Monday 22 September 2014

IS အဖွဲ့လက်မှ လွတ်မြောက်ရန် ဆီးရီးယား ကာ့ဒ်လူမျိုး သောင်းနှင့်ချီ၍ တူရကီသို့ ထွက်ပြေး

Photo: IS အဖွဲ့လက်မှ လွတ်မြောက်ရန် ဆီးရီးယား ကာ့ဒ်လူမျိုး သောင်းနှင့်ချီ၍ တူရကီသို့ ထွက်ပြေး
Monday, September 22, 2014

ဆီးရီးယား ကာ့ဒ်လူမျိုး အများအပြားသည် အစွန်းရောက် စစ်သွေးကြွအဖွဲ့ Islamic State ၏ အန္တရာယ်မှ လွတ်မြောက်ရန်အတွက် စနေနေ့က တူရကီနိုင်ငံထဲသို့ ထွက်ပြေးခဲ့ရသည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

ဇွန်လအတွင်းက ဖမ်းဆီးခြင်း ခံခဲ့ရသော တူရကီလူမျိုး ဓားစာခံ ၄၆ ဦး IS အဖွဲ့လက်မှ ပြန်လည်လွတ်မြောက်လာပြီး တစ်ရက်အကြာတွင် ယခုကဲ့သို့ ဆီးရီးယား ကာ့ဒ်လူမျိုး သောင်းနှင့်ချီ၍ တူရကီနိုင်ငံထဲသို့ ထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။

သောကြာနေ့က နယ်စပ်ဂိတ်ကို ဖွင့်လှစ်ပေးခဲ့သည့် အချိန်မှစ၍ လက်ရှိအချိန်ထိ တူရကီနိုင်ငံထဲသို့ ထွက်ပြေးလာသော ဆီးရီးယား ကာ့ဒ်လူမျိုး အရေအတွက်မှာ ၆၀,၀၀၀ ခန့်အထိ ရှိသွားပြီဟု တူရကီ ဒုဝန်ကြီးချုပ်က ပြောကြားသည်။

ကာ့ဒ်လူမျိုး အများအပြား နေထိုင်ရာ ဆီးရီးယား မြို့တစ်မြို့ ဖြစ်သော ခိုဘာနဲမြို့ကို IS အဖွဲ့က သိမ်းပိုက်ရန် ကြိုးစားသဖြင့် IS အဖွဲ့နှင့် ကာ့ဒ်တပ်ဖွဲ့ဝင်များကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားရာမှ ဒေသခံ ဆီးရီးယား ကာ့ဒ်လူမျိုးများမှာ တူရကီနိုင်ငံထဲသို့ ထွက်ပြေးခဲ့ကြရခြင်း ဖြစ်သည်။

ခိုဘာနဲ့မြို့သည် ဆီးရီးယားနိုင်ငံ၏ တတိယမြောက် အကြီးဆုံး ကာ့ဒ်မြို့တစ်မြို့ ဖြစ်သည့်အပြင် တူရကီနှင့် နယ်စပ်တွင် တည်ရှိသဖြင့် ပထဝီဝင် အနေအထားအရ မဟာဗျူဟာမြောက် မြို့တစ်မြို့လည်း ဖြစ်သည်။

IS အကြမ်းဖက် အဖွဲ့သည် ပြီးခဲ့သော အင်္ဂါနေ့ကတည်းက ခိုဘာနဲမြို့အနီးသို့ စတင် ချဉ်းကပ်လာခဲ့ခြင်း ဖြစ်ပြီး အချိန်တို အတွင်းမှာပင် ၎င်းမြို့ အနီးဝန်းကျင်ရှိ ရွာပေါင်း ၆၀ ခန့်ကို သိမ်းယူခဲ့သည်။

“IS အဖွဲ့ ကျွန်တော်တို့ ရွာထဲ ဝင်လာပြီး လူတိုင်းကို လိုက်ခြိမ်းခြောက်တယ်။ ရွာကို ဗုံးတွေနဲ့ တိုက်ခိုက်တယ်။ အိမ်တွေကိုလည်း ဖျက်ဆီးတယ်။ ထွက်မပြေးဘဲ ရွာမှာဆက်နေတဲ့ လူတွေကို ခေါင်းဖြတ်ပစ်တယ်” ဟု မိသားစုနှင့်အတူ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသော ဆီးရီးယား ကာ့ဒ်အမျိုးသားတစ်ဦးက ပြောသည်။

ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကမူ IS အဖွဲ့နှင့် ကာ့ဒ်တပ်ဖွဲ့ဝင်များကြား တိုက်ပွဲများတွင် IS အဖွဲ့သား ၁၈ ဦးအထိ သေဆုံးခဲ့ပြီးပြီဟု ထုတ်ပြန် ကြေညာထားသည်။

ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေ အများအပြားကို သိမ်းပိုက်ပြီး အစ္စလာမ္မစ်နိုင်ငံတော် အဖြစ် ကြေညာထားပြီး ဓားစာခံများကို ခေါင်းဖြတ်ကွပ်မျက်မှု အများအပြား ကျူးလွန်ထားသည့် IS အဖွဲ့ကို နှိမ်နင်းရန်အတွက် ကုလသမဂ္ဂက နိုင်ငံပေါင်းစုံ ပါဝင်သော ညွန့်ပေါင်း အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားသည်။

