Tuesday 5 August 2014

ငွေကြေးအရှုပ်အရှင်းကြောင့် မန္တလေးပဲလောက အရောင်းအ၀ယ်အေး

မန္တလေးမြို့ ပဲဈေးကွက် တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ငွေကြေးအရှုပ်အရှင်း ဖြစ်ပွားခဲ့ ခြင်းကြောင့် အရောင်းအ၀ယ်အေးနေကြောင်း သတင်းရရှိသည်။ပြီးခဲ့သည့်ရက်ပိုင်းက ငွေကျပ်သိန်းပေါင်း နှစ်သောင်းနီးပါး ငွေကြေးအရှုပ်အရှင်းကို ဖြေ ရှင်းမပေးနိုင်၍ ပဲကုန်သည်တစ် ဦး ထွက်ပြေးတိမ်းရှောင်သွားခဲ့ သဖြင့် ကုန်သည်များမှာ သတိ ထားရောင်းဝယ်နေကြသဖြင့် ဈေး ကွက်အနေအထား အနည်းငယ် လေးနေကြောင်း မန္တလေးမြို့ခံပဲကုန်သည်အချို့က ပြောသည်။
‘‘၀ယ်မယ့်သူတွေကျတော့ လည်း အခုလို အနေအထားမှာ မလိုသေးဘူးဆိုရင် ၀ယ်မထားကြ တော့ဘူး။ ရောင်းမယ့်သူတွေက လည်း ပိုက်ဆံလက်ငင်းရှင်းမှ ရောင်းမယ်ဆိုတာမျိုးတွေ ရှိလာ တယ်’’ ဟု ပဲကုန်သည်တစ်ဦးက ပြောသည်။
ငွေကြေးအရှုပ်အရှင်းကြောင့် တိမ်းရှောင်နေသူ ကုန်သည်ထံမှ လည်း ထပ်မံဆက်သွယ်ခြင်း မရှိ သေးဘဲ ၎င်းထံမှ ငွေကြေးရရန် ရှိ၍ စာရင်းလာရောက်ပေးသွင်း သူ ၄၄ ဦး ရှိပြီဖြစ်ကြောင်း မန္တ လေးမြို့ ပွဲစားကုန်သည်စက်ပိုင် များ မဟာကထိန်တော်အသင်းမှ အတွင်းရေးမှူး ဦးကျော်သွင်က ပြောသည်။‘‘သူတို့ဘက်က ပြန်မဆက် သွယ်သေးဘူး။ စာရင်းပဲ ဆက် ကောက်ပေးနေရတယ်။ ရစရာရှိ တဲ့သူတွေ စာရင်းလာပေးဆို တော့ ကြိုရောင်းကြိုဝယ်တွေရော၊ လေ ပတ်ကားသမားတွေရော၊ လက် ငင်းရောင်းတဲ့သူတွေရော အကုန် စာရင်းလာပေးထားကြတယ်’’ ဟု အတွင်းရေးမှူးက ပြောသည်။
ငွေကြေးရရန် ရှိသူများအ နေဖြင့် တိမ်းရှောင်သွားသည့် ကုန်သည်အား တရားစွဲဆိုခြင်း များ ပြုလုပ်ခြင်းမရှိသေးဘဲ ကုန် စည်ဒိုင်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေ ကြောင်း ကုန်စည်ဒိုင်မှ ပဲကုန် သည်တစ်ဦးက ပြောသည်။

တိမ်းရှောင်နေသော ကုန် သည်က ၎င်းပိုင်ဆိုင်သည့် ကျွဲ ဆည်ကန်၊ စက်မှုမှ ဂိုဒေါင်နှင့် မြေကွက်များအား ရောင်းချကာ ရာခိုင်နှုန်းအလိုက် ပေးလျော်လို သည်ဟု အသင်းတာဝန်ရှိသူများ အား အသိပေးထားသည်။

မန္တလေး ကုန်စည်ဒိုင်တွင် ငွေကြေးအရှုပ်အရှင်းကိစ္စကြောင့် တိမ်းရှောင်မှုများ ယခင်ကလည်း ဖြစ်ပွားခဲ့ဖူးပြီး ကြိုရောင်းကြို ၀ယ်ကြောင့် အများဆုံး ဖြစ်ပွားခဲ့ ရခြင်းဖြစ်သည်။

အသင်းတာဝန်ရှိသူများကအသင်းတိုက်အတွင်း သတိပေး တားမြစ်မှုများ ပြုလုပ်နေသော် လည်း အသင်းတိုက်ပြင်ပ အခြား နေရာများတွင်ပါ ပြုလုပ်နေကြ၍ တားမြစ်ရန် အခက်အခဲတွေ့နေ ကြောင်း အသင်းတိုက် တာဝန်ရှိ သူများက ပြောသည်။
7daydaily

No comments:

Post a Comment