
လွန်ခဲ့သည့်တစ်လခန့်က Samsung သည် ဒုတိယ သုံးလပတ် အမြတ်ငွေ ၇.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းနှင့် ၎င်းသည် ကုမ္ပဏီအတွက် သုံးကြိမ်ဆက် အမြတ်ငွေ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ တရုတ်ဈေးကွက်တွင် ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းသည် ကုမ္ပဏီ၏ အမြတ်ငွေ ကျဆင်းလာခြင်း၏ အကြောင်းအရင်းဖြစ်ကြောင်း Samsung က ဆိုခဲ့သည်။
Canalys ၏ အစီရင်ခံစာအရ Xiaomi ၏ ဒုတိယသုံးလပတ် စမတ်ဖုန်း တင်ပို့ရောင်းချမှုသည် ရှယ်ယာ ၁၄ ရာခိုင်နှုန်းဖြင့် ဈေးကွက်ကို ဦးဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ Samsung သည် Lenovo Group Limited နှင့်အတူ ဈေးကွက်ရှယ်ယာ ၁၂ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ် ဒုတိယ သုံးလပတ်က ၅ ရာခိုင်းနှုန်းသာ ရှိခဲ့သည့် Xiaomi ၏ ဈေးကွက်ရှယ်ယာသည် တစ်နှစ်ထက် တစ်နှစ် ပိုမိုမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
ယခုနှစ် ပထမ သုံးလပတ်တွင် Samsung သည် ဈေးကွက်ရှယ်ယာ ၁၈ ရာခိုင်နှုန်းဖြင့် စမတ်ဖုန်း ဈေးကွက်ကို ဦးဆောင်ခဲ့ပြီး Xiaomi က ၁၀.၇ ရာခိုင်နှုန်းနှင့် Lenovo က ၁၁ ရာခိုင်နှုန်းသာရှိခဲ့သည်။
Xiaomi သည် စွမ်းဆောင်ရည်မြင့်သည့် စမတ်ဖုန်းများကို သက်သာသည့် ဈေးနှုန်းဖြင့် ရောင်းချခဲ့သောကြောင့် ဈေးကွက်အတွင်း အကျိုးကျေးဇူးများ ရရှိလာခဲ့ခြင်းဖြစ်သည်။ Samsung ၏ စွမ်းဆောင်ရည်မြင့် Galaxy ဖုန်းများကို ဒေါ်လာ ၅၀၀ ဖြင့် ရောင်းချနေချိန်တွင် Xiaomi က နောက်ဆုံးပေါ် Mi4 စမတ်ဖုန်းကို ဒေါ်လာ ၃၂၀ ဖြင့်သာ ရောင်းချခဲ့သည်။
Ref: SlashGear
No comments:
Post a Comment