Tuesday 5 August 2014

လာမည့် ဘဏ္ဍာနှစ်တွင် ကျန်းမာရေး အာမခံစနစ် စတင် အကောင်အထည်ဖော်မည်

လာမည့် ဘဏ္ဍရေးနှစ်တွင် ကျန်းမာရေးနှင့် ပတ်သက်သော အလုံးစုံ အာမခံစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာအာမခံ လုပ်ငန်းမှ သတင်းရရှိသည်။ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘ၀တစ်လျှောက်မှာ ကြိုတင်ပြင်ဆင်မှုတွေမရှိတဲ့ အချိန်မှာ ဒီအာမခံစနစ်က အကျိုးရှိ လာမှာပါ။ ပြည်သူတွေကို ဘယ်လို နည်းစနစ်နဲ့ လုပ်ပေးမယ်ဆိုတာ ကတော့ လက်ရှိ တိုင်ပင် ဆွေးနွေးမှုတွေ လုပ်နေတယ် ဟု မြန်မာ့အာမခံ လုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဒေါ်လှလှမွန်က The Messenger Media သို့ ပြောသည်။ယင်းအာမခံစနစ်သည် သဘာဝအန္တရာယ် ဖြစ်ပေါ်လာသော အခါ ကျန်းမာရေး ချွတ်ယွင်းခံစားရသူများ၊ ပြည်သူများ၏ အမှားကြောင့် ဖြစ်ပေါ် လာသော ကျန်းမာရေး ဆုံးရှုံးမှုများ အတွက် အာမခံပေးသော စနစ်ဖြစ်ပြီး အဆိုပါ အာမခံစနစ် အသုံးပြုနိုင်ရန် အစီအစဉ်ရေးဆွဲမှု အတွက် ကျန်းမာရေး အာမခံစနစ်ရေးဆွဲမှု ဗဟိုကော်မတီကိုလည်း ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရသည်။
            ကျန်းမာရေးအာမခံစနစ် ဗဟိုကော်မတီကို မြန်မာဆရာဝန်များ အသင်း၊ ဆေးရုံများအသင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပုဂ္ဂလိက အာမခံကုမ္ပဏီ မှ ကိုယ်စားလှယ်နှင့် မြန်မာ အာမခံလုပ်ငန်းတို့ ပူးပေါင်းကာ ပြီးခဲ့သည့် အပတ်တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ လက်ရှိမြန်မာနိုင်ငံတွင် ကျန်းမာရေး စောင့်ရှောက်မှုအတွက် နိုင်ငံပိုင်ဆေးရုံများအပြင် ပုဂ်္ဂိကဆေးရုံအခန်း ကဏ္ဍများပြားလာပြီး အရည်အသွေးပိုင်းမြှင့်တင်လာသည့် အချိန်တွင် ယင်းအာမခံ စနစ် ပေါ်ပေါက်ပါက ပြည်သူများအပေါ် စုပေါင်းစနစ်ဆိုသော ဆေးဝါးကုသမှု ဆိုင်ရာ အကျိုးသတ်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေါ်လှလှမွန်က ပြောသည်။

            ဘယ်အာမခံစနစ်ကို မဆို ထားသင့်တယ်။ ကျန်းမာရေးအာမခံစနစ်ဆို ပိုပြီး တောင်ထားသင့်တယ် မြန်မာ့ အာမခံလုပ်ငန်း၊ မီးအာမခံဌာနမှ ဒုတိယမန်နေဂျာ ဒေါ်ဥမ္မာအေးက The Messenger Media သို့ပြောသည်။ မြန်မာ့အာမခံ လုပ်ငန်းတွင် ကျန်းမာရေး အာမခံ စနစ်ကို ၁၉၈၀ ခုနှစ်မှ သုံးနှစ်ကြာ အသုံးပြုခဲ့ပြီးလာမည့် ဘဏ္ဍာနှစ်တွင် ပြန်လည်အသုံးပြုနိုင်ရန် စီစဉ်နေခြင်း ဖြစ်သည်။
messengernewsjournal

No comments:

Post a Comment