Tuesday 5 August 2014

ရန်ကုန်တွင် လမ်း၊ တံတားတည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းအတွက် ယခင်နှစ်ထက် ကျပ် ၁၅ ဘီလီယံ ပိုသုံးမည်

 
ရန်ကုန်တိုင်းဒေသကြီး အတွက် လမ်း၊ တံတား တည် ဆောက်ခြင်းနှင့် ပြန်လည်ပြုပြင် ခြင်းကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ပြီးခဲ့သည့်နှစ်က အသုံး ပြုခဲ့သည့်ငွေထက် ငွေကျပ် ၁၅ ဘီလီယံကျော် ပိုမိုအသုံးပြုသွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်သည်။၂၀၁၃-၁၄ ဘဏ္ဍာနှစ်က ငွေကျပ် ၄၀ ဘီလီယံ အသုံးပြုခဲ့ ပြီး ယခုနှစ်တွင် ကျပ် ၅၅ ဘီလီယံပိုမိုအသုံးပြုတော့မည်ဖြစ်၍ယခင်နှစ်ထက် ကျပ်၁၅ ဘီလီယံပိုများလာသည်။

ယခုနှစ်တွင် ခုံးကျော်တံ တားများ တည်ဆောက်ခြင်း၊ ရေ မြောင်းများ၊ ပလက်ဖောင်းများ၊ အိုမင်းဟောင်းနွမ်းနေသည့် တံ တားများ ပြန်လည်ပြင်ဆင်ခြင်း များနှင့် လမ်းအသစ်များ ခင်းခြင်း တို့ကို ဦးစားပေးဆောင်ရွက်သွား မည်ဖြစ်ပြီး အကြီးမားဆုံးစီမံကိန်း မှာ မြေနီကုန်း ခုံးကျော်တံတား စီမံကိန်းဖြစ်သည်။

ယခု  ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ကို တိုးမြှင့်လိုက်ခြင်းမှာ ကုန်ကျသည့် စရိတ်များ ပိုများ လာခြင်းကြောင့် ဖြစ်နိုင်ပြီး ပြီးခဲ့ သည့် ဘဏ္ဍာနှစ်က လမ်းတစ်မိုင် လျှင် စည်ပင်က ကျပ်သိန်း ၁၈၀၀ အထိ လွှတ်တော်သို့ တင်ပြလာသဖြင့် မဖြစ်နိုင်သည့် နှုန်းထားဖြစ်သောကြောင့် စာရင်းများ ပြန် လည်စိစစ်ရန် တင်ပြခဲ့ဖူးကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးကျော်က ပြောသည်။
7daydaily

No comments:

Post a Comment