Monday 22 September 2014

မောင်တောနှင့်ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ကွပ်ကဲရေးမှူးအဖွဲ့ စက်တင်ဘာ တတိယပတ်တွင်တွေ့မည်

Photo: မောင်တောနှင့်ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ကွပ်ကဲရေးမှူးအဖွဲ့ စက်တင်ဘာ တတိယပတ်တွင်တွေ့မည်
Monday, September 22, 2014

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတိုင်းမှူး ဦးဆောင်သည့် နယ်ခြားစောင့် ကွပ်ကဲရေးမှူးအဖွဲ့နှင့် မောင်တောနယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်တို့ စက်တင်ဘာ တတိယပတ်အတွင်း နယ်စပ်အရေးတွေ့ဆုံဖွယ် ရှိကြောင်း နေပြည်တော်မှ သတင်းရရှိသည်။

‘‘အသစ်ပြောင်းသွားတဲ့ စစ်တကောင်းတိုင်းမှူးက ကျွန်တော် တို့ဘက်က နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူးချုပ်နဲ့ တွေ့ဖို့ အဆိုပြုတာပါ။ ရက်အတိအကျ မပြောနိုင်သေးပေမယ့် စက်တင်ဘာ တတိယပတ်လောက် ဖြစ်နိုင်ပါတယ်’’ ဟု နေပြည်တော်ရဲဦးစီးချုပ်ရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

စက်တင်ဘာ ၂၂ ရက် (သို့ မဟုတ်) ၂၄ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ခေါင်းတုံးစခန်း ချစ်ကြည်ရေးတံတားအနီးတွင် တွေ့ဆုံဆွေးနွေးသွားဖွယ်ရှိပြီး နှစ်နိုင်ငံနယ်စပ်လုံခြုံရေးကိစ္စများအပြင် နယ်စပ်တစ်လျှောက် မှုခင်းဖြစ်စဉ်များအကြောင်းလည်း ဆွေးနွေးသွားမည်ဟု မောင်တော အခြေစိုက်အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲရေးအဖွဲ့မှ ဒုတိယရဲမှူးကြီးက ပြောသည်။

ယခုနှစ် သြဂုတ် ၃၁ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဆင့် အစည်းအဝေးကို နယ်စပ်ပြဿနာဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်။

7 Day Daily

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်နေရာ (ဓာတ်ပုံ - မောင်ကံ)
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်နေရာ (ဓာတ်ပုံ - မောင်ကံ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတိုင်းမှူး ဦးဆောင်သည့် နယ်ခြားစောင့် ကွပ်ကဲရေးမှူးအဖွဲ့နှင့် မောင်တော နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်တို့ စက်တင်ဘာ တတိယပတ်အတွင်း နယ်စပ် အရေးတွေ့ဆုံဖွယ် ရှိကြောင်း နေပြည်တော်မှ သတင်းရရှိသည်။

‘‘အသစ်ပြောင်းသွားတဲ့ စစ်တကောင်းတိုင်းမှူးက ကျွန်တော် တို့ဘက်က နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူးချုပ်နဲ့ တွေ့ဖို့ အဆိုပြုတာပါ။ ရက်အတိအကျ မပြောနိုင်သေးပေမယ့် စက်တင်ဘာ တတိယပတ်လောက် ဖြစ်နိုင်ပါတယ်’’ ဟု နေပြည်တော်ရဲဦးစီးချုပ်ရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

စက်တင်ဘာ ၂၂ ရက် (သို့ မဟုတ်) ၂၄ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ခေါင်းတုံးစခန်း ချစ်ကြည်ရေး တံတားအနီးတွင် တွေ့ဆုံဆွေးနွေးသွားဖွယ်ရှိပြီး နှစ်နိုင်ငံနယ်စပ်လုံခြုံရေးကိစ္စများအပြင် နယ်စပ် တစ်လျှောက် မှု ခင်းဖြစ်စဉ်များ အကြောင်းလည်း ဆွေးနွေးသွားမည်ဟု မောင်တော အခြေစိုက်အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲရေးအဖွဲ့မှ ဒုတိယရဲမှူးကြီးက ပြောသည်။

ယခုနှစ် သြဂုတ် ၃၁ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီးအဆင့် အစည်းအဝေးကို နယ်စပ်ပြဿနာဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် ပြုလုပ် ခဲ့သည်။

7 Day Daily

No comments:

Post a Comment