Saturday 9 August 2014

လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် တစ်ကိုယ်တော်ဆန္ဒပြတောင်းဆို


  လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန်အတွက် ဝတ်ဖြူစင်ကြယ်ဝတ် အမျိုးသားတစ်ဦးက ရန်ကုန်မြို့တွင်း လေးမြို့နယ်ကို လှည့်လည်၍ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့သည်။ သမ္မတဦးသိန်းစိန်၊ ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန်မှာ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသည်ဟုဆိုကာ ဝတ်ဖြူစင်ကြယ်ဝတ်ထားသော ကိုဇော်ကြီးသည် ‘‘လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး တောင်းဆိုကြ’’၊ ‘‘အာဃာတအမုန်းတရား မနာလိုဝန်တိုမှုများ ၂၀ ရာစုမှာ ချန်ထားခဲ့ပါ’’ စသော စာတန်းများပါသော ဗီနိုင်းနှစ်ချပ်ကိုထမ်း၍ ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ လမ်းမတော် စသည့် မြို့နယ်လေးမြို့နယ်ကို လှည့်လည်ကာ ယနေ့နံနက် ၉ နာရီ တွင် လမ်းလျှောက်ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။
7Day News Journal

No comments:

Post a Comment