Saturday 9 August 2014

၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေး ကုန်ဆုံးပြီးနောက် ဂါဇာက အစ္စရေးသို့ ဒုံးကျည်များဖြင့် ပစ်ခတ်

Photo: ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေး ကုန်ဆုံးပြီးနောက် ဂါဇာက အစ္စရေးသို့ ဒုံးကျည်များဖြင့် ပစ်ခတ်
Saturday, August 9, 2014

လနှင့်ချီလျက် ကြာလာပြီဖြစ်သည့် ပဋိပက္ခအတွင်း ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် ကိုင်ရိုမြို့၌ ဆွေးနွေးခဲ့ရာတွင် ပါလက်စတိုင်းအုပ်စုများက ငြင်းပယ်လိုက်ပြီးနောက် သြဂုတ် ၈ ရက်တွင် ဂါဇာစစ်သွေးကြွများက အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သို့သော် အစ္စရေးတောင်ပိုင်း၌ နေထိုင်သူများသည် ဒုံးကျည်အန္တရာယ်များမှ ကင်းဝေးရန် အကာအကွယ်များ၌ ခိုလှုံနေရပြီး ဂါဇာ၌ နေထိုင်သူများသည်လည်း အစ္စရေးတို့၏ လက်တုံ့ပြန်မှုကို စိုးရိမ်သောကြောင့် နေအိမ်များမှ စွန့်ခွာထွက်ပြေးနေရချိန်၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ထပ်မံရရှိရန် အီဂျစ်နိုင်ငံမြို့တော် ကိုင်ရိုတွင် ဆက်လက်ဆွေးနွေးနေဆဲ ဖြစ်သည်။

ဂါဇာမှ အစ္စရေးတောင်ပိုင်းသို့ ဒုံးကျည်ပေါင်း ၁၀ စင်းထက်မနည်း ပစ်ခတ်ခဲ့ပြီး ကမ်းရိုးတန်းမြို့ဖြစ်သော အက်ရှ်ကီလွန်တွင် ဒုံးကျည်တစ်စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ သို့သော် အထိအခိုက် အပျက်အစီး တစ်စုံတစ်ရာမရှိကြောင်း အစ္စရေးရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဂါဇာဒေသအတွင်းနှင့် တစ်ဝိုက်တွင် သီတင်းလေးပတ်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးသည် ဂရင်းနစ်စံတော်ချိန် ၀၅:၀၀ တွင် ပြီးဆုံးခဲ့ရာ ယင်းနောက်များ မကြာမီမှာပင် ဒုံးကျည်ပစ်ခတ်မှုများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

“အစ္စရေးက ကျွန်တော်တို့ရဲ့ တောင်းဆိုမှုတွေကို လိုက်လျောဖို့ ငြင်းဆိုခဲ့တာကြောင့် ဟားမားစ်အပါအ၀င် ပါလက်စတိုင်းအုပ်စုတွေက အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးဖို့ သဘောမတူတော့ပါဘူး။ ဒါပေမဲ့ ကိုင်ရိုမှာ ဆက်လက်စေ့စပ် ညှိနှိုင်းနေပါတယ်” ဟု ဟားမားစ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဖောဇီဘာဟမ်က ပြောကြားခဲ့သည်။

ပါလက်စတိုင်း အာဏာပိုင်တစ်ဦး၏ ပြောကြားချက်အရ ဂါဇာကို အဓိကအုပ်စိုးသော ဟားမားစ်အဖွဲ့နှင့် ပါလက်စတိုင်းမှ အုပ်စုငယ်တစ်ခုဖြစ်သော အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့တစ်ဖွဲ့တို့က အပစ်အခတ်ရပ်စဲရေးကို သဘောတူပြီးမှ အစ္စရေးတို့ ဂါဇာဒေသကို ပိတ်ဆို့ထားခြင်းနှင့် ပတ်သက်သည့် ဖော်ပြချက်၌ စကားလုံးများကို ပြောင်းလဲခဲ့သောကြောင့် ယခုကဲ့သို့ ငြင်းဆိုလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းက ဆက်လက်ပြောကြားရာတွင် ပါလက်စတိုင်းသမ္မတ မာမွတ်အဘား၏ ကိုယ်စားလှယ်တစ်ဦး ဦးဆောင်သော ပါလက်စတိုင်း ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၈ ရက် မွန်းလွဲပိုင်းတွင် ၎င်းတို့၏ ရပ်တည်ချက်ကို တင်ပြပြီးနောက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဟု ဆိုသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးခဲ့ခြင်း မရှိသော်လည်း အစိုးရအဖွဲ့ဝင်တစ်ဦးက ဒုံးကျည်ပစ်ခတ်မှုများအား ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