The Voice Weekly
ဆီးရီးယား ကာ့ဒ်လူမျိုး အများအပြားသည် အစွန်းရောက် စစ်သွေးကြွအဖွဲ့ Islamic State ၏ အန္တရာယ်မှ လွတ်မြောက်ရန်အတွက် စနေနေ့က တူရကီနိုင်ငံထဲသို့ ထွက်ပြေးခဲ့ရသည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

ဇွန်လအတွင်းက ဖမ်းဆီးခြင်း ခံခဲ့ရသော တူရကီလူမျိုး ဓားစာခံ ၄၆ ဦး IS အဖွဲ့လက်မှ ပြန်လည် လွတ်မြောက် လာပြီး တစ်ရက်အကြာတွင် ယခုကဲ့သို့ ဆီးရီးယား ကာ့ဒ်လူမျိုး သောင်းနှင့်ချီ၍ တူရကီနိုင်ငံ ထဲသို့ ထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။

သောကြာနေ့က နယ်စပ်ဂိတ်ကို ဖွင့်လှစ်ပေးခဲ့သည့် အချိန်မှစ၍ လက်ရှိအချိန်ထိ တူရကီနိုင်ငံထဲသို့ ထွက်ပြေးလာသော ဆီးရီးယား ကာ့ဒ်လူမျိုး အရေအတွက်မှာ ၆၀,၀၀၀ ခန့်အထိ ရှိသွားပြီဟု တူရကီ ဒုဝန်ကြီးချုပ်က ပြောကြားသည်။

ကာ့ဒ်လူမျိုး အများအပြား နေထိုင်ရာ ဆီးရီးယား မြို့တစ်မြို့ ဖြစ်သော ခိုဘာနဲမြို့ကို IS အဖွဲ့က သိမ်းပိုက်ရန် ကြိုးစားသဖြင့် IS အဖွဲ့နှင့် ကာ့ဒ်တပ်ဖွဲ့ဝင်များကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားရာမှ ဒေသခံ ဆီးရီးယား ကာ့ဒ်လူမျိုးများမှာ တူရကီနိုင်ငံထဲသို့ ထွက်ပြေးခဲ့ကြရခြင်း ဖြစ်သည်။

ခိုဘာနဲ့မြို့သည် ဆီးရီးယားနိုင်ငံ၏ တတိယမြောက် အကြီးဆုံး ကာ့ဒ်မြို့တစ်မြို့ ဖြစ်သည့်အပြင် တူရကီနှင့် နယ်စပ်တွင် တည်ရှိသဖြင့် ပထဝီဝင် အနေအထားအရ မဟာဗျူဟာမြောက် မြို့တစ်မြို့လည်း ဖြစ်သည်။

IS အကြမ်းဖက် အဖွဲ့သည် ပြီးခဲ့သော အင်္ဂါနေ့ကတည်းက ခိုဘာနဲမြို့အနီးသို့ စတင် ချဉ်းကပ်လာခဲ့ခြင်း ဖြစ်ပြီး အချိန်တို အတွင်းမှာပင် ၎င်းမြို့ အနီးဝန်းကျင်ရှိ ရွာပေါင်း ၆၀ ခန့်ကို သိမ်းယူခဲ့သည်။

“IS အဖွဲ့ ကျွန်တော်တို့ ရွာထဲ ဝင်လာပြီး လူတိုင်းကို လိုက်ခြိမ်းခြောက်တယ်။ ရွာကို ဗုံးတွေနဲ့ တိုက် ခိုက်တယ်။ အိမ်တွေကိုလည်း ဖျက်ဆီးတယ်။ ထွက်မပြေးဘဲ ရွာမှာဆက်နေတဲ့ လူတွေကို ခေါင်းဖြတ်ပစ် တယ်” ဟု မိသားစုနှင့်အတူ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသော ဆီးရီးယား ကာ့ဒ်အမျိုးသားတစ်ဦး က ပြောသည်။

ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကမူ IS အဖွဲ့နှင့် ကာ့ဒ်တပ်ဖွဲ့ဝင်များကြား တိုက်ပွဲများတွင် IS အဖွဲ့သား ၁၈ ဦးအထိ သေဆုံးခဲ့ပြီးပြီဟု ထုတ်ပြန် ကြေညာထားသည်။

ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေ အများအပြားကို သိမ်းပိုက်ပြီး အစ္စလာမ္မစ်နိုင်ငံတော် အဖြစ် ကြေညာ ထားပြီး ဓားစာခံများကို ခေါင်းဖြတ်ကွပ်မျက်မှု အများအပြား ကျူးလွန်ထားသည့် IS အဖွဲ့ကို နှိမ်နင်းရန် အတွက် ကုလသမဂ္ဂက နိုင်ငံပေါင်းစုံ ပါဝင်သော ညွန့်ပေါင်း အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားသည်။

The Voice Weekly

No comments:

Post a Comment