိရသည်။

7Day DAILY

No comments:

Post a Comment