Ref:AFP
Eleven Media Group 

အစ္စရေးတို့ တိုက်ခိုက်လာမည်ကို စိုးရိမ်ထိတ်လန့်မှုကြောင့် ဂါဇာစီးတီးရှိ ရှီဂျေယာဒေသမှ နေအိမ်စွန့်ခွာ ထွက်ပြေးလာသော ပါလက်စတိုင်း မိသားစုများ (Photo:Anadolu)

လနှင့်ချီလျက် ကြာလာပြီဖြစ်သည့် ပဋိပက္ခအတွင်း ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို သက်တမ်း တိုးရန် ကိုင်ရိုမြို့၌ ဆွေးနွေးခဲ့ရာတွင် ပါလက်စတိုင်းအုပ်စုများက ငြင်းပယ်လိုက်ပြီးနောက် သြဂုတ် ၈ ရက် တွင် ဂါဇာစစ်သွေးကြွများက အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သို့သော် အစ္စရေးတောင်ပိုင်း၌ နေထိုင်သူများသည် ဒုံးကျည်အန္တရာယ်များမှ ကင်းဝေးရန် အကာအကွယ်များ၌ ခိုလှုံနေရပြီး ဂါဇာ၌ နေထိုင်သူများသည်လည်း အစ္စရေးတို့၏ လက်တုံ့ပြန်မှုကို စိုးရိမ်သောကြောင့် နေအိမ်များမှ စွန့်ခွာထွက်ပြေးနေရချိန်၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ထပ်မံရရှိရန် အီဂျစ်နိုင်ငံမြို့တော် ကိုင်ရိုတွင် ဆက်လက်ဆွေးနွေးနေဆဲ ဖြစ်သည်။

ဂါဇာမှ အစ္စရေးတောင်ပိုင်းသို့ ဒုံးကျည်ပေါင်း ၁၀ စင်းထက်မနည်း ပစ်ခတ်ခဲ့ပြီး ကမ်းရိုးတန်းမြို့ဖြစ်သော အက်ရှ်ကီလွန် တွင် ဒုံးကျည်တစ်စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့ သည်။ သို့သော် အထိအခိုက် အပျက်အစီး တစ်စုံတစ်ရာမရှိကြောင်း အစ္စရေးရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဂါဇာဒေသအတွင်းနှင့် တစ်ဝိုက်တွင် သီတင်းလေးပတ်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးသည် ဂရင်းနစ်စံတော်ချိန် ၀၅:၀၀ တွင် ပြီးဆုံးခဲ့ရာ ယင်းနောက်များ မကြာမီမှာပင် ဒုံးကျည်ပစ်ခတ်မှုများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

“အစ္စရေးက ကျွန်တော်တို့ရဲ့ တောင်းဆိုမှုတွေကို လိုက်လျောဖို့ ငြင်းဆိုခဲ့တာကြောင့် ဟားမားစ်အပါအ၀င် ပါလက်စတိုင်းအုပ်စုတွေက အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးဖို့ သဘောမတူတော့ပါဘူး။ ဒါပေမဲ့ ကိုင်ရိုမှာ ဆက်လက်စေ့စပ် ညှိနှိုင်းနေပါတယ်” ဟု ဟားမားစ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဖောဇီဘာဟမ်က ပြောကြားခဲ့သည်။

ပါလက်စတိုင်း အာဏာပိုင်တစ်ဦး၏ ပြောကြားချက်အရ ဂါဇာကို အဓိကအုပ်စိုးသော ဟားမားစ်အဖွဲ့နှင့် ပါလက်စတိုင်းမှ အုပ်စုငယ်တစ်ခုဖြစ်သော အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့တစ်ဖွဲ့တို့က အပစ်အခတ်ရပ်စဲရေးကို သဘောတူပြီးမှ အစ္စရေးတို့ ဂါဇာဒေသကို ပိတ်ဆို့ထားခြင်းနှင့် ပတ်သက်သည့် ဖော်ပြချက်၌ စကားလုံးများကို ပြောင်းလဲခဲ့သောကြောင့် ယခုကဲ့သို့ ငြင်းဆိုလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းက ဆက်လက်ပြောကြားရာတွင် ပါလက်စတိုင်းသမ္မတ မာမွတ်အဘား၏ ကိုယ်စားလှယ်တစ်ဦး ဦးဆောင်သော ပါလက်စတိုင်း ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၈ ရက် မွန်းလွဲပိုင်းတွင် ၎င်းတို့၏ ရပ်တည်ချက်ကို တင်ပြပြီးနောက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဟု ဆိုသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးခဲ့ခြင်း မရှိသော်လည်း အစိုးရအဖွဲ့ဝင်တစ်ဦးက ဒုံးကျည်ပစ်ခတ်မှုများအား ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

Ref:AFP
Eleven Media Group 

No comments:

Post a Comment