Monday 22 September 2014

RSO ကို တပ်ချခွင့်ပေးသော KIA သည်ကချင်ပြည်နယ်အား ဖျက်ဆီးခြင်းသာ ဖြစ်သည်


ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ထိန်းချုပ်နယ်မြေအတွင်းမှာ ဘင်္ဂါလီကုလားတွေဟာ ရိုဟင်ဂျာတပ်မတော် ထူထောင်ပြီး အခြေစိုက်ဖို့ တောင်းဆိုခဲ့စဉ်တုန်းက ဂွမ်မော်တို့က မဟုတ်ပါဘူးဆိုပြီး ဖင်ပိတ်ငြင်းခဲ့တာလေး ပြန်မြင်ယောင်မိပါသေးသည်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးမရှိဘူးဟု တစ်နိုင်ငံလုံးက လက်ခံထားသည့် တိုင်အောင် ဘင်္ဂါလီတွေဟာ ပေါ်ပေါ်တင်တင် တိုင်းရင်းသားလူမျိုးစုတစ်ခုအဖြစ်သုံးစွဲပြီး ကချင်လူမျိုးများနဲ့ တညီတညွတ်တည်းဖြစ်ကြောင်း ဒီဘင်္ဂါလီတွေရဲ့ အင်အား ဟာလည်း ကချင်လူမျိုးများရဲ့ အင်အားသာ ဖြစ်ကြောင်း ပြောဆိုခဲ့သည့်အပေါ် KIO ကလူတွေ အကျေနပ်ကြီး ကျေနပ်ကြ ပေလိမ့်မည်။


လက်ရှိတပ်မတော်နဲ့ ရင်ဆိုင်တိုက်ပွဲတွေဖြစ်ပွားပြီးကာလမှာ KIA အနေနဲ့လည်း လူ၊ လက်နက် အဆုံး အရှုံးတွေများ နေတဲ့ အချိန် ဘင်္ဂါလီတွေက ကချင်လူမျိုးများနဲ့ တစ်ညီတစ်ညွတ်တည်း အဖြစ်ရှိကြောင်း ပြောဆိုလိုက်သည်ကို KIO/KIA တို့မှာ ကြောင်ခံတွင်းပျက်နှင့် ဇရက်တောင်ပံကျိုးတို့ တွေ့ကြသည့်သဖွယ် သားရေအကျကြီးကျပေလိမ့်မည်မှာ မလွဲနိုင်ပေ။ KIO တို့ အနေဖြင့်လည်း အစိုးရကိုမကြည်ဖြူသည်နှင့်ပင် RSO လို အဖွဲ့မျိုးကို ကချင်ပြည်နယ်အတွင်း အခြေစိုက်ခွင့်ပေး၍ အစိုးရကို ပုန်ကန်မည်ဆိုပါက အရင်ဆုံး ကချင့်အရေးကို စဉ်းစားကြည့်ဖိုလိုအပ်ပါလိမ့်မည်။

မြန်မာနိုင်ငံကို အကြမ်းဖက်မှုများပြုလုပ်မည်ဟု သတင်းများထွက်ပေါ်လာချိန် KIOနှင့် ဘင်္ဂါလီလူတစ်စု တွေ့ဆုံမှုမှတ်တမ်း သည် အချိန်ကိုက်၊ အံကိုက်ဖြစ်နေပြီး KIA အနေဖြင့် ကချင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကို အဘယ့်ကြောင့် လွတ်လပ်စွာကောက်ယူခွင့် မပြုခဲ့သည်ကိုပင် ဆက်စပ်တွေးတော ကြည့် မည်ဆိုပါက ကချင့်မြေထဲတွင် ထိုဘင်္ဂါလီတပ်များ ရှိနေပြီလားဟုပင် ယူဆစရာဖြစ်လာပါသည်။

ဘင်္ဂါလီတပ်များအနေဖြင့် ကချင်မြေပေါ်မှာ အမှန်တစ်ကယ်ရှိခဲ့မည်ဆိုပါက မည်သည့်တိုင်းရင်းသားများမှ လည်း နားလည် သည်းခံပေးကြလိမ့်မည်မဟုတ်သဖြင့် KIO ခေါင်းဆောင်များအနေဖြင့်လည်း ကချင်ပြည် နယ် အရေးနှင့် ကချင်လူမျိုးအရေး တို့ကိုပါ ထည့်သွင်းတွက်ချက်ကြဖို့လိုအပ်ပါသည်။ သို့မဟုတ် ပါက KIA ဆိုသည်နှင့် ပြည်တွင်း၊ ပြည်ပနေ တိုင်းရင်းသား အားလုံးမှ အော့နှလုံးနာစရာဖြစ်လာနိုင်ပါသည်။ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်မထိုးဘဲ ပင်လုံစာချုပ်ကိုအကြောင်းပြု၍ ကချင်ပြည်နယ်အား ကိုယ်ပိုင်နိုင်ငံ သဖွယ် ဆက်လက်တောင်းဆိုနေမည်ဆိုပါကလည်း လေထဲတိုက်အိမ်ဆောက် သလိုပင် ဖြစ်နေပါ လိမ့်မည်။ ကချင်ပြည်နယ်အတွင်းတွင်ရှိသော ရှမ်းလူမျိုးများအပေါ်တွင်လည်း နှိမ့်ချဆက်ဆံ၊ ဆက်ကြေး ကောက်၊ လူသစ်စုပြုလုပ်နေသော KIO/KIA အပေါ်ကြည်ဖြူလိုလားကြလိမ့်မည်မဟုတ်သလို ပြည်ထောင်စုမြန်မာနိုင်ငံမှာလည်း ကချင်ပြည်နယ်ဟူ၍ ဘယ်သောအခါမှ ခွဲထွက်ခွင့်ပေးလိမ့်မည် မဟုတ်ပါ။

အချုပ်အားဖြင့်ဆိုသော် ဘင်္ဂါလီကုလားများအနေဖြင့် တိုင်းရင်းသားအဖွဲ့အစည်းများအပေါ် ပစ်မှတ်ထား စည်းရုံးလာခြင်း သည် အထူးသဖြင့် ကချင်ပြည်နယ်ကို ပစ်မှတ်ထား၍ ချဉ်းကပ်လာခြင်းမှာ အနောက်တံခါး တင်းကြပ်နေချိန် မြောက်များ ဆီသို့ ဦးတည်လာပြီး ၄င်းတို့၏ လုပ်ရပ်များမှာ မည်မျှယုတ်မာသော အကြံ အစည်ဖြစ်လိမ့်မည်ကို တွေးတောကြံဆ၍ပင် ရလောက်ပါသည်။ KIO အနေဖြင့်လည်း ဘင်္ဂါလီများကို လက်ခံမည်ဆိုပါက မြန်မာနိုင်ငံနှင့် ကချင်ပြည်နယ်အတွက် ကောင်းကျိုးထက်ဆိုးကျိုးကိုသာ ဖြစ်လာပါ လိမ့်မည်ဖြစ်ကြောင်း သုံးသပ်မိပါသည်။

Credit:စိုင်းအောင်ထွန်း 

No comments:

Post a Comment